Tea Circle မိတ်ဆက်

Tea Circle အား ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် အမြင်များနှင့်သုံးသပ်မှုများအား ထင်ဟပ်ဆွေးနွေးနိုင်သည့် နေရာတခုဖြစ်စေရန် ဖြစ်ပါသည်။ Tea Circle အနေဖြင့် ကမ္ဘာ့အနှံမှ ပေးပို့လာသော စာရေးသူများ၏ သုံးသပ်ချက်များ၊ သုတေသနများ၊ အတွေးအမြင်ဆောင်းပါးများ၊ စာအုပ်စာတမ်းဆိုင်ရာ သုံးသပ်ဆွေးနွေးချက်များ၊ multi-media အသုံးပြု၍ တင်ဆက်ခြင်းများနှင့် အခြားသော ရေးသားပေးပို့လာမှုအား ပုံနှိပ်ဖြန့်ဝေခဲ့ပါသည်။ Tea Circle သည် မြန်မာ့အရေးနှင့်ပတ်သက်၍ စိတ်အားထက်သန်သည့် စေတနာ့ဝန်ထမ်း စာတည်းဖြတ်သူများနှင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စာရေးသူများအတွက် ပိုမိုများပြားသည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။  

၂၀၁၅ခုနှစ်မှ ၂၀၁၈ခုနှစ် သြဂုတ်လအတွင်းတွင် Tea Circle အဖွဲ့အား University of Oxfordရှိ  St Antony’s College ၏ Programme on Modern Burmese Studies နှင့် တွဲဖက်တည်ရှိစေခဲ့ပါသည်။ ယခုကာလတွင်မူ Tea Circle အဖွဲ့သည် University of Torontoရှိ Asian Institute, Centre for Southeast Asian Studies Munk School of Global Affairs & Public Policy ၏ အစိတ်အပိုင်းတခုဖြစ်လာခဲ့ပြီဖြစ်ပါသည်။ International Development Research Centre (IDRC)’s Knowledge for Democracy – Myanmar Initiative တွင် မိမိတို့ Tea Circle အနေဖြင့် ပါဝင်ခွင့်ရခြင်းနှင့် IDRC မှ ဘဏ္ဍာရေးနှင့် အခြားသောအရင်းအမြစ်များပေးအပ်သည့်အတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်။ Tea Circle၏ အင်တာနက်စာမျက်နှာပေါ်တွင် ရေးသားထုတ်ဝေသည့် ဆောင်းပါးများအားလုံးသည် စာရေးသူများ၏ ကိုယ်ပိုင်အတွေးအမြင်များသာဖြစ်ပြီး Tea Circle တွင်ပါဝင်သည့် တည်းဖြတ်သူများ၊ အခြားသော ပူးပေါင်းပါဝင်သူများ၊ ဘဏ္ဍာရေးထောက်ပံ့ပေးသူ အလှူရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အမြင်များအား ထင်ဟင်ခြင်းမရှိကြောင်းလည်း ပြောကြားလိုပါသည်။

ဆက်သွယ်ရန်
Share via