3 Minutes To Read

အမျိုးသားညီညွှတ်ရေးအစိုးရ၏အသစ်ခန့်အပ်လိုက်သောလူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့်တွေ့ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်များ။

3 Minutes To Read
  • English
  • ဗမာစာ
  • ယခုပို့စ်သည် Tea Circle လဘက်ရည်ဝိုင်း နှင့် Columbia University ရှိ Institute for the Study of Human Rights တို့ပူးပေါင်းမှုတစိတ်တဒေသဖြစ်ပြီး ISHR မှလက်ခံကျင်းပနေသော မြန်မာနိုင်ငံဆိုင်ရာနှီးနောဖလှယ်ပွဲများမှတင်ပြချက်များကိုပြန်လည်ရေးသားမျှဝေရန်ဖြစ်ပါသည်။

    This translation features select sections from the original transcript. For the full transcript and interview, please see Tea Circle’s two-part post in English: Part 1 and Part 2.

    အပိုင်း ၁

    ခရစ္စတီနာ အဲဘာဘက်ခ် အမျိုးသားညီညွတ်ရေးအစိုးရNUG အဖွဲ့ မှာဝန်ကြီးဌာနဘယ်လိုဖွဲ့ စည်း ဖြစ်ပေါ်လာပါသလဲရှင့်။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်တို့လွတ်မြောက်လာမယ်ဆိုရင်၊ လွတ်မြောက်ပြီးကာလမှာ NUG နဲ့ဆက်ဆံရေးဘယ်လိုရှိမယ်လို့ဝန်ကြီးအနေနဲ့ယုံကြည်ပါသလဲ ဆိုတာရှင်းပြပေးနိုင်မလား။ နောက်ဆုံးအနေနဲ့အဲဒီအခြေအနေမှာ ဝန်ကြီးစိတ်ကူးထားတဲ့ မိမိရဲ့ အခန်းကဏ္ဍကရောဘယ်လိုမျိုးပါလဲ။

    ဦးအောင်မျိုးမင်း ဒါမေးခွန်းကောင်းတစ်ခုပါ။ NUG ကို ၂၀၂၀ ရွေးကောက်ပွဲမှာရွေးကောက်တင် မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ CRPH ကနေ တည်ထောင်လိုက်တာ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေအတိုင်း လွှတ်တော်ကနေအစိုးရအသစ်ဖွဲ့မှာကို တပ်ကမလိုလားခဲ့ ပါဘူး။ ဒီတော့သူတို့အတင်း ဖျာဝင်ခင်းတယ်၊ အစိုးရအသစ်မဖွဲ့ခင် သူတို့အာဏာသိမ်းတယ်။ ပထမဆုံး သူတို့လုပ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်၊သမ္မတကြီးနဲ့အခြားအစိုးရအဖွဲ့ဝင်တွေကိုဖမ်းဆီးတာပဲ။ ခုထိလည်းဒီပုဂ္ဂိုလ်တွေဖမ်းဆီးထိန်းသိမ်းခံရဆဲပါ။ ဒါပေမယ့်CRPH ကသတ္တိရှိရှိယာယီအစိုးရဖွဲ့လိုက် နိုင်တယ်။ ဒါကဥပဒေပြုရေးလုပ်ငန်းစဉ်အတွက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အသင့်ပြင်ဆင်နိုင်အောင် အုပ်ချုပ်ရေးအဖွဲ့လိုအပ်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့သမ္မတကြီးတို့ဖမ်းဆီးခံထားရတော့ သူတို့နဲ့လည်းဘယ်လိုမှဆက်သွယ်လို့မရခဲ့ဘူး။ သို့သော် CRPH ကတော့ အခုလိုတရားဝင်အစိုးရ တစ်ရပ်ကဲ့သို့ ဆောင်ရွက်တာမှန်ကန်တဲ့ လုပ်ရပ်တစ်ခုလို့တွေးတယ်၊ ဘာကြောင့်လဲဆိုတော့သူတို့က တရားဝင်ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေဖြစ်လို့၊ သူတို့မှာတရားဝင်အစိုးရ ဖွဲ့ဖို့တာဝန် နဲ့ဝတ္တရားရှိလို့ဖြစ်တယ်။ NUG ဖွဲ့စည်းချိန်မှာဒေါ်အောင်ဆန်းစုကြည်ကတိုင်ပင်ဆွေးနွေးတဲ့ထဲမှာ မပါခဲ့ဘူး၊ ဒါပေမယ့်တခြားသတင်းရင်းမြစ်တွေကနေတဆင့်ဒီအကြောင်းကိုသူကြားတယ်။ သူဘာမှ မပြောခဲ့ပါဘူး။ NUG ရဲ့ရပ်တည်ချက်အသစ်ကအရင် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီဦးဆောင်တဲ့အစိုးရ ရပ်တည်ချက်မျိုးနဲ့တော့နဲနဲကွာတယ်။ NLD ဦးဆောင်တဲ့အစိုးရကတော့ အဖွဲ့တော်တော်များများရဲ့ထောက်ခံချက်ရထားတယ် – ဘာကြောင့်ဆိုတော့တပါတီတည်းက စိုးမိုးထားတဲ့အစိုးရကိုး။ နောက်ဝန်ကြီးနဲ့ဒုဝန်ကြီးတွေကလည်း NLD ထောက်ခံသူအများစုနဲ့ သမ္မတကခန့်ခဲ့တာတွေ ဖြစ်တယ်။ CRPH ကတော့ ပိုကောင်းမွန်တဲ့၊ ပိုပြီးမတူကွဲပြားတဲ့ NUG ကိုဖော်ဆောင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ပါဝင်မှုဆိုတာအရေးကြီးတယ်။ လူတွေကအဲဒါကိုမြင်တွေ့ ချင်ကြတာ။ အစိုးရအဖွဲ့အသစ်မှာမတူကွဲပြားတာတွေ၊ တိုင်းရင်းသားပေါင်းစုံကိုယ်စားပြုမှု တွေပိုဖြစ်သင့်တယ်။ ဒါအတိတ်ကနေရလိုက်တဲ့ကျွန်တော်တို့အတွက်သင်ခန်းစာပဲ။ မြန်မာနိုင်ငံ ဆိုတာမတူကွဲပြားမှုတွေများတဲ့နိုင်ငံလို့လူသိထင်ရှားတာပါ။ မတူကွဲပြားတယ်ဆိုတာကျွန်တော် ဆိုလိုတာကတိုင်းရင်းသားလူမျိုးစုတွေ၊ ယုံကြည်ကိုးကွယ်တဲ့ဘာသာတွေ၊ လူမှုရေးအဆင့်အတန်း တွေမတူကွဲပြားတာကိုပြောတာပါ။ အတိတ်ကိုသင်ခန်းစာအနေနဲ့ယူမယ်ဆိုရင် တပါတီကပဲစိုးမိုးထားတဲ့နိုင်ငံရေးဖြစ်ပြီးတိုင်းရင်းသားပါတီတွေအနေနဲ့ဘာမှတက်တက်ကြွကြွပါဝင်ခြင်းမရှိခဲ့တာတွေ့ရမယ်။ ဒါကြောင့် CRPH အနေနဲ့နိုင်ငံရေး နယ်ပယ်က မဟုတ်တဲ့သူတွေ၊ NLDပါတီဝင်မဟုတ်သူတွေနဲ့ အစိုးရသစ်ကိုဖွဲ့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ထောက်ခံမှု့ရှိတဲ့တိုင်းရင်း သားလူမျိုးစုနောက်ခံနဲ့ပုဂ္ဂိုလ်တွေရဲ့ကိုယ်စားပြုမှု့၊ အမျိုးသမီးပါဝင်မှု့၊ နောက်ပြီး Gen Z တွေရဲ့ပါဝင်မှု့ ကိုပါ CRPH က လိုချင်ခဲ့ပါတယ်။ဒီနွေဦးတော်လှန်ရေးမှာ GenZ တွေအများကြီး ရှေ့တန်းမှာပါဝင်ခဲ့ ပါတယ်။ ဒီတော့အစိုးရအဖွဲ့မှာခေါင်းဆောင်တွေ၊ လူငယ်မျိုးဆက်တွေရဲ့ကိုယ်စားပြုမှုပါဝင်သင့်သလို မူဝါဒကောင်းတွေလည်းချမှတ်နိုင်ပါမယ်။ကြည့်လေ၊ ကျွန်တော်ဆိုရင် လိင်တူချစ်သူပါလို့တိုင်းပြည်မှာ ပွင့်ပွင့်လင်းလင်းအားလုံးအသိပဲ။ ကျွန်တော်လည်းNUG ရဲ့အဖွဲ့ဝင်တစ်ဦးအနေနဲ့ပါဝင်နေတာလေ။ ဒါကောင်းတာပေါ့။ ဒါဟာအင်မတန်မတူကွဲပြားပြီး ယဉ်ကျေးမှုတွေစုံလင်တဲ့အစိုးရပေါ့။ ဒါကျွန်တော် တို့ရခဲ့တဲ့သင်ခန်းစာပဲ။ နောက်ထပ်အမှားတွေထပ်မလုပ်မိအောင်၊ အရပ်ဖက်အဖွဲ့အစည်းကထောက်ခံ ချက်တွေရအောင်ကြိုးစားနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်လည်းလက်ခံလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီလိုပြောရတာကလည်း မတူကွဲပြားမှု့ကိုလေးစားတယ်ဆိုတာလူ့အခွင့်အရေးရဲ့အခြေခံပဲ လို့သူအမြဲပြောလေ့ရှိတယ်။ တိုင်းရင်းသားကိစ္စတွေကတော့အရေးကြီးတယ်။ အထူးသဖြင့်ခုလို အချိန်မျိုးမှာပေါ့၊ ဘာကြောင့်လဲဆိုတော့တိုင်းပြည်က ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကိုတည်ဆောက် နေလို့ဖြစ်ပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ်မပါပဲနဲ့ သို့မဟုတ် အစိုးရအဖွဲ့မှာ တခြားမတူကွဲပြား တဲ့သူတွေမပါပဲနဲ့တော့ဒါကအဓိပ္ဗါယ်ရှိမှာမဟုတ်ဘူး။ အရင်ကဒေါ်အောင်ဆန်းစုကြည် ချမှတ်ခဲ့တဲ့ လမ်းညွှန်ချက်တွေ၊ ပြောခဲ့တဲ့အဆိုအမိန့်တွေနဲ့လည်းတသားထဲပဲ။ ဒီတော့သူနဲ့တိုက်ရိုက်ဆက်သွယ် ပြောဆိုတာ၊ တိုင်ပင်ညှိနှိုင်းတာမရှိပေမယ့်သူ့အနေနဲ့ကျေနပ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။

     အစိုးရအသစ်မှာ တိုင်းရင်းသားလူမျိုးစုတွေအများအပြားပါဝင်တာ၊ မျိုးဆက်သစ်တွေပါဝင်တာထက် ကျွန်တော်တို့ရဲ့အနာဂါတ်စီမံကိန်းတွေကိုသူမအနေနဲ့ပိုစိတ်ဝင်စားမယ်သိချင်မယ်ထင်တယ်။ ကျွန်တော် တို့ရဲ့အခြေခံဥပဒေမူကြမ်းကဘယ်လိုမျိုးလဲ။ ကျွန်တော်တို့ရဲ့အစိုးရအဖွဲ့အသစ်ကဘယ်လိုမျိုးပုံစံ ဖြစ်မလဲ။ ဥပမာ – လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဆိုတာမြန်မာနိုင်ငံသမိုင်းမှာပထမဆုံးပေါ်ပေါက်လာတဲ့ဝန်ကြီးဌာနပေါ့ဗျာ။ ထိုနည်းတူစွာပဲဖယ်ဒရယ်ရေးရာဝန်ကြီးဌာနဆိုလည်းအသစ်ပဲ။ ဒီတော့ကျွန်တော်တို့ရဲ့ လုပ်ငန်းတာဝန်၊ အနာဂါတ်ရည်မှန်းချက်နဲ့ အစီအစဉ်တွေကိုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်စိတ်ဝင်စားမယ် သိချင်လိမ့်မယ်လို့ထင်တယ်။ သူ့ကိုရှင်းပြပီးလက်ရှိအခြေအနေ ကိုသိအောင်လုပ်ပေးဖို့လိုတယ်။ဒါပေမယ့်လည်း ကျွန်တော်တို့နဲ့တိုက်ရိုက်ဆက်သွယ်ပြောဆိုတာမရှိတောင် ကျွန်တော်တို့လုပ်ငန်းတာဝန်တွေ၊အနာဂါတ်မျှော်မှန်းချက်တွေကတော့အတူတူပါပဲ။

    အခုအစိုးရက တော်လှန်ရေးကာလအတွင်းယာယီအစိုးရဖြစ်ပါတယ်။ ဒါပေမယ့်လုပ်ပိုင်ခွင့်ခွင် ပိုကျယ်လာတဲ့အခါ၊ တခြားခေါင်းဆောင်တွေနဲ့ပိုမိုဆွေးနွေးတိုင်ပင်ပြီးပိုကောင်းမွန်တဲ့အစိုးရဖြစ် အောင်ဆောင်ရွက်သွားပါမယ်။

    ဘဲန် ဖလဲမင်း – ဒီကနေတဆက်ထဲ CDM အကြောင်းဆက်သွားလိုက်ရအောင်။ အခုအာဏာသိမ်း စစ်အုပ်စုရှံးနိမ့်မလား၊ဘယ်တော့ရှုံးနိမ့်မယ်လို့ ဝန်ကြီးထင်ပါသလဲ။ အမျိုးသားရင်ကြားစေ့ရေး ကဘယ်ပုံစံဖြစ်မလဲ၊ တပ်မတော်ကိုဘယ်လိုပြန်လည်ပေါင်းစပ်မလဲ၊ ပေါင်းစပ်မယ်ဆိုရင်လည်း ပြစ်မှု့ဆိုင်ရာကျင့်ထုံးတွေလိုအပ်လာမလား ဒါပေမယ့် CDM ဆက်လုပ်နေကြသူတွေ၊ လုပ်ငန်းခွင် ပြန်ဝင်နေသူတွေ၊ CDM မှာလုံးဝမပါဝင်သူတွေဆီကကျွန်တော်တို့သတင်းစကားတွေအများ ကြီးရနေတယ်။ တစ်ယောက်နဲ့တစ်ယောက်အချင်းချင်းဆက်ဆံရေးတွေပျက်ပြားသွားပီ၊ တချို့ဖြစ်ရပ်တွေမှာဆိုရင်ဘယ်တော့မှအကောင်းအတိုင်းပြန်မဖြစ်နိုင်တော့ဘူးလို့ပြောတာ ကျွန်တော်တို့ကြားတယ်။ CDM ဆက်လုပ်နေသူတွေ၊ မလုပ်တော့ပဲထွက်လိုက်သူတွေ၊ တိုင်းပြည်

    ကိုစည်းလုံးညီညွတ်ဖို့ စစ်အာဏာရှင်ကိုတွန်းလှန်ဖို့လုံးဝအယုံအကြည်မရှိတဲ့သူတွေကိုဝန်ကြီး

    အနေ နဲ့ဘယ်လိုများပြောချင်ပါသလဲ။

    ဦးအောင်မျိုးမင်း – CDM, Non-CDM နဲ့ အရင်က CDM ဖြစ်ဖူးသူတွေကိုဘယ်လိုကိုင်တွယ်ဆက်ဆံ မလဲ၊ ကောင်းတဲ့အချက်ပဲ။ ဒီကိစ္စကိုကျွန်တော်တို့လည်းဆွေးနွေးနေတာပါ။ CDM ဆက်လုပ်မယ်လို့ သံဓိဌာန်ချထားတဲ့သူတွေကို NUG ကထောက်ပံ့နေပါတယ်။ ငွေကြေးအနေနဲ့ နိုင်ငံတကာကလှူဒါန်း ငွေကိုပြည်ပရောက်မြန်မာများရဲ့အကူအညီကနေတဆင့်သူတို့ကို အတတ်နိုင်ဆုံးပမာဏကျွန်တော် တို့ပေးနေပါတယ်။ ပိုက်ဆံကတော့သိပ်မများပါဘူး။ ငွေထက်ဒီလှုပ်ရှားမှုမှာသူတို့ရဲ့ပါဝင်မှုကို အသိ အမှတ်ပြုတာ၊စိတ်ဓါတ်ခွန်အားပေးတာဖြစ်ပါတယ်။ CDM မှာပါဝင်တဲ့တနိုင်ငံလုံးကတစ်ဦးချင်း တစ်ယောက်ချင်းကိုတော့ ကျွန်တော်တို့လက်လှမ်းမမှီနိုင်ပါဘူး။ ဆက်သွယ်ရတာအရမ်းခက်ပါတယ်။ CDMကိုထောက်ပံ့တာကိုလည်းပြစ်မှုလို့စစ်တပ်ကသဘောထားပါတယ်။ တခါတလေ တစ်ဦးချင်းစီရဲ့ကိုယ်ရေးအချက်အလက်တွေကိုမသိပါဘူး ဒါပေမယ့် ဘာပဲဖြစ်ဖြစ် CDM

    လှုပ်ရှားမှု့မှာပါဝင်တာကို တန်ဖိုးထားတဲ့ အထိမ်းအမှတ်လေးအနေနဲ့ပေးတာပါ။

    ဒုတိယအချက်အနေနဲ့ အခုရက်၁၀၀ရှိလာပြီဆိုတာကျွန်တော်တို့နားလည်ပါတယ်။ CDM

    လုပ်ရတာတချို့တွေအတွက်အရမ်းခက်ခဲနေပါတယ်။ သူတို့မိသားတစ်စုလုံးအစိုးရအလုပ် ကနေထုတ်ခံလိုက်ရတယ်၊ နေစရာအိမ်၊ အလုပ်၊ လခတွေဆုံးရှုံးလိုက်ရတယ်။ သားသမီးတွေ သက်ကြီးရွယ်အိုတွေကိုထောက်ပံ့ရတယ်။ လူသားခြင်းစာနာမှုရှု့ထောင့်၊ လူသားခြင်းစာနာမှု့ဖက်ကဆင်ခြင်ပြီးလူတစ်ယောက်ဟာသူ့တဘဝလုံး စွန့်လွှတ်အနစ်နာခံပြီးဘယ်တော့မှ ၁၀၀%သံဓိဌာန်မပျက်၊ ကတိမတည်နိုင်ဘူးဆိုတာကျွန်တော်တို့နားလည်တယ်။ အဲလို ဖြစ်တာပဲ၊ ဒါကြောင့်ကျွန်တော်တို့နားလည်ပါတယ်။ ခြံစည်းရိုးပေါ်နှစ်ဖက်ခွမထိုင်သရွေ့ – ဥပမာ-တခြားဘယ်သူCDM လုပ်နေပါတယ်ဆိုတာကိုသတင်းပေးတာမျိုး၊ သတင်းပို့တာ၊ တခြားCDM တွေကိုအတင်းအဓမ္မအိမ်ပြန်ခိုင်းတာမျိုးမလုပ်ရင်ပြီးတာပါပဲ။ CDM လုပ်တဲ့ဝန်ထမ်းကိုအကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့သူတွေရှိတယ်။ ဒီလိုလုပ်ရပ်တွေကို ကျွန်တော်တို့ မှတ်တမ်းလုပ်ပြီးစာရင်းပြုစုနေတယ်။ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာနတွေကလည်းစာရင်းပြုစုနေပါတယ်။ အဲဒီလိုလူတွေ အစိုးရအလုပ် ကနေ NUG ဖက်ကထုတ်ပစ်တာခံရနိုင်ပါတယ်။ ဘယ်သူ့ကိုမှသတ်ဖြတ်တာ မတော်မတရားပြုကျင့် တာအားမပေးပါဘူး။ ကျွန်တော်တို့နဲ့အတွေးအခေါ်မတူတာ၊ ကျွန်တော်တို့ ဘက်သားမဟုတ်တာ တောင်မှလူ့ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့လိုပါတယ်။ CDM လှုပ်ရှားမှု့ဆက်လုပ်နေသေးသူတွေကိုတော့ သူတို့အလုပ်ပြန်ရရှိရေး၊ နစ်နာကြေးရရေး၊ လျော်ကြေးပြန်ရရေးတွေကိုအနာဂါတ်မှာ ပြန်လျော်ပေးဖို့ ကျွန်တော်တို့ကတိပြုနိုင်ပါတယ်။ ဒါမှသူတို့တွေလုံခြုံမှု့ရှိမယ်သူတို့အလုပ်တွေလည်းပြန်ရမှာဖြစ် ပါတယ်။ ဒီလိုလူတွေကို တနည်းနည်းနဲ့အသိအမှတ်ပြုပေးပါမယ်။ CDM လှုပ်ရှားမှု့ကိုရှေ့ဆုံးက ဆန့်ကျင်နေသူတွေကိုတော့ ကျွန်တော်တို့တကယ့်ကိုမေ့ထားလို့မရပါဘူး။ အရေးယူမှုတစ်ခုခု ရှိသင့်ပါတယ်။ ဥပဒေအရအရေးယူတာကိုဆိုလိုတာမဟုတ်ပါဘူး၊ လှူမှုရေးအရအရေးယူတာလည်း ဟုတ်ချင်မှဟုတ်မယ် ဒါပေမယ့်အစိုးရအနေနဲ့ အရေးယူတာမျိုးပါ

    အပိုင်း ၂

    ခရစ္စတီနာ အဲဘာဘက်ခ် – ကျေးဇူးတင်ပါတယ်၊ နိုင်ငံတကာအသိုင်းအဝိုင်း နဲ့သက်ဆိုင်တဲ့၊ ပိုတိတိကျကျပြောရရင်တော့ အပြည်ပြည်ဆိုင်ရာပြစ်မှု့ဆိုင်ရာတရားရုံး (International Criminal Court) နဲ့ပတ်သက်တဲ့ ကြိုတင်ရထားတဲ့မေးခွန်း တချို့သို့မဟုတ် Chat ထဲမှာပို့ထားတဲ့မေးခွန်း ၁ခု၂ခုရှိပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းလို့ဆိုရာမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊အာဆီယံ၊ နိုင်ငံတစ်ခုချင်းအလိုက် မြန်မာပြည်ရဲ့အခြေအနေကို တုန့်ပြန်တာမှာလုံလောက်တဲ့အရေးယူဆောင်ရွက်မှုမရှိဘူး ဆိုတာ ကနေစပြီးပြောပါမယ်။ ဒီတော့  မေးခွန်းတွေထဲကတစ်ခုက ဒီလိုရှေ့ဆက်လည်ပတ်နေတဲ့ယန္တရားကို NUG အနေနဲ့ ကိုင်တွယ်လုပ်ဆောင်နေတာတွေအပေါ်ဝန်ကြီးဘယ်လိုမြင်ပါသလဲ။ တရုတ်နဲ့အထူးသဖြင့်ဆိုင်တဲ့မေးခွန်း၊ တရုတ်ရဲ့အခန်းကဏ္ဍတို့ကို မေးတဲ့မေးခွန်းလည်းရှိပါတယ်။ စစ်အာဏာသိမ်းအဖွဲ့ကိုပိတ်ဆို့ ဒဏ်ခတ်မှုတွေလုပ်ဖို့ဝန်ကြီး တို့တောင်းဆိုနေတာတွေဆောင်ရွက်နေတာတွေကျမသိပါတယ်၊ ဒါပေမယ့် ပိတ်ဆို့ဒဏ်ခတ်တာအပြင်နိုင်ငံတကာ အသိုင်းအဝိုင်းကဘာလုပ်နေတာတွေ့ပါသလဲ။ ဒုတိယမေးခွန်းကလည်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အခန်းကဏ္ဍနဲ့ဆက်နွယ်ပါတယ်၊ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ လှုပ်ရှားမှုကိုထောက်ခံချင်တဲ့တစ်ဦး၊ တစ်ဖွဲ့အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေဘာတွေ လုပ်ဆောင်နိုင်တယ်လို့မြင်ပါသလဲ၊ ဝန်ကြီးအနေနဲ့သူတို့ဘာတွေဆောင်ရွက်နေတာကိုမြင်ချင်ပါသလဲ။

    ဦးအောင်မျိုးမင်း – ကောင်းပါပြီ နိုင်ငံတကာမျက်နှာစာမှာတော့ ဘာပဲပြောပြောကျွန်တော်တို့ကို ထောက်ခံမှုခိုင်မာအားကောင်းတဲ့တိုင်းပြည်တွေရှိပါတယ်။ ပြစ်တင်ရှုံချမှု့အလုပ်နိုင်ဆုံးတိုင်းပြည်တွေ ဖြစ်ပါတယ်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေလွှတ်ပေးဖို့အကြမ်းဖက်မှု့တွေ ရပ်တန့်ဖို့တောင်းဆို ပေးကြပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်တွေဟာအလွန်ချစ်ကြည်ရင်းနှီးတဲ့တိုင်းပြည်တွေဖြစ်ပါတယ်။

    အခြားနိုင်ငံတွေအနေနဲ့အဲသည်လောက် ခိုင်မာအားမကောင်းပေမယ့် ငြိမ်းချမ်းစွာစကားဝိုင်းဆွေးနွေးဖို့ တောင်းဆိုတာထောက်ခံတာတွေရှိပါတယ်။ ဒီတော့ကျွန်တော်တို့မတူညီတဲ့အတိုင်းအတာတွေနဲ့ ကတိကဝတ်ရှိတယ်ပေါ့ဗျာ။ တဖက်မှာလည်းတရုတ်ကခင်ဗျားတို့သိတဲ့အတိုင်းစစ်တပ်ကိုအမြဲ ကာကွယ်ပေးနေသူလေ။ ဒီလိုမျိုးကနှစ်ပေါင်းချီနေပြီ၊ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ သူတို့အကျိုးစီးပွားရှိလို့ပဲ။ တဖက်ကအိန္ဒိယကလည်းတရုတ်နဲ့မြန်မာ ဆက်ဆံရေးကိုစောင့်ကြည့် နေတယ်၊ အကောင်းအဆိုးတွက်ဆနေတယ်၊ သူတို့နှစ်နိုင်ငံက ဒေသတွင်းမှာအကောင်ကြီးတွေဆိုတော့မြန်မာကအဲဒီနှစ်နိုင်ငံကြားမှာညပ်နေတယ်။ သူတို့က အပြန်အလှန် စစ်ဆေးထိန်းညှိသွားဖို့ စဉ်းစားနေကြတယ်။ အာဆီယံရဲ့ကဏ္ဍလည်းအရင်ကထက်ပိုပွင့်ပွင့်လင်းလင်းရှိလာပြီ၊ အရင်ကဆိုရင် မြန်မာနိုင်ငံကအရေးကိစ္စတွေကိုဒေသတွင်းအရေးကိစ္စလို့ဘယ်တုန်းကမှထည့်သွင်းမစဉ်းစားခဲ့ဘူး၊ ပြည်တွင်းအရေးလို့ပဲပြောတယ်။ ဒါပေမယ့်ဘာပဲပြောပြောအစည်းအဝေးကျင်းပခဲ့တယ် မြန်မာနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ စစ်တပ်ကလိုက်နာရမယ့် အကြံပြုချက် ၅ချက် ချမှတ်ခဲ့တယ်။ စစ်တပ်ကတော့ အဲဒီအကြံပြုချက်တွေမလိုက်နာခဲ့ပါဘူး၊ မအောင်မြင်ဘူးလို့ပြောလို့ရတာပေါ့၊ သို့သော် မြန်မာစစ်တပ်ကိုမထောက်ခံဘူးဆိုတာကပဲတော်လှပီ။ အဲဒါအဓိကပဲ။

    တခြားဗျူဟာတွေနဲ့ပတ်သက်လို့တော့ကျွန်တော်တို့အနေနဲ့ဆုပေးဒဏ်ပေးချဉ်းကပ်နည်းမျိုးရှိသင့်တယ်။ ဆုပေးတယ်ဆိုတာ စစ်အာဏာသိမ်းအုပ်စုအနေနဲ့ကိုယ့်စကားနားထောင်မယ်၊ ဟုတ်ကဲ့ပါလို့ပြောတာ သို့မဟုတ် ယဉ်ယဉ်ကျေးကျေးနဲ့အကြံပြုချက်တွေလိုက်နာမယ်ဆိုတာ ဖြစ်နိုင်ချေအရမ်းနဲတယ်၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်တော်များများနဲ့လူတွေကအကြမ်းဖက်မှု တွေရပ်ပါပြောခဲ့လည်းသူတို့ကဆက်လုပ်နေတာပဲ။ ဆုပေးတဲ့ နည်းတမျိုးကတော့ NUG နဲ့စကားဝိုင်း ဆွေးနွေးပြီးစစ်တပ်နဲ့တခြားပါဝင်ပတ်သက်သူတွေအားလုံးကိုပါဝင်စေမယ်၊ အဖြေရှာကြမယ်၊ ဒါဘာနဲ့တူလဲဆိုတော့ဇတ်သိမ်းကောင်းတဲ့ ဇတ်လမ်းတစ်ပုဒ်လိုပေါ့၊ ကျွန်တော်တို့နောက်ဆုံးမှာ ပျော်ရွှင်စွာဇတ်သိမ်းတာမျိုးမြင်ချင်ပါတယ်။ အခုပြောတာကဗျူဟာတစ်ခုပေါ့လေ။ ဒုတိယဗျူဟာကတော့ဒဏ်ပေးတဲ့အမျိုးအစားထဲမှာပါတယ်။ပြစ်တင်ရှုံ့ချတာတွေ နဲ့သီးသန့်ရွေးပြီးပိတ်ဆို့ဒဏ်ခတ်တာအပါအဝင်အရေးယူတာတွေ၊ ပိတ်ပင်ချက်(သင်္ဘောဝင်ထွက်ခွင့်၊ ကုန်သွယ်ခွင့်၊ လက်နက်တင်သွင်းခွင့် စသည်)တွေ၊ တာဝန်ခံမှုကိစ္စတွေ အားလုံးကို နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားစီရင်ရေး မှာ စာရင်းထည့်လိုက်တာပဲ။ ဒါတွေကကျွန်တော်တို့လုပ်နိုင်တဲ့အရာတွေဖြစ်တယ်။

    ကျွန်တော်တို့လိုအပ်နေတာက နိုင်ငံတွေအနေနဲ့ NUG ကိုတရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရေး ပဲဖြစ်ပါတယ်။ ပြည်သူလူထုဆီကထောက်ခံမှုလည်းရထားတယ်၊ CRPHကနေလုပ်ပိုင်ခွင့်လည်း ရထားတယ်၊ ကျွန်တော်ပြောမယ်ဗျာ၊ ဒါပေမယ့်တခြားနိုင်ငံတွေကတရားဝင်အစိုးရအနေနဲ့အသိအမှတ် ပြုခံရဖို့ ကျွန်တော်တို့တကယ်ကြိုးစားဖို့လိုတယ်။ ကျွန်တော်တို့ဆီမှာစာနာသနားမှု့နဲ့ထောက်ခံမှု တွေရထားပြီ၊ သို့သော်အစိုးရတရပ်အနေနဲ့တော့မဟုတ်သေးဘူး။ ဒီတော့ NUG ကိုတရားဝင်အစိုးရ အဖြစ်အသိအမှတ်ပြုဖို့နဲ့ညှိနှိုင်းဆောင်ရွက်ပြီး အကူအညီပေးဖို့- ဥပမာ လူသားချင်းစာနာမှုအကူအညီ သို့မဟုတ် ပညာရေးဆိုင်ရာအခြားထောက်ပံ့မှု့တွေမျိုးမှာကျွန်တော်တို့အတူတကွလုပ်ကိုင် ဆောင်ရွက် နိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ဆွေးနွေးဖို့လိုတဲ့ အရင်အစိုးရလက်ထက်ကထိရှိလွယ် တဲ့ရိုဟင်ဂျာကိစ္စလိုမျိုး ပြဿနာတွေအပါအဝင်တခြားပြဿနာတွေကျွန်တော်တို့မှာရှိသေးတယ်။

    ကျွန်တော်တို့ရှင်းလင်းတဲ့မုူဝါဒကြေငြာစာတမ်းလိုတယ်။ အစိုးရသစ်ဟာ ရိုဟင်ဂျာအတွက်ရှင်းလင်းတဲ့မူဝါဒတစ်ရပ်ရှိရမယ်။ ဒီမူဝါဒမျိုးကို ဘယ်လိုလက်ခံစေမလဲ၊ လေးစားစေမလဲ၊ အကောင်အထည် ဖော်မလဲ ဆိုတာလည်းရှင်းပြရမယ်။ ဒီလုပ်ငန်းစဉ်ကလည်းအရေးကြီးပါတယ်။ အခုလောလောဆယ်  မှာတော့ ကျွန်တော်တို့ဝန်ကြီးဌာနက ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ရပ်တည်ချက်မူကြမ်း ကို ပြင်ဆင်နေပါတယ်။ ဒီမှာနယ်ပယ် ၃ခုရှိပါတယ်။

    ( ၁) က  သူတို့ရဲ့မည်သူမည်ဝါဖြစ်တည်မှု အခွင့်အရေးကို ငြင်းပယ်ထားခဲ့တဲ့ အရင်အစိုးရနဲ့မတူပဲ ရိုဟင်ဂျာကိုရိုဟင်ဂျာလို့ခေါ်နိုင်ရေး။ အမည်အရရောအခေါ်အဝေါ်အရပါ ရိုဟင်ဂျာတွေကိုအသိ အမှတ်ပြုဖို့ကျွန်တော်တို့ကတိပေးပါတယ်။

    (ဒုတိယ) ရိုဟင်ဂျာအပါအဝင်- မည်သူမျှ မိမိတို့ ပြည်သူများ ရပိုင်ခွင့် အခွင့်အရေးကိုကျူးလွန်ဖောက်ဖျက်ခံရခြင်းမရှိစေရ။ဖမ်းဆီးခြင်း၊ညှင်းပန်းနှိပ်စက်ခြင်း၊အတင်းအဓမ္မရွှေ့ပြောင်းနေထိုင်စေခြင်း၊လိင်အကြမ်းဖက်ခြင်း၊တို့ကျူးလွန်ခြင်းမခံစေရ။ ဒီအခွင့်အရေးတွေမှာအခြားသူများလို ရိုဟင်ဂျာတွေအတွက်လည်းကာကွယ်ပြီးသားဖြစ်ပါတယ်။

    (တတိယ)ရခိုင်ပြည်နယ် အရေးကိစ္စမှာ စေ့စပ်ညှိနှိုင်း ရေးအတွက် ကိုဖီအာနန်ကော်မရှင်အဖွဲ့ရဲ့အကြံပြုချက်တွေကိုရှင်းရှင်းလင်းလင်းအကောင်အထည်ဖော်ချင်ပါတယ်။

    ဒီအကြံပြုချက်တွေဟာကောင်းမွန်တဲ့အဖြေရှာနည်းဆိုတာကျွန်တော်တို့အသိအမှတ်ပြုပါတယ်။ အကောင်အထည်ဖော်ဖို့လုပ်ငန်းစဉ်ကိုချမှတ်ပါမယ်။ ဒါပေမယ့်ဒီအကြံပြုချက်တွေကလွန်ခဲ့တဲ့၄နှစ်လောက်၂၀၁၇ ခုနှစ်ကပေးခဲ့တဲ့အကြံပြုချက်တွေဖြစ်ပါတယ်။ ရိုဟင်ဂျာပြည်သူတွေနဲ့ ညှိနှိုင်းတိုင်ပင်ခြင်းတွေကနေတဆင့်အခြားအချက်တွေကိုထည့်သွင်းစဉ်းစားပြီးနောက်ထပ် အခြေအနေကိုစိစစ်လေ့လာခြင်းပြုလုပ်ရပါမယ်။ ရခိုင်ပြည်နယ်ကပြည်သူတွေ၊ အမျိုးမျိုးသော အဖွဲ့တွေ ၊ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ ရိုဟင်ဂျာတွေနဲ့ဒုက္ခသည်စခန်းကဒုက္ခသည်တွေနဲ့ တောင်တွေ့ပြီးသူတို့ဆီကအကြံဉာဏ်ရဖို့စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ နောက်သီတင်း ၂ပါတ်အတွင်းကျွန်တော်တို့ရဲ့ရိုဟင်ဂျာဆိုင်ရာရှင်းလင်းတဲ့မူဝါဒကိုထုတ်ပြန်နိုင်မယ်လို့ကျွန်တော် ကတိပေးပါတယ်။ ဒီအပေါ်မှာလည်း ရိုဟင်ဂျာတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ နိုင်ငံတကာစံချိန် စံညွှန်းအတိုင်းကိုက်ညီဖို့ နဲ့ရိုဟင်ဂျာလူမျိုးတွေရဲ့ဂုဏ်သိက္ခာနဲ့အခွင့်အရေးတွေကိုထိန်းသိမ်းဖို့ ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ်လို့ပြောပါမယ်။

    ဘဲန်ဖလဲမင်း – မျိုး ၊ဒါနဲ့ပတ်သက်လို့ပရိသတ်ထဲက မေးခွန်းတစ်ခု ကျွန်တော်ကြားဖြတ် ဝင်မေးလို့ ရမလား၊ NUG က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းဖို့  အခြေခံဥပဒေအသစ် ရေးဆွဲမယ်လို့ အတိအလင်း ပြောထားတာ ကျွန်တော်တို့ သိပါတယ်။ ၁၉ ၈၂ နိုင်ငံသားဥပဒေ အပေါ် NUG ရဲ့အနေ အထားကို ပရိတ်သတ်ထဲကမေးခွန်းတစ်ခုရှိပါတယ်။NUG ပြုပြင်ပြောင်းလဲရေးလုပ်ချင်တဲ့အထဲမှာ ဒါလည်းပါလား၊ ပြန်ပြင်ရေးဆွဲမှာလား၊ နောက်ထပ်မေးခွန်းတစ်ခုခပ်မြန်မြန်မေးလိုက်ပါမယ် အဲဒါကတော့ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တွေဘယ်တော့ကြေငြာမှာလဲ။

    ဦးအောင်မျိုးမင်း – ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တိုပြန်လည်သုံးသပ်နေပါတယ်၊ ပြည်သူလူထုနဲ့ သက်ဆိုင်ရာတွေနဲ့တိုင်ပင်ဆွေးနွေးနေပါတယ်။အကြံပြုချက်တွေထဲကတစ်ခုကတော့ ၁၉၈၂ နိုင်ငံသားဥပဒေပါ။ ကျွန်တော်လေ့လာပြီးပါပြီ အလွတ်တောင်ရွတ်ပြနိုင်ပါတယ်၊ တကယ်ပါ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလူ့အခွင့်အရေးလှုပ်ရှားသူဖြစ်တယ်လေ၊ အရင်က ကျက်မှတ်ထားတာတွေပြန်အသုံးဝင်တယ်။ ကျွန်တော့်အမြင်အရ ၁၉၈၂နိုင်ငံသားဥပဒေက ခွဲခြားဆက်ဆံမှုတွေသိပ်များတယ်။ တိုင်းရင်းသားဖြစ်မှုအပေါ်အခြေခံတယ်။ ဦးနေဝင်းက တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးကိုအခြေခံပြီးဆွဲခဲ့တာဆိုတော့အဲဒီကတည်းကချို့ယွင်းချက် တွေရှိနေပြီ။ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့တခြားနိုင်ငံတကာစံမမှီတဲ့ ဥပဒေတွေကို ပြန်သုံးသပ်နေတယ်၊ ရုတ်သိမ်းဖို့၊ ပြင်ဆင်တည်းဖြတ်ဖို့ သို့မဟုတ် အစားထိုးဖို့ စဉ်းစားနေပါတယ်။ လူ့အခွင့်အရေးဝန်ကြီး အနေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကိုရုတ်သိမ်းရေးသို့မဟုတ်ပြင်ဆင်ဖြည့်စွက်ရေးအဆိုပြုဖို့ ကြိုးစား ပါမယ်လို့ကတိပေးပါတယ်။ NUCC အတွက်ကတော့ကောင်စီမှာဘယ်သူပါမယ်ဆိုတာအစီအစဉ် ချပြီးသွားပါပြီ။ တချို့အဖွဲ့ဝင်တွေကိုတော့လုံခြုံရေးအရထုတ်ပြောလို့မရသေးပါဘူး၊ အတော်များများ ကနိုင်ငံတွင်းမှာရှိနေသေးလို့ဖြစ်ပါတယ်။ နောက်၂ပါတ်အတွင်း ထုတ်ပြောနိုင်မယ်လို့မျှော်လင့်ပါတယ်၊

    ဒီသတင်းကိုအများပြည်သူကိုထုတ်ပြောနိုင်တဲ့အချိန်ရောက်ရင်ပေါ့။

    (Featured image courtesy of the Institute for the Study of Human Rights)

    For more on the Institute of the Study of Human Rights (ISHR) at Columbia University, visit their Twitter and Facebook page.

    Related Articles
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.