3 Minutes To Read

သံလွင်မြစ်ဝှမ်းရှိဆည်တမံများ၊ရေလွှဲများကိုအားပြိုင်မှုနှင့်ဖွံ့ဖြိုးတည်ဆောက်မှုအခြေအနေများ

3 Minutes To Read
  • English
  • ဗမာစာ
  • အားပြိုင်မှုများနှင့် ယွမ်မြစ်ရေလွှဲစီမံကိန်းအကြောင်းကို ဇာလီဖန်းနှင့် မြူဒါ နာဝါနတ်  တို့မှဆွေးနွေးထားသည်။

    A Thai translation is available here.

    ၂၀၁၈ခုနှစ်ဝန်းကျင်ခန့်က ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းနှင့် ထိုင်း-မြန်မာ နယ်စပ် အနီး ယွမ်မြစ်ရိုး တလျှောက် နေထိုင်ကြသောသူများက ထိုင်းအစိုးရ၏မြစ်ကိုဆည်တမန်ဆောက်ရန်နှင့် ရေကိုထိုင်းနိုင်ငံ အလယ်ပိုင်းသို့ မြစ် ရေလွှဲရန်ထပ်မံကြိုးစားမည့်အစီအစဥ်ကိုကြားမိကြသည်။စီမံကိန်းဧရိယာအတွင်းနေထိုင်သူများ၊ အရပ်ဖက်အဖွဲ့ အစည်းများကအဆိုပါ (ယွမ်ရေလွှဲဟုသုံးနှုန်းသည်)  ဆောက်လုပ်ရန် ရည်ရွယ်ထားသော ယွမ်မြစ် ရေလွှဲစီမံကိန်း သည်လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ကိုအဖက်ဖက်ကအဖျက်သဘောဆောင်သည့်အကျိုးသက်ရောက်မှု့ကိုသာဖြစ်ပေါ်စေပြီးမြစ်ကိုမှီခိုအားထားနေရသည့်ဒေသခံလူထု၏အသက်မွေးဝမ်းကျောင်းကိုပါထိခိုက်ပျက်စီးစေမည်ဟုစိုးရိမ်ပူပန်ခဲ့ပါသည်။ ဆုံးဖြတ်ချက်ချရာတွင်သူတို.၏အသံများကိုအရေးတယူမလုပ်ခဲ့ပါဟုပြင်းပြင်းထန်ထန်ပြော နေသည့်ထိခိုက်နစ်နာရသောဒေသခံရပ်ရွာလူထု၏တဆထက်တဆတိုးလာသည့်တော်လှန်ဆန့်ကျင်မှုကိုယွမ်ရေလွှဲမှကြုံတွေ့ရပါသည်။  Paiboon Hengsuwan မှ ယွမ်ရေလွှဲ ဖြစ်စဥ်ဥပမာတွင် ဆွေးနွေးသကဲ့သို့ သံလွင် နယ်စပ်ဒေသ မှဒေသခံများသည်ဆည်တမံကြီးများနှင့် ရေလွှဲလုပ်ငန်းများကြောင့် မိမိတို့ သဘာဝရင်းမြစ် များရယူနိုင်မှုမရှိခြင်းနှင့်လိုသလိုအသုံးမပြုနိုင်တော့မည့်အရေးကိုယေဘုယျအားဖြင့်စိုးရိမ်ပူပန်သော်လည်းဖွံ့ဖြိုးတိုးတက်မှုကိုဆန့်ကျင်သူများမဟုတ်ကြသလို ဖွံ့ဖြိုးတိုးတက်မည့်ပုံစံကိုလည်းသူတို့ဖြစ်ချင်သည့် စံနှုန်းအတိုင်း သာပုံဖော်လိုသူများဖြစ်ကြသည်။

    ထိုင်းနိုင်ငံမြောက်ပိုင်းမယ်ဟောင်ဆောင်ပြည်နယ်ရှိယွမ်မြစ်။ ထိုင်း-မြန်မာနယ်စပ်နှင့် ယွမ်ဆည်စီမံကိန်း ဆောက်လုပ်ရန်လျာထားသည့်နေရာနှင့်ကီလိုမီတာအနည်းငယ်ခန့်ကွာဝေးသည့်မြစ်အထက်ပိုင်း ။ ပုံမူရင်းပိုင်ရှင်-ဇာလီဖန်း၊ ၂၀၂၂ ဇန္နဝါရီ ။

    နှစ်နိုင်ငံနယ်နိမိတ်များကိုဖြတ်ကျော်စီးဆင်းသည့်သံလွင်မြစ်သည် တိဘက်ကုန်းမြေမြင့်မှအစပြုကာ ထိုင်း-မြန်မာ နယ်နိမိတ်ကိုခွဲခြားမသတ်မှတ်မီတရုတ်နိုင်ငံ၊မြန်မာနိုင်ငံတို့ကိုဖြတ်သန်းစီးဆင်းပီးမြန်မာနိုင်ငံအတွင်းမုတ္တမပင် လယ် အထိထပ်မံစီးဝင်သည်။  ယွမ်မြစ်သည် ထိုင်းနိုင်ငံအနောက်မြောက်ဖက်မှသံလွင်မြစ်အတွင်းသို့မိုးအိမြစ် မှတဆင့်စီးဝင်သည်။မိုးအိနှင့်သံလွင်မြစ်နှစ်စင်းစလုံးကရှည်လျားသည့်ထိုင်း-မြန်မာနယ်နိမိတ်ကိုဖော်ဆောင် သတ်မှတ်ပေးလေသည်။အကောင်အထည်ဖော်ရန်စီစဥ်ထားသောယွမ်ရေကာတာဆည်ဆောက်လုပ်ရေးဧရိယာ သည်နယ်စပ်မှ ၁၄ကီလိုမီတာခန်.ကွာဝေးသည်။ ယွမ်ရေလွှဲကြောင့်ဖြစ်ပေါ်လာမည့် ဟိုဖက်သည်ဖက် ၂နိုင်ငံ နယ်စပ် အရေးကိစ္စများ၊ ကရင်တိုင်းရင်းသားတို.၏ မြစ်နှင့်ဆက်နွယ်နေသည့် ဝိဥာဥ်ဆိုင်ရာ၊ ရိုးရာ ယဥ်ကျေးမှု့ ဆိုင်ရာတန်ဖိုးထားမှုများအပါအဝင်ယွမ်မြစ်နှင့်သံလွင်မြစ်အကြားငါးမျိးစိတ်တို့၏စားကျက်ပြောင်းရွှေ့ခြင်းများအပေါ်စိုးရိမ်ပူပန်ကြောင်း တွေ့ဆုံမေးမြန်းခံရသည့် ဒေသခံများနှင့်အရပ်ဖက်အဖွဲ့အစည်းများ ကပြောကြ ပါသည်။သို့တိုင်အောင်မြစ်အောက်ပိုင်းဒေသတွင်နေထိုင်သည့်ရပ်သူရွာသားများနှင့်မြန်မာနိုင်ငံဖက်မှ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများကိုမူတိုင်ပင်ဆွေးနွေးခြင်းမရှိခဲ့ပါ။

    သံလွင်မြစ်ဝှမ်းတွင် ကြီးမားသည့်ရေအားလျှပ်စစ် ထုတ်သည့်ရေကာတာများ ၊ရေလွှဲစီမံကိန်းများကို ကြံရွယ်စီမံနေကြသည်မှာ ဆယ်စုနှစ်၄ခုခန့်မကရှိနေခဲ့ပါသည်။ မြစ်ကမ်းနားပေါ်မှဝေးကြီးဆည်နှင့် ဒကွင်း ဆည်အပါအဝင် ကရင်ပြည်နယ်မှဟတ်ကြီးဆည်တို.ပါဝင်သည့်သံလွင်မြစ်၏အဓိကရေစီးကြောင်းပေါ်တွင်ရေအားလျှပ်စစ်ထုတ်သည့်ရေကာတာဆည်များဆောက်လုပ်ရန်ကြံစီခြင်းဖြစ်သည်။

    ဟတ်ကြီးဆည်မှာသဘာဝပတ်ဝန်းကျင်ဆုံးရှုံးထိခိုက်ပျက်စီးနိုင်ချေတွက်စစ်နေသည့်အဆင့် EIAသို့ရောက်နေ ပြီဖြစ်သည်။ထိုဆည်များသည်နယ်စပ်နှစ်ဖက်စလုံးရှိမြစ်ရိုးတလျှောက်နေထိုင်ကြသူများအကျိုးကိုထိခိုက်စေပြီးသူတို့၏ဆန့်ကျင်ခြင်းကိုလည်းခံရမည်ဖြစ်သည်။ထိုသို့နေထိုင်သူ၊ဆန့်ကျင်သူများတွင် ဗြိတိသျှကိုလိုနီများမြန်မာပြည်ကိုအုပ်ချုပ်စဥ်ကာလကတည်းကနယ်ခြားမျဥ်းသတ်မှတ်ခဲ့သည့်နယ်စပ်နယ်နိမိတ်၂ဖက်စလုံးတွင်နေထိုင်ကြသူကရင်တိုင်းရင်းသားများလည်းပါဝင်သည်။

    ရည်ရွယ်ထားသည့်သံလွင်မြစ်ဝှမ်းရေကာတာနှင့်မြစ်ရေလမ်းကြောင်းလွှဲခြင်းကိစ္စကို နှစ်နိုင်ငံနယ်စပ်နှစ်ဖက် စလုံးကဆန့်ကျင်လှုပ်ရှားမှုများပြုလုပ်နေကြသည်မှာဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် နှစ် (၂၀)ကတည်းကသံလွင်မြစ်တလျှောက်နှင့်မြစ်လက်တက်များတလျှောက်တွင်တိုင်းရင်းသားလူမျိုးပေါင်းစုံဘာသာပေါင်းစုံ ကိုကိုယ်စားပြုသည့် မြန်မာနှင့်ထိုင်းဒေသခံများက နှစ်စဥ် နိုင်ငံတကာ မြစ်များ အရေး နေ့(မတ်လ၁၄ရက်)တွင်စုဝေးကြပီးမြစ်နှင့်သဘာဝပတ်ဝန်းကျင်ကိုကာကွယ်သည့်အခမ်းအနားများကျင်းပခြင်း၊ဆည်တမံတည်ဆောက်ခြင်းနှင့်ရေလမ်းကြောင်းလွှဲခြင်းများကိုဆန်.ကျင်ကြသည်။သို့ရာတွင်၂၀၂၁ခုဖေဖေါ်ဝါရီလမြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းချိန်မှစ၍အရပ်သားများနှင့် လှုပ်ရှားတက်ကြွသူများအပေါ်အကြမ်းဖက်မှု နှင့်လူ့အခွင့်အရေးချိုးဖေါက်မှုတို့တစထက်တစပြင်းထန်လာခဲ့ရာနှစ်နိုင်ငံ နယ်စပ်ဒေသတွင်ထိုသို့လှုပ်ရှားမှုများ မှာနည်းပါးသွားခဲ့ရသည်။ သံလွင်နယ်စပ်နယ်နိမိတ်တွင်နေထိုင်သူများ က အထက်မှချပေးသည့်အမိန့် တစ်ခု တည်းဖြင့်ဆောင်ရွက်သည့်ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးစီမံချက်ကိုတခြားပုံစံဖြင့် မည်သို့ဖွံ့ဖြိုးတိုးတက်နိုင်မည်ကို နည်းလမ်းရှာဖွေနေကြသည်။ ဥပမာ- သံလွင်ငြိမ်းချမ်းရေးဥယျာဥ်ဆိုလျှင်ကရင်ပြည်နယ်နှင့်သံလွင်မြစ်ကမ်း နယ်စပ်မှကရင်တိုင်းရင်းသားတို့ဦးဆောင်သည့်နယ်မြေဖြစ်ပီးရည်ရွယ်ထားသည့်ဟတ်ကြီးဆည်ဒေသတဝိုက် အပါအဝင်ဒေသ၏ရင်းမြစ်များကိုစီမံခန်.ခွဲနိုင်ရန်နှင့်ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်သည်။

    ၁၉၇၉ခုနှစ်ကတည်းကထိုင်းအစိုးရမှသံလွင်မြစ်ဝှမ်းမှထိုင်းနိုင်ငံအလယ်ပိုင်းသို. သံလွင်၏ပင်မရေစီးကြောင်း နှင့်ယွမ်ကဲ့သို.မြစ်လက်တက်များအပါအဝင်နိုင်ငံနယ်နိမိတ်ဖြတ်ကျော်၍မြစ်ရေကြောင်းလွှဲပြောင်းခြင်းကိုစစ်ဆေးမေးမြန်းခဲ့သည်။တွေ့ဆုံမေးမြန်းချက်များတွင်သက်ကြီးရွယ်အိုများနှင့်လှုပ်ရှားတက်ကြွသူများက ထိုရေကာတာ ဆောက်မည့်အကြောင်း၊ရေစီးကြောင်းလွှဲပြောင်းမည့်အကြောင်းတို.ကိုသူတို့ငယ်စဥ်ကပင်ကြားဖူးကြောင်း၊ယခင်ကအကြောင်းအရာများမှာထပ်ခါတလဲလဲဖြစ်နေ၍ဆန့်ကျင်ထားသူများလည်းပါဝင်သည်။ ထိုအထဲတွင် ယွမ်မြစ် ပေါ်ရှိ  “ မယ့်လာမာလွန်း  “ ဆည်လည်းပါဝင်သည်။၁၉၉၀တွင်တည်ဆောက်ရန်ရည်မှန်းခဲ့သော်လည်း စီမံကိန်း လုပ်ငန်းကြောင့်သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေသည့်အပြင်စီမံကိန်းကြောင့်နစ်နာရသည့်ရပ်ရွာလူထုမှဆန့်ကျင်တော်လှန်ကြသောကြောင့်ဖြစ်သည်။ထိုလူများသည်ပင်ယခုယွမ်မြစ်ရေလွှဲစီမံကိန်းကိုဆန့်ကျင်တော်လှန် နေကြသူများတွင်ပါဝင်သည်။

    ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းမြေပုံတွင် စီမံကိန်းနေရာနှင့်ယွမ်မြစ်ရေလွှဲစီမံကိန်း ဆောက်လုပ်ရန် လျာထားသည့်နေရာကိုပြထားသည်။ ပုံမူရင်း-မဲလဘုန်းတက္ကသိုလ် မှ ချန်ဒရာဂျာရာဆူရိယာ၏ပထဝီမြေပုံ။

    သုတေသနနည်းစံနစ်

    ယခုတင်ပြထားသည့်သုတေသနစာတမ်း(၂၀၂၁မှယနေ့တိုင်) သည်ထိခိုက်ခံစားနေရသည့်ဒေသခံလူထုများ၊

    အရပ်ဖက်အဖွဲ့အစည်းများတက်ကြွလှုပ်ရှားသူများအပါအဝင်၊အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ပညာရှင်များ နှင့်အစိုးရအဖွဲ့အစည်းများကိုဇာလီ၏ပါရဂူဘွဲ့စာတမ်းတစိတ်တပိုင်းအဖြစ်အသေးစိတ်နှိုက်နှိုက်ချွတ်ချွတ်မေးမြန်းထားသည့်တွေ့ဆုံမေးမြန်းမှုများကိုအခြေခံပါသည်။မြူဒါသည်သုတေသနလက်ထောက်ဖြစ်ပီးသုတေသနအ တွက်အဂ်လိပ်-ထိုင်း-ကရင် စကားပြန်ဖြစ်ပါသည်။ကရင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပီး သံလွင် မြစ်ဝှမ်းတွင်သဘာဝပတ်ဝန်းကျင်နှင့်လူ့အခွင့်အရေးကာကွယ်သူအဖြစ်ဆယ်စုနှစ်များစွာဆောင်ရွက်နေသူဖြစ်ပါသည်။အဆိုပါဆောက်လုပ်ရန်ရည်ရွယ်သည့်ယွမ်ရေကာတာဆောက်လုပ်ရေးလုပ်ငန်းနေရာအနီးတွင်သူမကို နိုင်ငံ မဲ့သူအဖြစ်မွေးဖွားခဲ့ပြီးထိုင်းနိုင်ငံတွင်နိုင်ငံမဲ့သူများ၏နိုင်ငံသားအခွင့်အရေးအတွက်နှစ်လကြာရှည်ကာကွယ်ပြောဆိုပေးနေသူလည်းဖြစ်ပါသည်။ဇာလီနှင့်မြူဒါတို့၏သုတေသနလုပ်ရပ်ကိုယွမ်မြစ်ရိုးတလျောက်တည်ရှိသည့်ဘန်အန်းရွာ[1]နှင့်ဆည်တမံဆောက်လုပ်ရန်ရည်ရွယ်ထားသည့်နေရာများတွင်ဆောင်ရွက်ခဲ့ပါသည်။ထိုနေရာတွင်နေထိုင်သူများမှာပိုးကရင်နှင့်စကောကရင်ဟုခွဲခြားသတ်မှတ်ထားကြသည့်ရွာသူရွာသားများဖြစ်ပီးစား၍ရသည့်တော

    ထွက်ပစ္စည်းများစုဆောင်းခြင်း(ဥပမာမြစ်ကမ်းပါးမှအသီးအရွက်များ၊မှို၊ပိန်းဥစသည်)ငါးဖမ်းခြင်းနှင့်ရွှေ့ပြောင်းလုပ်သားအဖြစ်လုပ်ကိုင်ခြင်းအပါအဝင်ရာသီအလိုက်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးစုံအပေါ်တည်မှီနေထိုင်ကြရပါသည်။နေထိုင်သူအတော်များများမှာထိုင်းနိုင်ငံသားအဖြစ်လည်းသတ်မှတ်မခံရသလိုမြေပိုင်ဆိုင်မှု လည်းမရရှိပါ။ဤသို့အခြေအနေကြောင့်တွေ.ဆုံမေးမြန်းသည်များကိုဖြေကြားသူများက ခံစားခွင့်တောင်းဆိုရာ တွင်အကန့်အသတ်ဖြစ်နေကြောင်း၊အစိုးရမှဦးဆောင်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပွင့်လင်းစွာမေးခွန်းထုတ်ရန်မိမိကိုယ်မိမိယုံကြည်ချက်နဲနေကြောင်းပြောကြသည်။ရေလွှဲတူးမြောင်းအဆုံးအနီးတွင်ရှိသည့်ပိုးကရင်ရွာဘန် လောတွင်လည်းသုတေသနပြုလုပ်ခဲ့သည်။ရွာသူရွာသားများမှာလုံငန်းသီးပင်စိုက်ပျိုးခြင်း၊သစ်တောထွက်ပစ္စည်းများစုဆောင်းကောက်ယူခြင်းများပြုလုပ်ကြပီးအများစုမှာတရားဝင်မြေပိုင်ဆိုင်မှုမရှိကြပါ။ရေလွှဲတူး မြောင်းဆောက်လုပ်သည့်အခါမြေကြီးနှင့်ကျောက်ခဲအပိုင်းအစများကိုထိုရွာသူရွာသားတို့၏လယ်ယာနှင့်သစ်တောတွင်လာရောက်စွန့်ပစ်ခြင်းခံရပေလိမ့်မည်။

    လူမှု့ပတ်ဝန်းကျင် အပေါ်အကျိုးသက်ရောက်မှုများ

    စီမံကိန်းသက်ရောက်မှုရှိသည့်ရပ်ရွာဒေသတို့မှာလူမှု့ဘဝနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးသက်ရောက်မှု မျိုးစုံကြောင့်မြစ်နှင့်သဘာဝရင်းမြစ်ကိုအမှီပြုနေရသည့်အသက်မွေးဝမ်းကျောင်းထိခိုက်ပျက်စီးမည်ကိုစိုးရိမ်ကြ

    သည်။စီမံကိန်းကြောင့်မိုးတွင်းတွင်ပိုမိုဆိုးရွားသည့်ရေကြီးခြင်းနှင့်ဝိဥာဥ်ကိုးကွယ်မှုတွင်အရေးပါသည့်သစ်တော၊ထိန်းသိမ်းစောင့်ရှောက်ထားသည့်သစ်တောဧရိယာပြုန်းတီးခြင်းတို့လည်းပါဝင်သည်။ယွမ်မြစ်နှင့်သံလွင်မြစ်တို့တွင်စားကျက်ပြောင်းသည့်ငါးမျိုးစိတ်များအပါအဝင်ရေနေဇီဝသတ္တမျိုးကွဲများစုံလင်လှသည်။ သုတေသနမေးခွန်း များကိုဖြေကြားသည့်ရွာသားများကဆည်တမံကြောင့်ငါးများစားကျက်ပြောင်းရန်ပိတ်မိနေမည်ကိုစိုးရိမ်ကြသည်။   “ တကယ်လို့သူတို့မြစ်ကိုရေကာတာနဲ့ပိတ်ထားရင်အဲဒီငါးတွေဘယ်ကိုမှစားကျက်ပြောင်းလို.မရတော့ဘူး” ဟုဘန် အန်းရွာမှလူငယ်တစ်ဦးကရှင်းပြသည်။(၂၀၂၁ စက်တင်ဘာတွေ့ဆုံမေးမြန်းခြင်း) ဤဒေသမှာနေထိုင်သူ များ၏အသက်မွေး ဝမ်းကျောင်းအတွက် စားသုံးရန်၊ဗီတာမင်ဓါတ်ပြည့်ဝရန်နှင့်ဝင်ငွေရရှိရန်နှစ်မျိုးစလုံးအတွက် ငါးသည်အရေးပါသည်။ထို့အပြင်ချင်းမိုင်ရှိမယ်ဂျိုတက္ကသိုလ်မှငါးလုပ်ငန်းကျွမ်းကျင်သူတစ်ဦးကဤသို့ရေလွှဲခြင်း သည်သံလွင်မြစ်မှရေသတ္တဝါမျိုးစိတ်များကိုငါးမျိုးစိတ်(၆)မျိုးသာရှိသည့်ချောင်ဖရားမြစ်ဝှမ်းအတွင်းသို့ပို့ဆောင်သလိုဖြစ်ပြီးပျက်စီးနိုင်ချေရှိသည်ဟုစိုးရိမ်မှုကိုထုတ်ဖော်ပြောဆိုသည်။

    ပို၍ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင်ငါးတို.နှင့်မြစ်ရိုးတလျှောက်အသက်မွေးဝမ်းကျောင်းမှုအပေါ်ဆည်တမံများ၏ မကောင်းကျိုးသက်ရောက်မှုရှိကြောင်းသက်သေသာဓကများစွာရှိသည်။ဥပမာ-လူကြောင့်ဖြစ်ရသည့်အချက်နှင့် အခြားအကြောင်းများစွာပါဝင်မည်ဖြစ်သော်လည်း ငါးဖမ်းဆီးရမှု ၆၀-၈၀% လျော့ကျခြင်း၊နှင့်မဲခေါင် မြစ်ဝှမ်း တွင်ဆည်တည်ဆောက်ရေးလုပ်ငန်း၁၉၉၄တွင်ပြီးစီးသည့်နောက်ပိုင်းမန်မြစ်ပေါ်တွင်တည်ဆောက်ထားသည့်မဲခေါင် မြစ်ဝှမ်းရှိထိုင်းနိုင်ငံ၏ပတ်မွန်ဆည် အထက်ပိုင်းငါးမျိုးစိတ်များလျော့နဲလာခြင်းကိုကမ္ဘာလုံးဆိုင်ရာ ဆည်တမံများကော်မရှင်World Commission on Dams (WCD) ကအစီရင်ခံခဲ့သည်။ထိုဆည်တမံကြောင့် ဆန့်ကျင်တော်လှန်မှုများကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားရပီးဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တွင်ပါထိုင်းနိုင်ငံ အတွင်းဆည်တမံကြီးများတည်ဆောက်သည့် အရေးကိစ္စကိုပုံစံပြောင်းသွားစေခဲ့သည်။ကမ္ဘာတဝှမ်း ဆည်တမံကြီး များကိုပြန်လည်သုံးသပ်ထားသည့်၂၀၀၀ခုနှစ်အစီရင်ခံစာတွင်ဆည်တမံများနှင့်ဖွံ့ဖြိုးတိုးတက်မှုများကြောင့်ထိခိုက်နစ်နာသည့်ဒေသခံများအတွက်လွတ်လပ်၍ကြိုတင်အသိပေးပြီးသဘောထားခံယူချက် FPIC လိုအပ်ကြောင်း WCD မှထောက်ပြခဲ့သည်။FPICမပါဝင်သည့် ယွမ်ရေလွှဲတည်ဆောက်ရေးလုပ်ငန်းစဥ်သည်ထိုစီမံကိန်းကို ဒေသခံများနှင့်အရပ်ဖက်အဖွဲ့အည်းများဆန့်ကျင်တော်လှန်ရခြင်းအကြောင်း၏အဓိကကျသောနောက်ခံကြောင်း ရင်းဖြစ်သည်။

    ဖွံ့ဖြိုးတည်ဆောက်သည့်အခြေအနေကိုစိမ်ခေါ်ခြင်း

    FPICနှင့်အဓိပ္ပါယ်ပြည့်ဝသည့်ပြည်သူလုထုပူးပေါင်းပါဝင်မှုမရှိခြင်းအပါအဝင်ယွမ်ရေလွှဲအတွက်EIA လုပ်ငန်းစဥ်တွင်ပြဿနာများကြုံရကြောင်းသုတေသနအတွက်တွေ့ဆုံမေးမြန်းသူများကပြန်လည်ပြောကြသည်။ လူထုနှင့် တွေ့ဆုံဆွေးနွေးမှုများ အကြိမ်များစွာကျင်းပခဲ့သော်လည်း လူထုပါဝင်မှုမှာနည်းမျိုးစုံဟန့်တားခံရသည်။ ဥပမာ-လူထုနှင့်တွေ့ဆုံဆွေးနွေးရာတွင်ထိုင်းနိုင်ငံအလယ်ပိုင်းသုံးထိုင်းဘာသာဖြင့်ဆွေးနွေးကြပီးဆည်တမံဆောက်လုပ် ရေးတွင်ထိခိုက်နစ်နာရသောဒေသခံအများစု၏အဓိကဘာသာစကားဖြစ်သည့် ကရင်ဘာသာသို့ဘာသာပြန်ပေး ခြင်း မရှိသည်ကိုတွေ့ဆုံမေးမြန်းသူများကပြန်ပြောကြသည်။လူထုနှင့်တွေ့ဆုံပွဲများကိုမိုးရာသီ သို့မဟုတ် ကိုဗစ်-၁၉ ကန့်သတ်ချက်များအခြေအနေတွင်ကျင်းပသောကြောင့်အထူးသဖြင့် ဝေးလံဒေသမှလူထုပါဝင်မှု ပိုမို ဟန့်တား ခံရသည်။ထင်ရှားချက်မှာထိုဒေသတွင်နေထိုင်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှာသူတို့၏ထင်မြင်ချက်များ ပေးရန်ဝေးစွ NEBအတည်ပြုချက်မရမီ FPIC မူများနှင့်တိုက်ရိုက်ဆန့်ကျင်စွာ EIA ကို ပြန်လည်သုံးသပ် ရန်အခွင့် အရေးမရခဲ့ပါ။ အရပ်ဖက်အဖွဲ့အစည်းမှပုဂ္ဂိလ်များကိုတွေ့ဆုံ မေးမြန်းရာ တွင်EIA အတွက်အတည်ပြု ရန်တာဝန်ရှိ သည့်သဘာဝရင်းမြစ်နှင့်သဘာဝပတ်ဝန်းကျင်မူဝါဒရေးရာနှင့်စီမံရေးရုံး(Office of Natural Resources and Environmental Policy and Planning ONEP) က EIA ရနိုင်ရန်ဘတ်ငွေ ၂၀၀၀၀(အမေရိကန်ဒေါ်လာ ၆၀၀) တောင်းပြီး EIAအတည်ပြုပီးသောအခါ တည်းဖြတ်ထားသည့်မိတ္တူ ကိုသာသူတို့ကိုပြန်ပေးသည်ဟုပြောပါသည်။စီမံကိန်းကိုထောက်ခံသူများမှာလည်းစီမံကိန်း၏အကျိုးအမြတ်များပိုမိုရရေးကိုသာအားပေးပြီးဆုံးဖြတ်ချက်ချသည့်အခါဒေသတွင်းနေထိုင်သူတို့၏အသံကိုနားထောင်ခြင်းမရှိဟု ယင်းဒေသတွင်နေထိုင်သူများကပြောပါသည်။ ဘန်အန်းရွာမှအသက်အရွယ်ကြီးရင့်သူတစ်ဦးကပြောရာတွင် “ ဒီမှာနေထိုင်တဲ့သူတွေကသူတို့စိုးရိမ်ပူပန်မှုကိုပြောရင်အစိုးရကဘာမှမတုန့်ပြန်တော့ဘူး၊ လူတွေကဒီစီမံကိန်းကို သဘောမတူဘူးဆိုရင်လည်းဒါကိုအစိုးရကEIAထဲမှာမှတ်တမ်းမသွင်းဘူး” ဟုဆိုပါသည်။(၂၀၂၁ စက်တင်ဘာ တွေ့ဆုံမေးမြန်းခြင်း)

    EIAတွင်မှားယွင်းသည့်အချက်အလက်များစွာပါဝင်နေကြောင်းတွေ့ဆုံမေးမြန်းရာတွင်ဖြေကြားသူတို့ကသာဓကများစွာပေးကြပါသည်။  “ ကျွန်တော်EIAကိုဘာထောက်ခံချက်မှမပေးခဲ့ဘူး၊အသေးစိတ်လည်း ကျွန်တော် မဆွေးနွေး ခဲ့ဘူး၊EIAအဖွဲ့နဲ့ခပ်မြန်မြန်ပဲဆွေးနွေးခဲ့ရတယ်၊ဒါပေမယ့်ကျွန်တော်တို့(ချက်နှင့်ဇနီး) ကဒီစီမံကိန်းကို ထောက်ခံပါတယ်လို့ RID ကပြောသွားတယ်” ဟု ဘန်အန်းရွာ ခေါင်းဆောင်   “ ချက်  “ ကရှင်းပြပါသည်။ (၂၀၂၂ ဇန္နဝါရီ တွေ့ဆုံမေးမြန်းခြင်း) အခြားသူတို့ကသူတို့ပြောကြားချက်ကိုEIA ကလွဲမှားစွာအဓိပ္ပါယ် ကောက်သည်ဟုခံစားရသည်။ဥပမာ-  “ လူထုနဲ့တွေ့ဆုံပွဲမှာEIAအဖွဲ့မှလူများကစီမံကိန်းကိုသဘောမတူသူတွေ ရှိရင် လက်ထောင်ပါလို့ပြောတယ်၊သူတို့ကအဲဒါကိုဓါတ်ပုံရိုက်ယူသွားတယ်။ ပြီးတော့ဒီလူတွေကစီမံကိန်းကို ထောက်ခံပါတယ်ဆိုပီးပြောတယ်” ဟုဘန်အန်းရွာသူကြီးကပြောပါသည်။(၂၀၂၂ ဇူလိုင်တွေ့ဆုံမေးမြန်းခြင်း) တချိန်တည်းတွင်စီမံကိန်းကိုရွာသာများကသဘောမတူသော်လည်းစာနယ်ဇင်းသမားများက” ရွာသားများစီမံကိန်း ကိုသဘောတူထောက်ခံပါသည်” ဟုမှားယွင်းစွာတင်ပြမှုကြောင့်ရွာသားများအနေဖြင့်လှည့်စားခံရသည်ဟုဘန် လောမှရွာသူကြီးကပြောပါသည်။(၂၀၂၂ဖေဖေါ်ဝါရီတွေ့ဆုံမေးမြန်းခြင်း)RID မှအရပ်ဖက်အဖွဲ့အစည်း များကို အသားစုံသုတ်စားသောက်ဆိုင်တွင်နေ့လည်စာထမင်းဖိတ်ကျွေးသည့်အဖြစ်အပျက်ကိုအစွဲပြု၍EIAသည်လည်း #EIALaab (#อีไอเอร้านลาบ)အဖြစ်လှောင်ရယ်စရာဖြစ်လာရသည်။  နေ့လည်စာသုံးဆောင် နေစဥ်အတွင်း ဓါတ်ပုံများရိုက်ယူကာယင်းတို.ကိုလူထုနှင့်တိုင်ပင်ဆွေးနွေးသည့်သာဓကအဖြစ်အသုံးချခဲ့သည်။EIALaabကိုလူမှု့ကွန်ယက်မီဒီယာနှင့်အထူးသဖြင့်လူငယ်များအကြားတွင်ကျယ်ပြန့်စွာပြောဆိုသုံးစွဲကြသည်။(ပုံ-၃)တွေ့ဆုံမေး မြန်းသူများက ‘EIA laab’ကိုရယ်စရာအဖြစ်သဘောထားကြသည်။

    လှုပ်ရှားတက်ကြွသူလူငယ်များ #EIAlaab နှင့် laab အသုတ်စုံ ပုံဆွဲထားသည်တို့အပါအဝင်ယွမ်မြစ်ရေလွှဲ စီမံကိန်းကိုဆန့်ကျင်သည့်ပိုစတာများကိုင်ဆောင်ထားကြပုံ။ ပုံမူရင်းပိုင်ရှင်-သံလွင်လှုပ်ရှားတက်ကြွသူလူငယ် တစ်ဦး၏ခွင့်ပြုချက်ဖြင့်။

    မတူခြားနားသည်မှာ-စီမံကိန်းကိုထောက်ခံသူထိုင်းနိုင်ငံရေးသမားတစ်ဦးကEIAသည်အလွန်အသေးစိတ်တိကျ သည်၊ဤစီမံကိန်းသည်အကောင်အထည်ဖော်ရန်ဖြစ်နိုင်လောက်သည်ကိုEIAကပြသနေသည်၊ မည်သူ့ကိုမျှထိခိုက် နစ်နာစေခြင်းလည်းမရှိဟုဆိုသည်။(၂၀၂၂မတ်လတွေ့ဆုံမေးမြန်းခြင်း) RIDအရာရှိများကလည်းEIAသည် အတွင်းကျကျလုပ်ဆောင်ထားပြီးဥပဒေနှင့်အညီဖြစ်ကြောင်း၊စီမံကိန်းကြောင့်ထိခိုက်မှုများကိုလျေ့ာနည်းစေသည့်ဖြေရှင်းနည်းပါဝင်ကြောင်း အလေးပေးပြောဆိုသည်။ (၂၀၂၂ မတ်လတွေ့ဆုံမေးမြန်းခြင်း)သို့သော်အထက်တွင် အကျဥ်းချုပ်တင်ပြခဲ့သည့်အတိုင်းဤသို့အခိုင်အမာပြောဆိုမှုကိုတွေ့ဆုံမေးမြန်းရာတွင်ဖြေကြားသူဒေသခံများကသဘောမတူကြပါ။ဆန့်ကျင်တော်လှန်ခြင်းသည်စီမံကိန်းကိုသာမကဖွံ့ဖြိုးရေးလုပ်ငန်းတွင်လူထု၏ပြောရေးဆို ခွင့်ရှိသည့်စွမ်းရည်ကို EIA မှအဓိက အငြင်းပွားစရာ အဖြစ်ဖော်ပြနေသည်။

    ယွမ်ရေလွှဲကိုဆန့်ကျင်တော်လှန်ခြင်း

    တည်ဆောက်မည့်နေရာ၂ခုလုံးတွင်နေထိုင်သူအားလုံးကို မိမိတို့ တွေ့ဆုံမေးမြန်းရာ ယွမ်ရေလွှဲကိုမည်သူမျှသ ဘောမတူကြပါ။ထိုဒေသတွင်နေထိုင်သူအချို့က အစိုးရမှအလုပ်အကိုင်အခွင့်အလမ်းများပေါ် ထွက်လာနိုင်ပြီး အသက်မွေးဝမ်းကျောင်းလည်းတိုးတက်လာမည်ဟုအပြောကောင်းသည့်အပေါ် ယုံကြည်မိသောကြောင့် ကနဦး၌ သူတို.စီမံကိန်းကိုထောက်ခံခဲ့ကြသည်။သို.သော်စီမံကိန်း၏ဆိုးကျိုးသက်ရောက်ပုံများကိုသိရှိသည့်အခါသူတို့စိတ် ပြောင်းသွားကြသည်။မတ်လ၁၄ရက်တွင်ဆန္ဒဖော်ထုတ်မှုများ၊လှုပ်ရှားမှုများအပါအဝင် ယွမ်ရေလွှဲကိုလူငယ်များ က ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ကြသည်။ ဘန်အန်း၌ကျင်းပသောမတ်လ ၁၄ရက် ဆန့်ကျင် လှုပ်ရှားမှုများတွင်သစ်ပင်ကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏လိမ္မော်ရောင်သင်ဃန်းဖြင့်ပတ်ပီး သူတို့ကို စောင့်ရှောက်ရန် နှင့် စီမံကိန်းရန်မှကာကွယ်ရန်သစ်ပင်ကို သိက္ခာတင်ပေးသည့် buat pa (บวชป่า)လှုပ်ရှား မှုများပါဝင်သည်။ မကြာမီနှစ်များအတွင်း ထိုအခမ်းအနားကို ယွမ်ရေလွှဲတည်ဆောက်လျှင်ပျက်စီးမည့်သစ်တော ထူထပ်သည့် မြစ်ကမ်းပါးတွင် ဗျူဟာကျကျ ဆင်နွှဲခဲ့သည်။ အခမ်းအနားတွင်ပါဝင်သူများကbuat pa ကို ယွမ်ရေလွှဲ ကိုဆန့်ကျင်သည့်နည်းတစ်ခုအဖြစ် ထားကြသည်။ သက်ရွယ်ကြီးသူ များနှင့် လှုပ်ရှားတက်ကြွသူများ က ယခင် တာတမံများနှင့်ရေလွှဲများဆောက်လုပ်ရန်အဆိုပြချက်များကိုဆန့်ကျင်တော်လှန်ခဲ့ကြပြီး ထိုစီမံကိန်း များနှင့်ဆန့်ကျင်ရုန်းကန်လှုပ်ရှားများမှာကာလတာရှည်မျိုးဆက်ပေါင်းများစွာ အထိဆက်စပ်နေသည်ကိုတွေ့ရ ဆဲဖြစ်သည်။

    ၂၀၂၀ခုနှစ် နိုင်ငံတကာြမစ်များအရေးနေ့ အတွက်ဘန်အန်း ဒေသတွင်နေထိုင်သူများ သစ်ပင်ကိုသိက္ခာ တင်ပေးသည့်အခမ်းအနားတွင်ပါဝင်ဆင်နွှဲနေစဥ်။ ပုံမူရင်းပိုင်ရှင်-သံလွင်လှုပ်ရှားတက်ကြွသူလူငယ်တစ်ဦး၏ ခွင့်ပြုချက်ဖြင့်။

    အခြားနည်းဖြင့်မျှော်မှန်းချက်များ

    သံလွင်ရပ်ဝန်းတွင်နေထိုင်သူများသည်သူတို.အတွက်ဆိုးကျိုးသက်ရောက်စေမည့်ဂေဟစံနစ်နှင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာထိခိုက်မှုများအတွက် ဆည်တမံကြီးများနှင့် ရေလွှဲများကိုဆန့်ကျင်ခဲ့ကြသည်။ယခုပြထားသည့် အတိုင်းထိုရပ်ရွာအသိုင်းအဝိုင်းသည်ဖွံ့ဖြိုးမှုကိုဆန့်ကျင်သည်ထက်၊ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများပုံဖော်ရာတွင်ပါဝင်ရန်နှင့်၊ရေနှင့်သဘာဝရင်းမြစ်များကိုစီမံခန့်ခွဲရာတွင်သူတို့ကိုယ်ပိုင်မျှော်မှန်းချက်များကိုတင်ပြပြောဆိုခွင့်ရလို ခြင်းသာဖြစ်သည်။ ဥပမာ- ၂၀၂၁ ခုနှစ်တွင်ONEPသို့ပေးသည့်စာတွင်ယွမ်နှင့်သံလွင် တွင်နေထိုင်သူများက  “ ဆုံးဖြတ်ချက်ချသည့်အခါသဘာဝရင်းမြစ်များကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့်သံလွင်မြစ်ဝှမ်းကိုကာ ကွယ်ရန်နိုင်ငံတော်မှကျွန်ုပ်တို့အားပါဝင်စေလိုသည်” ဟုရေးသားထားသည်။သံလွင်မြစ်ရိုးနယ်စပ်ရွာတစ်ရွာ မှ အမျိုးသမီးငယ်တစ်ဦးက “ ကျမတို့ကဖွံ့ဖြိုးတိုးတက်မှုတွေကိုဆန့်ကျင်တာမဟုတ်ပါဘူး၊ ဒါပေမယ့်ဒါကကောင်း တဲ့ဖွံ့ဖြိုးမှုဖြစ်ဖို့လိုတယ်၊မကောင်းကျိုးသက်ရောက်အောင်ဖန်တီးတာတွေကိုတော့ကျမတို့ဆန့်ကျင်တယ်  “ ဟုရှင်း ပြပါသည်။ (၂၀၂၂ မတ်လ တွေ့ဆုံမေးမြန်းခြင်း) တွေ့ဆုံမေးမြန်းသည်ကိုဖြေကြားသူများကမြစ်စီမံခန့်ခွဲခြင်းကိစ္စကိုရေအားလျှပ်စစ်စက်ရုံတည်ဆောက်သည်ထက် ကျော်လွန်၍အခြားမျှော်မှန်းချက်များရှိသေးသည်ဟုဆိုသည်။မူဝါဒရေးရာရှုထောင့်မှကြည့်လျှင်ကာဆက်ဆာ့တ် တက္ကသိုလ်မှရေရင်းမြစ်ပညာရှင် က အကုန်အကျများသည့်ယွမ်ရေလွှဲကိုတည်ဆောက်ခြင်းထက် ရေပေးဝေ သည့် ကွန်ယက်ကိုပိုမိုထိရောက်အကျိုးရှိအောင် အစိုးရအနေဖြင့်လုပ်ဆောင်သင့်သည်၊   “ ထိရောက်မှု မရှိသည့် ရေပေး စနစ်ကြောင့်ဆည်မြောင်းရေစီးရေလာစနစ်တွင်၄၀ရာခိုင်နှုန်းခန့်ရေဆုံးရှုံးမှုဖြစ်ရသည်  “ ဟုဆိုသည်။ (၂၀၂၁ စက်တင်ဘာတွေ့ဆုံမေးမြန်းခြင်း)စီမံကိန်းကြောင့်ထိခိုက်သောရွာများမှလူငယ်များက သဘာဝရင်း မြစ်ကိုအမှီပြု နေရသည့်အသက်မွေးဝမ်းကျောင်းမှုနှင့်အနာဂါတ်ကိုဖျက်ဆီးသည့်အကြီးစားစီမံကိန်းကိုအစိုးရကအဘယ်ကြောင့်ငွေကုန်ကြေးကျခံပီးရင်းနှီးမြုပ်နှံနေသလဲဟုမေးခွန်းထုတ်နေပီး၊ယင်းသို့ဆောင်ရွက်မည့်အစားငွေကြေးကိုမိမိတို့ရပ်ရွာအတွက်အကျိုးရှိစေမည့်ကျန်းမာရေး၊ပညာရေးနှင့်သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးတို့တွင်ရင်းနှီးမြုပ်နှံသင့်သည်ဟုအကြံပြုပါသည်။ 

    ရေကိုစီမံခန့်ခွဲရန်လိုအပ်ပုံကိုအချို့က အလုံးစုံခြံငုံကြည့်သည့်ရှုထောင့်မှ ထောက်ပြကြသည်။ မဲခေါင်နှင့် သံလွင် အရေးကိစ္စတို.တွင်ဆယ်စုနှစ်များစွာအလုပ်လုပ်ဖူးသည့်(အစိုးရမဟုတ်သည့်အဖွဲ့အစည်း)NGOဝန်ထမ်းတစ်ဦးက စီမံခန့်ခွဲရန်နှင့်ရေကိုမတူညီသည့်ရှု့ထောင့်ပေါင်းစုံမှနားလည်ရန်လိုအပ်ကြောင်းထောက်ပြခဲ့ပါသည်။   “ ရေကို ဘယ်လိုပိတ်ဆို.ရမယ်ကိုသာနားလည်တာ ရေထဲမှာဘာပါလဲ ဆိုတာသူတို့ဘာမှမသိဘူး၊ လူတွေအကြာင်းကိုလည်း မသိဘူး” ဟုချိုင်းကပြန်ပြောပြသည်။ပျက်စီးစေတဲ့ဆည်တမံ၊ရေလွှဲများဆောက်မည့်အစားဒေသခံများနှင့်အရပ် ဖက်အဖွဲ့အစည်းများတွင်ပါဝင်ဆောင်ရွက်သူများကသံလွင်ငြိမ်းချမ်းရေးဥယျာဥ်နှင့်ရပ်ရွာဒေသမှစီမံခန့်ခွဲသည့် မြစ်ကြောင်းထိန်းသိမ်းစောင့်ရှောက်ခံနယ်မြေ အပါအဝင်  ထိုင်းနိုင်ငံတွင်းသံလွင် မြစ်လက်တက်များ တလျှောက် အခြားသောပုံစံဖြင့် ရင်းမြစ်ကို  စီမံခန့်ခွဲရန် မျှော်မှန်းကြသည်။ 

    သံလွင်မြစ်ဝှမ်း တွင်အရှိန်အဟုန်တိုးပွားလာသော ပဋိပက္ခ များအကြားမှ ဟတ်ကြီးဆည် အပါအဝင် အငြင်းပွား စရာစီမံကိန်းများအပေါ်အာဏာသိမ်းမှုကမည်သို့ဆူးညောင့်ခလုတ်သဖွယ်ရှိမည်ကိုဆွေးနွေးနေစဥ်[2]မှာပင် ဒေသ ရပ်ရွာနှင့် အရပ်ဖက်အဖွဲ့အစည်းများအတူတကွစုဝေး၍ နှစ်နိုင်ငံဖြတ်သန်းစီးဆင်းနေသည့်မြစ်ရေကို အခြားနည်း ဖြင့်စီမံခန့်ခွဲနိုင်မှု့ အတွက်မျှော်မှန်းချက်ကိုပါထိခိုက်နေပါသည်။ ထိုသို့အခြေအနေများကြားမှ ဒေသရပ်ရွာ နှင့်အရပ်ဖက်အဖွဲ့အစည်းများကလည်းသံလွင်မြစ်ကိုကာကွယ်ရန်အားမလျော့ပဲကြံကြံခံနေကြသည်။၂၀၂၃မတ်လ ၁၄ရက်နေ့တွင် မြစ်ဝှမ်းဒေသတလျောက် ဆောက်လုပ်ရန်ရည်ရွယ်ထားသည့်ယွမ်ရေလွှဲနှင့် အခြား အကြီးစား စီမံကိန်းများကိုဆန့်ကျင်ရန် ဒေသခံများနှင့် လှုပ်ရှားတက်ကြွသူများက သံလွင်မြစ်နှင့် ၄င်း၏မြစ်လက် တက်များတလျောက်စုဝေးခဲ့ကြပါသည်။

    ဇာလီဖန်းသည်ပါရဂူဘွဲ့အတွက်မဲလ်ဘုန်းတက္ကသိုလ်တွင်ကျမ်းပြုနေသူဖြစ်သည်။သူမ၏သုတေသနလုပ်ငန်းတွင်သံလွင်မြစ်ဝှမ်းရှိ ဆည်တမံများနှင့် ရေလွှဲများ အရေးပါဝင်သည်။

    မြူဒါနာဝနတ်သည်ရှေ့နေ၊လူ့အခွင့်အရေးအတွက်ကာကွယ်ပြောဆိုသူနှင့်ကရင်အမျိုးသမီးတစ်ဦးဖြစ်ပီးသံလွင် မြစ်ဝှမ်းတွင်ကြီးပြင်းလာသူဖြစ်သည်။

    Notes

    [1] အင်တာဗျူးလုပ်သူနှင့်နေရာကိုလုံခြုံရေးအရလွှဲပြောင်းထားပါသည်

    [2] E.g., Roney et al. 2021; De Langre 2022; more broadly, Frontier Myanmar 2022.

    Related Articles
    No related posts

    Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.
    This field is required.