< 1 minute

အောက်စဖို့ဒ်မှသည် မြန်မာပြည်ဆီသို့ – လဘက်ရည်၀ိုင်း၏၀က်ဘ်ဆိုက်ပြန်လည်စတင်ခြင်း

< 1 Minute To Read
  • English
  • ဗမာစာ
  • လဘက်ရည်၀ိုင်းအဖွဲ့၏ မြန်မာဘာသာဖြင့်ထုတ်၀ေခြင်း နှင့်နောက်ထပ် ကြိုးပမ်းမှု့ခြေလှမ်းများဖြင့် ၀က်ဘ် ဆိုက်ပြန်လည်စတင်ကြောင်းကြေငြာအပ်ပါသည်။

    ၂၀၁၈ ခုနှစ်မှစ၍ Asian Institute at the University of Toronto’s Munk School of Global Affairs and Public Policy သည်လဘက်ရည်ဝိုင်း ဖြင့် စတင်တည်ခင်းခဲ့ပါသည်။ ၎င်းမှာမြန်မာ့အရေးကို အဓိကဦးတည် သည့်ဝက်ဘ်ဆိုက်ဖြစ်ပီးသတင်းမီဒီယာနှင့် ပညာရှင်တို့၏မြန်မာနိုင်ငံဆိုင်ရာရေးသားတင်ပြချက်တို့တွင် လစ် ဟာနေသည့်ကွက်လပ်ကိုဖြည့်ဆည်း၍လတ်တလောသုတေသနများမှရရှိသည့်မြန်မာနိုင်ငံအပေါ်ဆန်းစစ်သုံးသပ်ချက်များထင်မြင်ချက်များကိုတင်ပြထားခြင်းဖြစ်ပါသည်။

    ၂၀၂၁နှင့် ၂၀၂၂ နှောင်းပိုင်းကာလများတွင် IDRC ထောက်ပံ့မှုဖြင့် လဘက်ရည်ဝိုင်းသည်၎င်း၏ဝက်ဘ်ဆိုက်ကို ပြန်လည်ဒီဇိုင်းဆွဲခြင်း၊ စာမူပေးပို့သူများအတွက်ဘေးကင်းလုံခြုံသည့်လုပ်ငန်းစဥ်အသစ်များဆောင်ရွက်ခြင်း၊ တင်သည့်ပို့စ်များကိုအဂ်လိပ်မြန်မာဘာသာများဖြင့်လက်ခံထုတ်ပြန်နိုင်ရန် တိုးချဲ့ဆက်သွယ်ခြင်းတို့ကိုဆောင်

    ရွက်ခဲ့ပါသည်။ ဤသို့တိုးတက်ဖြစ်ပေါ်မှုများအလိုက်ကျွန်ုပ်တို့၏အပြောင်းအလဲအချို့ကိုတင်ပြရန် စိတ်အား ထက်သန်နေပါသည်။

    လဘက်ရည်ဝိုင်းတွင်တင်သည့်ပို့စ်များကို 

    https://teacirclemyanmar.com/

    ဝက်ဘ်ဆိုက်အသစ်တွင်လက်ခံတင်ပြထားပါသည်။ ဒီဇိုင်းအသစ်ပြန်လုပ်ထားသည့်ဆိုက်တွင်မြန်မာ အဂ်လိပ် ၂ဘာသာဖြင့်ဝင်ရောက်ကြည့်ရှုရန်အပါအဝင်ရှာဖွေနိုင်စွမ်းတိုးမြှင့်ထားခြင်း၊ အကြောင်းအရာတခုကို ပြန်တင်ပြ သည့်ဆောင်းပါးများ၊ ပြန်လည်ထင်ဟတ်သည့်ဆောင်းပါးစသည့်ပေးပို့ချက်အများအပြားကို ဖန်တီးမှု့စွမ်းရည် ပြည့်ဝသော၊ ရုပ်သံပါဝင်သည့်မီဒီယာပို့စ်များအဖြစ်တင်နိုင်ရန်အတွက်ပါစွမ်းဆောင်နိုင်မည်ဖြစ်သည်။ မိမိမြင်တွေ့ချင်သည့်အကောင်းဆုံးပုံစံကိုဤဆိုက်တွင်မတွေ့ရပါကဖြစ်နိုင်ချေရှိသည်တို့ကိုဆွေးနွေးရန်ကျွန်ုပ်တို့အယ်ဒီတာအဖွဲ့  

    teacirclemyanmar@outlook.com သို့ကျေးဇူးပြုပြီးဆက်သွယ်ပေးပါ။ 

     ဒုတိယအချက်မှာမြန်မာဘာသာဖြင့်တင်သောပို့စ်များသည်ကျွန်ုပ်တို့ဆိုက်၏ရှေ့သို့ဆက်လက်ချီတက်မည့်လမ်း ကြောင်းတွင်စံအနေဖြင့်ပါဝင်မည်ဖြစ်သည်။

    တတ်နိုင်သမျှပို့စ်အားလုံးကိုဘာသာပြန်ပေးမည် ဖြစ်သဖြင့်မြန်မာ အဂ်လိပ်ဘာသာနှစ်မျိုးစလုံးဖြင့်ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ အရည်အသွေးပြည့်ဝသည့်ကျွန်ုပ်တို့ ၏အယ်ဒီတာ များနှင့်ဘာသာပြန်များအဖွဲ့က တင်သွင်းလာသည့်အယ်ဒီတာ့အာဘော်များနှင့်ဘာသာပြန်လုပ်ငန်းများအားလုံး ကိုကြီးကြပ်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့အဖွဲ့ထံသို့မြန်မာဘာသာဖြင့်ပို့စ်တခု တင်ပြမည်ဟုစဥ်းစားလျှင်ဖြစ်စေ၊ တင်ပြရန်လမ်းညွှန်ချက်ကိုပြန်ကြည့်ရန်ဖြစ်စေ ဒီမှာ ကြည့်နိုင်ပါသည်။

    လဘက်ရည်ဝိုင်း၏နောက်ပိုင်းတွင်တင်ပြမည့်အကြောင်း အရာများမှာမိမိတို့ကတိကဝတ်ပြုထားသည့်အတိုင်း

    ဘာသာ၂မျိုးဖြင့်တင်ပြခြင်း၊ ကမ်းလှမ်းခြင်း၊ နည်းလမ်းကောင်းများညွှန်ပြခြင်းတို့ကိုအဓိကထားသွားမည်ဖြစ်ပါသည်။ အထူးသဖြင့်ကျွန်ုပ်တို့သည်လက်တွဲလုပ်ဆောင်နိုင်မည့်အထောက်အကူပေးမည့်မည်သူကိုမဆိုကြိုဆို ပါသည်။ အကယ်၍သင်သည်လဘက်ရည်ဝိုင်းနှင့်တရားဝင်ပူးပေါင်းဆောင်ရွက်လိုသည့်အဖွဲ့အစည်းတခု သို့မဟုတ်သုတေသနပညာရှင်ဖြစ်ပြီးဝက်ဘ်ဆိုက်ကိုလည်းကူညီထောက်ပံ့ရန်လိုလားသည့်လူအင်အားရှိနိုင်မည်ဆိုပါကကျွန်ုပ်တို့၏ပြင်ပဆက်သွယ်ညှိနိုင်းဆောင်ရွက်ရေးမှုး (teacirclemyanmar@outlook.com) ထံသို့ကျေးဇူးပြု၍ဆက်သွယ်ပြီးသင့်စိတ်ကူးအကြံဥာဏ်များမျှဝေပေးစေလိုပါသည်။

    ထောက်ပံ့ရေးအပိုင်းတွင်လည်းကျွန်ုပ်တို့၏လဘက်ရည်ဝိုင်းအယ်ဒီတာအီးမေးလ်ကို ဖြေးဖြေးချင်းပြောင်းလဲသုံးတော့မည်ဖြစ်ပါသည်။ အကယ်၍ကျွန်ုပ်တို့နှင့် လက်ရှိဆက်သွယ်နေသည့် အီးမေးလ်မှာ

    editor@teacircleoxford.com ဆိုလျှင်လည်းစိတ်ပူစရာမလိုပါ၊ ထိုအီးမေးလ်ကိုဆက်လက်စောင့်ကြည့်နေဦးမည်ဖြစ်ပါသည်။ နောင်တွင် ဆက်သွယ်ရန်နှင့် စာမူပေးပို့တင်သွင်းရန်တို့ကို Outlook သို့မဟုတ် Proton ပေါ်ရှိ ကျွန်ုပ်တို့၏အီးမေးလ်လိပ်စာခွဲ teacirclemyanmar@outlook.com သို့မဟုတ် teacirclemyanmar@proton.me သို့လွှဲပြောင်းဆက်သွယ်ပေးရန်ဖြစ်ပါသည်။

    ကျွန်ုပ်တို့၏မြန်မာ၊ အဂ်လိပ် စာဖတ်ပရိသတ်များအတွက်အကြောင်းအရာစုံလင်သည့်စာမူများတင်ပြနိုင်ရေးကိုမျှော်လင့်လျက်ရှိပါသည်။ မြန်မာပြည်မှပရိသတ်အတွက်စိတ်ထွက်ပေါက်လည်းဖြစ်စေရန်နှင့် ထိုမျှမကသု တေသနများများပါဝင်ပြီးကိုယ်တိုင်ခံစားထင်ဟတ်သည့် ၊ဖန်တီးနိုင်စွမ်းပြည့်ဝသည့်ရေးသားချက်များကိုမျှဝေလိုပါသည်။

    လဘက်ရည်ဝိုင်း အယ်ဒီတာအဖွဲ.

    teacirclemyanmar@outlook.com | teacirclemyanmar@proton.me

    နောက်ဆုံးတင်ပြထားသည့်ပို့စ်များကိုအီးမေးလ်သတိပေးချက်ဖြင့်လက်ခံရရှိနိုင်ရန်ဝက်ဘ်ဆိုက်အောက်ဆုံးမှာ   subscribe စာရင်းပေးထားကြရန်လည်းမမေ့စေလိုပါ။

    Related Articles
    No related posts

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.