မြန်မာ့အရေး လေ့လာသုံးသပ်ခြင်းဆိုင်ရာ သုတေသနဆောင်းပါးများ စာရင်း

မြန်မာပညာရှင်များနှင့် အမျိုးသမီးများ ရေးသားထားကြသည့် မြန်မာ့အရေးလေ့လာသုံးသပ်မှုဆောင်းပါးများအား စာရင်းပြုစုထားသည်များကို မည်သူမဆို လွတ်လပ်စွာဝင်ရောက်လေ့လာရန် ဖိတ်ခေါ်အပ်ပါသည်။ မြန်မာနိုင်ငံရှိ ပညာရပ်လောကတွင် အသိအမှတ်ပြုခံရမှု အားနည်းနေသေးသည့် မြန်မာ့ပညာရှင်များ၏ သုံးသပ်ချက်များအား လေ့လာ၍ မိမိတို့၏ စိတ်အားထက်သန်ရာ ဗဟုသုတများကို ရှာဖွေဖြန့်ကျက်နိုင်မည်ဟု မျှော်လင့်ပါသည်။ (စာစုစာရင်းများနှင့် ပတ်သက်၍ Jenny Hedström ရေးသားထားသည့် ပို့စ်အား ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။)

Tea Circle၏ မြန်မာ့အရေးလေ့လာမှု စာစုစာရင်းများသည့် လက်ရှိတည်ရှိနေပြီးသော စာအုပ်စာတမ်းများအား ပိုမိုအားဖြည့်ရန် ရည်ရွယ်ပါသည်။ မြန်မာ့အရေးစိတ်ဝင်စားသူ မည်သူမဆို လွတ်လပ်စွာလေ့လာနိုင်ရန် ရည်ရွယ်ကာ မိမိတို့၏ စာစုစာရင်းများအား O Michael Charney ၏ Living Bibliography of Burma Studies နှင့် Andrew Selth ၏  bibliography on publications on Myanmar/Burma since 1988 စသည့် စာစုစာရင်းများအား အခြေခံကာ တင်ဆက်ထားခြင်းဖြစ်ပါသည် အထက်ပါ စာစုစာရင်းနှစ်ခုစလုံးသည် မြန်မာနိုင်ငံသည့် ပတ်သက်၍ ရေးသားထုတ်ဝေခဲ့သည့် များပြားလှသော စာအုပ်စာတမ်းများအား အသေးစိတ် အချိန်ယူ၍ စာရင်းပြုစုထားခြင်းဖြစ်ပါသည်။

စာစုစာရင်းများအား Download ရယူခြင်းနှင့် Exportလုပ်ခြင်း

မြန်မာ့အရေးလေ့လာသုံးသပ်ချက်နှင့် ပတ်သက်၍ စာစုစာရင်းများအား download ရယူလိုပါက ဤ >> iconလေးအား ရွေးချယ်၍ “ download” ဆိုသည့် နေရာတွင် ကလစ်နှိပ်ပါ။

ဆောင်းပါးပေးပို့ခြင်း

စာဖတ်သူများအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ ရေးသားထားသည့် စာအုပ်များ၊ သုတေသနဂျာနယ်များပါ ပညာရပ်ဆိုင်ရာ ဆောင်းပါများနှင့် သုတေသနအစီရင်ခံများအား အင်္ဂလိပ်ဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာဖြင့်သော်လည်းကောင်း ပေးပို့နိုင်ပါသည်။ သို့သော်လည်း မိမိတို့ပေးပို့လိုသည့် စာအုပ်များ၊ သုတေသနဂျာနယ်များပါ ပညာရပ်ဆိုင်ရာ ဆောင်းပါများနှင့် သုတေသနအစီရင်ခံများသည် စာရင်းပြုစုထားပြီးသော စာရင်းထဲတွင် ပါဝင်မှုရှိ၊မရှိအား ပဏာမအနေဖြင့် စစ်ဆေးရန် မေတ္တာရပ်ခံလိုပါသည်။

စာဖတ်သူများအနေဖြင့် Tea Circle၏ စာစုစာရင်းသို့ အထက်ပါ စာအုပ်စာပေများ ပေးပို့လိုပါက ဤနေရာရှိ submission form တွင် ဖြည့်စွက်စာရင်းပေးနိုင်ပါသည်။

ယခုစာစုစာရင်းအား အသုံးပြုသူများ ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေရေးအတွက် လူကြီးမင်းတို့မှ ပေးပို့လာသည့် စာအုပ်စာတမ်းများအား ပြီးပြည့်စုံမှုနှင့် မှန်ကန်မှုရှိစေရန် ကောင်းမွန်စွာစစ်ဆေးပေးစေလိုပါသည်။ DOI နှင့် ISBN နံပါတ်များပါဝင်သည့် keywords များအား ပြည့်စုံစွာစွာရိုက်ထည့်ပေးစေလိုပါသည်။ မိမိတို့အနေဖြင့် အများပြည်သူ အကျူံးဝင်ပါဝင်နိုင်သည့် နေရာတခုဖြစ်လာစေရန် ရည်ရွယ်သည့်အတွက် မိမိကိုယ်မိမိ အမျိုးသမီးဟု သတ်မှတ်ထားသည့် အမျိုးသမီးပညာရှင်များနှင့် လူမျိုး၊ နိုင်ငံသားနှင့် မွေးဖွားသည့်အရပ်ဒေသတို့အား ထည့်သွင်းစဥ်းစားခြင်းမရှိပဲ စာရေးသူအနေဖြင့် မိမိကိုယ်မိမိ မြန်မာလူမျိုး၊ မြန်မာမျိုးရိုးမှ ဆင်းသက်လာသည်ဟု သတ်မှတ်ထားသူများ၏ ရေးသားမှုများကိုလည်း ကြိုဆိုလက်ခံလျက်ရှိပါသည်။

ဆက်သွယ်ရန်

Submission formအား ဝင်ရောက်ဖြည့်စွက်ခြင်းနှင့် အခြားသော မှတ်ချက်များပေးလိုပ က teacirclemyanmar@outlook.com သို့မဟုတ် teacirclemyanmar@protonmail.me အီးမေးလ်လိပ်စာများသို့ ရေးသားပေးပို့နိုင်ပါသည်။

Share via