10 Minutes To Read

ဘယ်သူသေသေ ငတေမာများ၏ ရှေ့ရေးအလားအလာ။ ။ ချိနဲ့ ပြိုကွဲခြင်း နှင့် မြန်မာစစ်တပ် (အပိုင်း ၂/၂)

10 Minutes To Read
  • English
  • ဗမာစာ
  • အပိုင်း နှစ်ပိုင်းပါ ဆွေးနွေးချက်၏ ပထမပိုင်းတွင် ဘော်ဘီ အန်ဒါဆင် မှ မြန်မာစစ်တပ်၏ အားသာချက် အားနဲချက်များနှင့် ပြိုကွဲနိုင်ခြေ အလားအလာများကို ဆွေးနွေးထားသည်။

    Protesters step on a portrait of Min Aung Hlaing during the demonstration in front of the United Nations building in Bangkok. Burmese workers in Thailand gathered in front of the United Nations building to protest against the Myanmar military government following its orders to all Burmese workers abroad to remit at least 25 percent of their foreign currency income to the country's banking system. (Photo by Peerapon Boonyakiat/SOPA Images/LightRocket via Getty Images)

    ခုံခံတော်လှန်မှု

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်း (EAO) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ကြားက ကွဲပြား ခြားနား မှုမှ စတင်ကြရအောင်။ ရိုးရိုးရှင်းရှင်းနှင့် အကျယ်တဝင့် ဆိုရလျှင် EAO အများစုအတွက် ဖက်ဒရယ်နိုင်ငံတစ်ခုအတွင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် (ခွဲထွက်ရေး မဟုတ်တော့) မှာ အဓိက တောင်းဆိုချက်[1] တစ်ခု ဖြစ်သော်လည်း PDF သည် ပြည်နယ် အတွင်း တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရှာဖွေပါ။ PDF သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ပေါ်ထွက်လာခြင်းဖြစ်ပြီး EAOs များမှာ ယင်းမတိုင်မီ ကတည်းက ရှိခဲ့ခြင်းဖြစ်သည်။ PDF အချို့ သည် NUG  နှင့် ဆက်နွယ်မှုရှိ သည်။ သို့သော် PDF ဆိုသော အခေါ်အဝေါ်တွင် လွတ်လပ်စွာလှုပ်ရှားသော ဒေသခံကာကွယ်ရေး တပ်များ (LDF) လည်းပါဝင်သည်။ PDF နှင့် EAO တစ်ခုလုံးအနေဖြင့် ကြည့်မည်ဆိုပါက ‘လျော့လျော့ရဲရဲ ဖွဲ့စည်းထားသည့် ဒေသကာကွယ်ရေးအဖွဲ့များ၊ မြို့ပြ ခုခံရေး အဖွဲ့များ နှင့် EAOs များ ၂၅၀ ခန့် နှင့် အမျိုးမျိုးသော ပြည်သူ့စစ်များနှင့် ခုခံတွန်းလှန်သည့်အဖွဲ့များ တွင် တက်တက်ကြွကြွပါဝင်နေသူ အဖွဲ့ ဝင် ၂၅,၀၀၀ ခန့် နှင့် သက်ဆိုင်အရေးပါသော EAOs များတွင် ၃၀,၀၀၀ မှ ၃၅,၀၀၀ ကြား ထိ ရှိနိုင်သည်’ Andrew Selth မှ ဟု ခန့်မှန်းသည်။ ယခု ခန့်မှန်းချက်နှင့် အခြား ခန့်မှန်းချက်များက မည်သူ့ထံတွင်မှ တိကျသည့် တနိုင်ငံလုံး အတိုင်းတာ အရေတွက်မရှိ ဟူသော သတိပေးချက်များပါလာသည်။ ‌ဒေသခံ အဖွဲ့စည်းများ သာလျှင် တိကျသော ခန့်မှန်းအရေအတွက် ရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့ပင်လျှင် နေရာဒေသ တခုခုအတွက်သာ သီးသန့် ပြော နိုင်မည်ဖြစ်ပြီး အရေအတွက်မှာ အမြဲပြောင်းလဲနေမည် ဖြစ်သည်။ ထို့ကြောင့် မည်မျှရှိသည် ဟူသော အရေအတွက် ကိန်းဂဏန်းအချက်လက်သည် ထွက်ရှိပြီးသည်နှင့် တပြိုင်နက် မှန်ကန်သည့် ကုန်ဆုံးရက်လွန် သွားတော့သည်။

    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းများ

    EAO များနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်က အဖြုတ်ချခံ အရပ်သားအစိုးရ၏ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲ ရေး သဘောတူညီမှု စာချုပ် မအောင်မြင်ရခြင်း အကြောင်းကို ရေးသားခဲ့သည်။ ၎င်းသည် Selth ၏ အဓိက အသုံးပြုသည့် စကားလုံးဖြစ်သော သက်ဆိုင်အရေးပါမှု နှင့် ဆက်နွယ်နေသည်။ ၎င်းတွက်ချက် သော EAO တပ်သား ၃၀,၀၀၀ နှင့် ၃၅,၀၀၀ အရေအတွက်သည် ယခုလက်ရှိ အာဏာသိမ်းအစိုးရ မတိုင်မီ အပစ်ခတ်ရပ်စဲရေးယူထားသော အာဏာသိမ်းအစိုးရနှင့် စစ်ဖြစ်မနေသော EAO တပ်သားများ မပါဝင်ပေ။ အပစ်ခတ် ရပ်ထားသူများသည်လည်း ယှဥ်ပြိုင်တိုက်ခိုက် လာနိုင်သည့်အတွက် EAO အရေ အတွက် အားလုံးကို အကြမ်းဖျဥ်းခြုံငုံစဥ်းစားကြပါဆို့ ။ စစ်တပ်၏ အပစ်ခတ်ရပ်စဲရေးကို လက်မှတ်ထိုးလိုက် ဖောက်ဖျက် လိုက် ပြုသောအမူအကျင့်သည် သေစေနိုင်သော ကစားပွဲဖြစ်သည်။ အပစ်ခတ်ရပ်စဲထားသော EAO များသည်လည်း အပစ်ခတ်ရပ်စဲရေးများသည် ကြာရှည်ခံမည် မဟုတ်သည်ကို သိသည်။ အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီး EAO များ (PDF မပါ) အရေအတွက်များကို အောက်ပါ ဇယားတွင် ဖော်ပြထားပါသည်။

     တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းများ[2]# (၂၀၂၁ အာဏာမသိမ်းမီကာလ)# (၂၀၂၄ ဖေဖော်ဝါရီထိ)SAC ကိုတိုက်ခိုက်နေအခြား

    ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်

    ၅ – ၇,၀၀၀၂၀,၀၀၀[3]Yကော်သူးလေတပ်မတော် အဖြစ် ပေါင်းစည်း[4]
    ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်၅,၀၀၀Y
    ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်၁,၅၀၀ N 
    ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)၂၀၀**N 
    New ွန်ပြည်သစ်ပါတီ၈၀၀ + ၂,၀၀၀ အရန်အင်အား**N 

    မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

    ၄၀၀**Y 
    ချင်းအမျိုးသားတပ်ဦး / ချင်းအမျိုးသားတပ်မတော်၂၀၀၁၅,၀၀၀Y 
    ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၆၀-၁၀၀**N 
    ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၄၀၀-၇၀၀၁,၃၀၀[5]Y၂၀၂၄၊၀၁ မှ စ၍ စစ်တပ်ကို တိုက်ခိုက်သည်
    ၁၀သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တောင်ပိုင်း တပ်မတော်၈,၀၀၀၇,၀၀၀[6]N 
    ၁၁လားဟူဒီမိုကရက်တစ်အစည်းအရုံးမသိရှိ**N 

    ၁၂ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် / ပါတီ၃၀,၀၀၀ + ၃၀၀၀၀ အရန်အင်အား**NFNPCC- အဖွဲ့ဝင် အပစ်ခတ်ရပ်စဲထား
    ၁၃ကချင်လွတ်မြောက်ရေးတပ်မတော်/ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်၁၀-၁၅,၀၀၀၂၀,၀၀၀[7]YFNPCC
    ၁၄မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်)၂-၃,၀၀၀၁၀-၁၂,၀၀၀[8]Yညီနောင်မဟာမိတ် သုံးဖွဲ့။ FNPCC- အဖွဲ့ဝင် ယခင် အပစ်ခတ်ရပ်စဲထား
    ၁၅အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (မိုင်းလား)၃,၀၀၀၄,၀၀၀[9]NFNPCC- အဖွဲ့ဝင် အပစ်ခတ်ရပ်စဲထား
    ၁၆ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၈,၀၀၀၁၀,၀၀၀[10]YFNPCC- အဖွဲ့ဝင် အပစ်ခတ်ရပ်စဲထား
    ၁၇

    တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်

    ၆-၁၀,၀၀၀၁၀-၁၅,၀၀[11]Yညီနောင်မဟာမိတ် သုံးဖွဲ့။ FNPCC- အဖွဲ့ဝင် ယခင် အပစ်ခတ်ရပ်စဲထား
    ၁၈ရက္ခိုင့်တပ်တော်၃-၅,၀၀၀၃၀,၀၀၀[12]Yညီနောင်မဟာမိတ် သုံးဖွဲ့။ FNPCC- အဖွဲ့ဝင် ယခင် အပစ်ခတ်ရပ်စဲထား
    ၁၉

    ကရင်နီအမျိုးသားတိုးတက်ရေးပါတီ

    / ကရင်နီ တပ်မတော်

    ၆၀၀၁,၅၀၀[13]Y 
    ၂၀နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ – Khaplang[14]၅၀၀**N 
    ၂၁

    အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်

    ၂၀၀-၆၀၀**Nလတ်တလော တိုက်ပွဲများတွင် ပါဝင်ခဲ့သည့် အထောက်ထား မတွေ့ရ
    ၂၂ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့မသိရှိ**Y 
     တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများရှိ တပ်သားစုစုပေါင်း ခန့်မှန်းခြေ၁၁၇,၅၆၀*၁၆၄,၀၀၀*  

    * အရန်များကို ထည့်ပေါင်းထားသည်။

    ** အာဏာမသိမ်းခင် အရေအတွက်မှ သိသာထင်ရှားသည့်အပြောင်းလဲမရှိ သို့မဟုတ် အရည်တွက် မသိရှိရ။

    အာဏာသိမ်းပြီးစဥ်ကတည်းမှ EAO အရေတွက်သည် တိုးပွားလာနေသည်ဟု ကျွန်ုပ်တို့ မှတ်သားရ ပါသည်။ ရဲမျိုးဟိန်း ၏ ခန့်မှန်းချက်များမှာ မှန်ကန်လျှင် EAO အရေအတွက် စုစုပေါင်းနှင့် စစ်တပ်၏ လူအင်အား အချိုးမှာ အလားတူ နီးပါး ရှိမည်။ အောက်တိုဘာ ၂၇ ထိုးစစ် မတိုင်မီ ခုခံတော်လှန်မှု ၏ တစုတစည်းတည်းမရှိ အစည်းပြေမှုက စစ်တပ် တဖြည်းဖြည်း ပြိုလဲရေးနှင့် နယ်မြေ အလျင်မြန် ရရှိရေးအတွက် နှောင့်နှေးစေခဲ့သည်။ စစ်တပ်သည် နေရာတော်တော်များများတွင် အဖြစ် မရှိသော်လည်း အနည်းဆုံးတော့ အားကောင်းသော EAO များကို မတိုက်ခိုက်နိုင်ဟူသည့် အချက်ကို အသိမှတ်ပြုထားသည်။ ထို့အတွက်ကြောင့် အထက်တွင်ဆိုခဲ့သည့် တီးလုံးနှင့်အညီခုံလုတမ်း အပစ်ခတ်ရပ်စဲရေး ကစားကွက်ကို ကစားနေခြင်း ဖြစ်သည်။ စစ်တပ် ဆန့်ကျင်သော တိုက်ပွဲအရှိန်ဟုန် တည်ဆောက်လာခြင်းက EAO များအတွက် အပစ်ခတ်ရပ်စဲရေး နှင့် သိမ်းသွင်းခံရနိုင်ချေ  နည်းပါးစေသည်။

    Selth ၏ ‘သက်ဆိုင်အရေးပါမှု’ ဘက်ကိုပြန်လှည့်ရလျှင် တရုတ်နောက်ခံ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တွင်ပါဝင်သော EAO များကို အတိုင်းတာတခုထိ ဖော်ပြရန်လိုပါသည်။ FPNCC သည် ၁၉၈၉ ခုနှစ် ဗမာ့ကွန်မြူနစ်ပါတီ အကြွင်းကျန်များမှ ဖွဲ့စည်းထွက်ပေါ်လာသော ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP)  ဦးဆောင် ဖွဲ့စည်းထားသော ညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့ ဖြစ်သည်။ UWSP အား နိုင်ငံထဲတွင် အကြီးဆုံး၊ လက်နက်တပ် ဆင်မှု အကောင်းဆုံးနှင့် EAO များထဲတွင် ညီညွတ်မှုအရှိဆုံး ဖြစ်လာစေရန် တစိတ်တပိုင်းအားဖြင့် တရုတ်မှတည်ထောင် ပေးခဲ့ခြင်းဖြစ်သည်။ အာရှတိုက်တွင် ခြောက်ခမ်းနေသော အစ္စလာမ်နိုင်ငံတော် အိုင်အက်စ် နှင့် အမှန်မရှိတော့သော Wagner Group ပြီးလျှင် အကြီးဆုံး နိုင်ငံတော် မဟုတ်သည့် လက်နက်ကိုင် အစုအဖွဲ့ ဖြစ်နိုင်သည်။

    မဟာမိတ်ညီနောက်သုံးဖွဲ့ဖြစ်သည့် AA၊ MNDAA နှင့် TNLA တို့မှာ FPNCC ၏ အမိုးအောက်က ဖြစ်သည်။ (ရှမ်းပြည်တိုးတက်ရေးပါတီ နှင့်ချိတ်ဆက်နေသည့်) ရှမ်းပြည်တပ်မတော် မြောက်ပိုင်း နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (မိုင်းလား) တို့မှာ အလားတူ ဖြစ်သည်။ အခြားသော EAO မဟာမိတ် အစုအဖွဲ့များနှင့် မတူဘဲ FPNCC သည် ပို၍ အကြမ်းခံ ကြာရှည်ခံပြီး  ၎င်းတို့ထဲတွင်လည်း နိုင်ငံတဝှမ်း တိုက်ခိုက်နေသော EAO အဖွဲ့ အများစု ပါဝင်နေသည်။

    ချင်းအမျိုးသားတပ်ဦး (CNF) လက်နက်ကိုင်တပ်ဖွဲ့များသည် အသစ်ဖွဲ့စည်းထားသော ချင်းပြည်နယ်တွင် အခြေစိုက်သော PDF အဖွဲ့များဖြစ်သည့် ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ များ နှင့် မဟာမိတ်ဖွဲ့ထားသည်။ အာဏာသိမ်းပြီး ကာလအလွန် ၎င်းတို့၏ ကြီးထွားလာမှုမှာ အသိမှတ်ပြုလောက်စရာဖြစ်ပြီး ၁၉၉၀ အလယ်နှစ်များကာလ KIA ၏ လေ့ကျင့်သင်ကြား လက်နက်တပ်ဆင်ပေးထားပြီး ခုခံတော်လှန်မှုထဲသို့ အမှတ်မထင် CNF ဝင်ရောက်လာမှု နှင့် ဆင်တူသည်။

    EAO အဝန်းဝိုင်း ပြင်ပရောက်နေသူမှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ဖြစ်သည်။ အခြားသော ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ ကဲ့သို့ ရိုဟင်ဂျာ အဖွဲ့များ နှင့်အခြားသော EAO များက ၎င်းကို မဟုတ်မမှန်ဟု ငြင်းဆိုထားသော်လည်း ကမ္ဘာအဝှမ်းက ဂျီဟာ့ဒစ်အဖွဲ့များနှင့် ချိတ်ဆက်နေသော အကြမ်းဖက်အဖွဲ့စည်း တစ်ခု အဖြစ် သတ်မှတ် ထားသည်။ ရခိုင်ပြည်နယ်ရှိ လူအုံနှင့်ကျင်းနှင့် သတ်ဖြတ်မှုများတွင် ARSA သည်လည်း တနည်းတဖုံ ပါဝင် နေသည်။ ၎င်းတို့သည် အများအားဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းများအတွင်း ရိုဟင်ဂျာအကြားက နိုင်ငံရေးတိုက်ပွဲတွင် ပါဝင်နေပြီး ထိုနေရာတွင်ရှိသည့် ၎င်းတို့၏အာဏာကို ပြောင်းလဲစေသည့် ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း၊ ရခိုင်ပြည်နယ်ရှိ စစ်တပ်ထက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအရာရှိများကို ရံဖန်ရံခါ သတ်ဖြတ်ခြင်းများတွင် ပါဝင်နေသည်။ စာရေးသူ နားလည် သလောက်ဆိုလျှင် PDF များတွင် သို့မဟုတ် လက်ရှိခုခံတော်လှန်မှုများတွင် ရိုဟင်ဂျာ များ အထူးသဖြင့် ၎င်းတို့၏ အဓိက လူမျိုး-ဘာသာ-နယ်မြေပိုင်နက် ဆိုင်ရာ ပြဿနာများအလုံးစုံနှင့် ပတ်သက်၍ ကိုယ်စားပြုမှု ပါဝင်မနေပါ။ ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းလာသူများဟု ဆိုလိုသည့် ဘင်္ဂါလီဟု သုံးနှုန်းခေါ်ဆိုခဲ့သော အောင်ဆန်းစုကြည်နှင့် NLD တို့နှင့် ဆန့်ကျင်စွာ NUG ဘက်မှ ပထမဦးစွာ ‘ရိုဟင်ဂျာ’ ဟု သုံးနှုန်းခေါ်ဆိုပြီး နှင့် ရိုဟင်ဂျာများ နှင့် ဆက်ဆံရေး တည်ဆောက်ရန် ကြိုးစားမှုများ ရှိခဲ့သည်။ ထို့နောက်တွင် NUG သည် စစ်တပ်မှ ၎င်းတို့အပေါ် ကျူးလွန်ခဲ့ သည့် အကြမ်းဖက်မှုများ ရှိကြောင်းကို အသိမှတ် ပြုခဲ့သည် သို့သော် NLD မှ ရိုဟင်ဂျာများအပေါ် စနစ်ဖြင့် ချိုးဖောက် အကြမ်းဖက်မှုများ ရှိကြောင်းကိုတော့ အသိမှတ်မပြုခဲ့ပေ။ ထို့အတွက်ကြောင့် NUG ၏ ၎င်းတို့အပေါ် တရားမျှတမှု ရှာဖွေပေးမည်၊ ပြန်လည်နေရာချထားပေးမည်၊ ရိုဟင်ဂျာများပြန်လည်နေရာချထားမည် ဆိုသော ပြောဆိုချက်များသည် တကယ်လုပ် ဆောင်မည်ဟုတ်မဟုတ်ကို စောင့်ကြည့်ရဦး မည် ဖြစ်သည်။

    ပြည်သူ့ကာကွယ်ရေးတပ်များ

    မြန်မာနိုင်ငံမှ PDF  များသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးပြီးချင်းနောက်တွင် စတင်ဖွဲ့စည်း လက်နက်တပ်ဆင် ခဲ့ခြင်း ဖြစ်သည်။ သို့‌သော် မြန်မာတွင် ကာကွယ်ရေးတပ်ဖွဲ့စည်းမှု သမိုင်းကြောင်းများ ရှိသည်။ ဇူးရစ် တက္ကသိုလ်မှ Jasnea Sarm‌a မှ ယခုကဲ့သို့ ရှင်းပြခဲ့သည်။

    အတိတ်တွင်လည်း အဆိုပါအဖွဲ့များ ရှိခဲ့ဖူးသည်။ ၎င်းတို့တွင် စွမ်းအားရှင်၊ ပြည်သူ့တာဝန်၊ ရွာတာဝန် ပြည်သူ့ စွမ်းအားရှင် စသည့် အခြား အမည်များနှင့် အဖွဲ့အမျိုးမျိုးရှိခဲ့သည်။ အဆိုပါ အဖွဲ့များမှာ မိမိ ကိုယ်ကို ကာကွယ်ရန် နှင့် ခြိမ်းခြောက်မှု အန္တရာယ်များမှ ဒေသကိုကာကွယ်ရန် ကဲ့သို့သော အခြေနေများကို တုန့်ပြန် ဖွဲ့စည်းခဲ့ကြသည်။ အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သို့ ပြည်သူ့တပ်မတော် ဟု ရည်ညွှန်းကြသည့် PDF များသည် အာဏာသိမ်းမှု ကို တိုက်ရိုက်တုန့်ပြန်မှုဖြစ်ပြီး စစ်တပ်ကို တိုက်ခိုက်ကြသူများဖြစ်သည်။ သို့သော် ထိုအဖွဲ့များသည်လည်း အဖွဲ့ဟောင်း များ၏ လုပ်ဆောင်ပုံများကို ကူးယူကြသည်။ ထို့အတွက်ကြောင့်လည်း မည်သည့် PDF သည် မည်သည့်အဖွဲ့နှင့် တသ‌ဘောထား တည်း ဖြစ်နေသည်ကို နားလည်ရန်ခက်ခဲခြင်းဖြစ်သည်။ အများစုက ရွေးကောက်ခံပုဂ္ဂိုလ်များနှင့် ဆက်နွယ်နေသော် လည်း အမြဲတစေ ဆက်နွယ်နေသည်မဟုတ်ပါ။ PDF အားလုံးနှင့် NUG နှင့် ချိတ်ဆက်မနေပါ။ အများစုမှာ EAO များနှင့် ချိတ်ဆက် နေပြီး အချို့မှာ တခါတရံမဟာမိတ်ဖွဲ့ဆောင်ရွက်သည့် တကိုယ်တည်းသီးခြား အဖွဲများဖြစ်သည်။ အများစုမှာ EAO များက သင်ကြားပေးလိုက်သည့် စစ်သင်တန်း ကျောင်းဆင်းအများစုနှင့် ဖွဲ့စည်းထားကြသည်။ အချို့မှာ ချာ့ရှ် ကျောင်း များနှင့် ဆက်နွယ်မှုရှိသည်။ အရေးကြီးသည်မှာ ၎င်းတို့မှာ လက်နက်များရှိပြီး မိမိကိုယ်ကိုကာကွယ်နိုင်သည့် အနေထားရှိပြီး ၎င်းက ၂၀၂၁ အာဏာသိမ်းအပြီးတွင် အလွန်မင်းအရေးကြီး၍ ထိရောက်မှုရှိသည်။ သမိုင်းက ကျွန်ုပ်တို့ကို တခုခုအသိပေးနိုင်သည် ဆိုလျှင် ၎င်းကာကွယ်ရေးအဖွဲ့များမှာ လိုအပ်ချက်များနှင့်အညီ ဖြည့်စွမ်း၍ ဗမာနိုင်ငံ အတွင်းနှင့် ပတ်ချာလည် တွင် ဆက်လက်စုဖွဲ့ နေဦးမည်ဖြစ်သည်။
    Jasnea Sarma

    PDF များသည် ဗမာဒေသတလျှောက်တွင် ယခင်စစ်သားနှင့် ရဲများအပါအဝင် တိုက်ခိုက်မည့်သူအရေအတွက် သိသိသာသာ စုဆောင်းနိုင်ခဲ့ပြီး ထိရောက်သည့် ခုခံမှုကို တပ်ဆင်နိုင်ခဲ့သည်။ အစတွင်ဖော်ပြသကဲ့သို့ပင် ယခင် စစ်ကိုင်းနှင့်မကွေး တွင် တပ်ထဲဝင်မည့်လူငယ်အများစုမှာ ယခု PDF တပ်များတွင် ဝင်ကြသည်။ စစ်တပ်နှင့် ယှဥ်ပြိုင်တိုက်ခိုက်၍ သော် လည်းကောင်း သက်ဆိုင်ရာ EAO များထံမှသော်လည်းကောင်း အဓိက လက်နက်ရရှိသည် ဆိုသော်လည်း နိုင်ငံခြားမှလည်း လက်နက်များကို ရရှိကြသည်။ ဒေသတွင်း လက်နက်ငယ် ထုတ်လုပ်မှုများလည်း ရှိသော်လည်း အဆိုပါထုတ်လုပ်မှုများ၏ သဘာဝမှာ ၎င်းတို့၏ အစွမ်း ကို ကန့်သတ်နိုင်သကဲ့သို့ ထုတ်လုပ်သူသာမက ပစ်ခတ်သူများအတွက်ပါ အလွန်အန္တရာယ်များ စေသည်။ အရပ်သားများ၏ ဒရုန်းသို့ပြောင်းလဲမှု က အခြားတစ်ချက် ဖြစ်သည်။ အရေအတွက်အားဖြင့် NUG  သည် သင်တန်းပေးထားသော PDF တပ်ရင်း ၂၅၉ ခုနှင့် ဒေသခံ ကာကွယ်ရေးတပ် LDF ၄၀၁ ခုတွင် တိုက်ခိုက်သူအပေါင်း ၅ သောင်းမှ တသိန်း ကြားရှိသည်ဟု ဆိုသည်။ PDF တပ်ရင်းတစ်ခု၏ တရားဝင်အရေတွက်မှာ တပ်သား ၂၀၀ ဖြစ်ပြီး အချို့မှာ တပ်သား ၅၀၀ ခန့် ရှိသည်။ ဟိန်းက PDF တပ်သားအရေအတွက်သည် ဖေဖော်ဝါရီ ၂၀၂၂ ခုမှ စ၍ တပ်သား ၄၀,၀၀၀ နှင့် LDF တပ်သား ၃၀,၀၀၀ ထက် မနည်း ရှိသည် ဟု ခန့်မှန်းထားသည်။ ထိုတပ်သားများမှာ စစ်ကိုင်း၊ မကွေး၊ မန္တလေး စသည့် အညာများတွင် စုဝေးနေပြီး အဆိုပါနေရာများတွင် အနဲဆုံး တိုက်ပွဲဝင်နေသူ PDF ၁,၅၀၀၀ နှင့် LDF ၂၀,၀၀၀  ရှိမည် ဟု ခန့်မှန်းသည်။

    ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ စ၍ ရဲမျိုးဟိန်းနှင့် ဆွေးနွေးခဲ့သူ လွတ်လပ်သော စောင့်ကြည့်လေ့လာသူများ ခန့်မှန်းချက်အရ NUG အမိန့်ပေးညွှန်ကြားမှုအောက်တွင် PDF/LDF  ၃၀ ရာခိုင်နှုန်းခန့် ၊ NUG နှင့် ချိတ်ဆက်ထားသူ ၄၀ ရာခိုင်နှုန်းခန့် နှင့် လုံးလုံးလျားလျား လွတ်လွတ်လပ်လပ် ဖွဲ့စည်းထားသူ ၃၀ ရာခိုင်းနှုန်း ရှိမည်ဟု ခန့်မှန်းထားခဲ့ကြသည်။ ဒေသန္တရအဆင့်တွင် NUG ဒေသန္တရ ကိုယ်စားပြု မှုထက်  PDF များအားလုံးက ပို၍ အာဏာလုပ်ပိုင်ခွင့် ရှိပုံရသည်။ ၎င်းတို့တွင် လက်နက်ရှိ သည်လေ။ သို့သော်လည်း (ပထမဆုံး ၁၄ လ အတွင်း ကာကွယ်ရေး ဝန်ကြီးဌာနအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၄၄ သန်း ရှာဖွေစုဆောင်းခဲ့သည့်) NUG ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော အချို့ PDF များမှာ သူပုန်ဖွဲ့စည်းမှုများဆန်သည့် ပြန့်ကျဲ၍ အောက်ခြေတွင်လှုပ်ရှားသည့် အခြား PDF များနှင့် မတူဘဲ NUG နှင့် ရှင်းလင်းသည့် ပေါင်းစည်းမှု ရှိသည်။

    သို့သော်လည်း PDF များသည် ပူးပေါင်းဆောင်ရွက်သည့်ခေါင်းဆောင်မှုမျိုး ကင်းမဲ့ခြင်း၊ နိုင်ငံတကာ အသိုင်းဝိုင်းနှင့် ၎င်းတို့ ထိန်းချုပ်ထားသော ဧရိယာအချို့ရှိ လူများထံမှ အထောက်ပံ့များ အကန့်သတ် နှင့်သာ ရရှိခြင်း၊  အချို့အဖွဲ့များ၏ ရာဇဝတ်မှု ကျူးလွန်တတ်သော အမူအကျင့်များ စသည်တို့အပါအဝင် နက်နဲသော စိန်ခေါ်မှုများကို ကြုံတွေ့ရသည်။ Myanmar Institute for Peace and Security မှ မင်းဇော်ဦး က ၂၀၂၂ ခုနှစ် အစ ပိုင်းတွင် Deutsche Welle သတင်းဌာနအား PDF ၁၀ ရာခိုင်နှုန်းသာ အော်တိုမက်တစ် လက်နက်များရှိသည် ခန့်မှန်းပြောဆိုခဲ့ပြီး ယခုအခါတွင် PDF များတွင် ပို၍ ကောင်းသော လက်နက်များ ရှိနေပြီ ဖြစ်သည်။ အဆိုပါ စိန်ခေါ်မှုများရှိသော်လည်း ဒေသခံများ၏ ထောက်ခံမှု၊ အရေအတွက် ထိန်းသိမ်းထားနိုင်မှု၊ တပ်သားများ၏ တိုက်ခိုက်နိုင်စွမ်းရည်နှင့် ပတ်သက်၍ သက်သေများကို ၎င်းတို့ချေမှုန်းသုတ်သင် ခဲ့သော စစ်သားများ၏ ရုပ်ကြွင်းများတွင် မြင်ခဲ့ရပြီဖြစ်သည်။

    ခြုံငုံဆိုရလျှင် တပ်သားအင်အားမျှခြေသည် လက်နက်ကိုင်ခုခံမှုဘက်တွင် အားသာလျှက်ရှိသည်။

    ယုံကြည်မှု ပြဿနာ

    ယေဘူယျအားဖြင့် NUG နှင့် အထူးသဖြင့် PDF များပေါ် EAO များ၏ ထောက်ခံမှုသည် ဖြုတ်ချခံ အရပ်သားအစိုးရနှင့် EAO အချို့  ကြားတွင် ရှိခဲ့သည့် ယုံကြည်မှုဆိုင်ရာ ပြဿနာများကြောင့် အကန့် အသတ် ဖြစ်နေသည်။ အဆိုပါအကန့်သတ်ကို AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ကောက်နုတ်ချက်တွင် “၁၉၈၈ နောက်ပိုင်း NLD အစိုးရသည် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် တိုင်းရင်းသား လူမျိုးစုများအား ကတိပေးခဲ့သည်။ သို့သော် ၎င်းတို့ အာဏာ ရလာသောအခါ ထိုကတိကို လိုက်နာရန် ဖောက်ဖျက်ခဲ့သည်။ အဆိုပါ သင်ခန်းစာများမှ သင်ယူခဲ့ပြီး ကျွန်တော်တို့မှာ အယုံလွယ်သူများ မဟုတ်တော့ပါ” ဟု ရှင်းရှင်းလင်းလင်းဖော်ပြနေ သည်။ ဖြုတ်ချခံ အရပ်သား အစိုးရနှင့် EAO များ၏ အတိတ်က ဆက်ဆံရေးမှာ EAO နှင့် NUG နှင့် PDF များအကြားက ဆက်ဆံရေးကို အမှန်ပင် ပုံဖော်နေသည်။ အဆိုပါ ပြဿနာသည် မည်သည့် NUG-EAO အောင်မြင်မှု၏ အရှေ့တွင်မဆို အမြဲထွက်ပေါ်လာမည်ဖြစ်သည်။  ဖက်ဒရယ်စနစ် ဖော်ဆောင်ပေးမည်ဟူသော ကတိစကား များ သည် မစဥ်းစား မဆင်ခြင်ဘဲ လက်ခံယုံကြည်ရသော ကိစ္စများ မဟုတ်ပေ။

    စစ်တပ်အပေါ် နိုင်ငံတကာထောက်ပံ့မှု

    အာဏာသိမ်းပြီးစဥ်မှ  “နိုင်ငံတကာအသိုင်းဝိုင်း” ဆိုင်ရာ အင်္ဂါရပ်များမှာ စစ်တပ်နှင့် ၎င်းနှင့်နှီးနွယ်နေ သော ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်း အပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခြင်းဖြစ်သည်။ NUG ကိုထောက်ခံသော နိုင်ငံများနှင့် အဖွဲ့စည်းများမှာ စစ်တပ်နှင့် လက်တွေ့ကျသော ဆက်ဆံရေး တည်ဆောက်ထားသည့် နိုင်ငံများနှင့် နှိုင်းယှဥ်လျှင် အဖျားအနားသာ ဖြစ်သည်။ ကိုယ့်ဘက်မှာ တရုတ်ရှိရင် ဆွစ်ဇာလန်ကို ဘယ်ဂရုစိုက်မလဲ? အထက်တွင်ဖော်ပြထားသကဲ့သို့ပင် စီးပွားရေး ပိတ်ဆို့မှုသည် အမေရိကန် ဒေါ်လာ လွှမ်းမိုးမှုကြောင့် ထိခိုက်နိုင်သော်လည်း အမေရိကန်ဒေါ်လာအစားထိုး သုံးရန် နည်းလမ်း ရှာသူ အာဏာ ရှင် များအတွက် သို့မဟုတ် ၎င်းတို့ မဟာမိတ်များအတွက် ပြောပလောက်သည့် ပြဿနာမဟုတ်ပါ။

    ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ဆုံးဖြတ်ချက်များတွင် တရုတ်နှင့် ရရှားမှ စစ်တပ်အား ကာကွယ် ပေးနေပြီး နှစ်နိုင်ငံ စလုံးသည် ဟန်ပြပြုလုပ်ခဲ့သော မည်သည့်ရွေးကောက်ပွဲတွင်မဆို တရားဝင်မှု မျက်နှာဖုံးကို ပေးနိုင်သည်။ အိန္ဒိယနှင့် အခြား မြန်မာ အိမ်နီးချင်းများသည် ၎င်းတို့နှင့် ကုန်သွယ်နေသည့် ၊ ရွှေ့ပြောင်း ဒုက္ခသည်များကို ပို့နေသည့် နိုင်ငံ တစ်နိုင်ငံနှင့် ပတ်သက်၍ နည်းလမ်းများဖွင့်ထားရန် လိုအပ်သည်။

    တရုတ်နိုင်ငံ

    ၂၀၀၄ ခုနှစ်တွင် စစ်တပ်မှ “အနောက်” သို့ စတင် ဆက်သွယ်ခဲ့ပြီး ထိုလုပ်ရပ်သည် ဒေသတွင်း တရုတ်၏ ဗိုလ်ကျ စိုးမိုးခြယ်လှယ်မှုကို ကန့်ရန်ဟု ထင်မြင်ရသည်။ ယခုအခြေနေသည် ဆယ်စုနှစ် နှစ်ခုမှ ခင်ညွန့်နှင့် ၎င်း၏ တရုတ် ဖက်တွယ်မှု ကို ဖယ်ရှားစေခဲ့သည့် အခြေနေ၏ ပြောင်းပြန် ဖြစ်သည်။ စစ်တပ်ရှင်သန်ရေးအတွက် တရုတ်၏ ထောက်ခံပံ့ပိုးမှုသည် အသက်ပင်ဖြစ်သည်။ သို့သော် ညီနောင်မဟာမိတ် သုံးဖွဲ့အား တရုတ်၏ ညင်သာသည့် ချဥ်းကပ်မှုက ၎င်း၏ စိတ်မရှည်တော့ သည့် အခြေနေနှင့် တဖက်ထဲတွင် ပုံအောမထားတော့သည့် အခြေနေ ကို ဖွင့်ဟ  ပြသနေသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်တွင် တရုတ်သည် စစ်တပ်နှင့် ဆက်ဆံရေးကို တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံ ကြား ဆက်ဆံရေးကောင်းမွန်စေရန် အတွက်ဟု အကြောင်းပြခဲ့သည်။ သို့သော် မကြာမီက USIP  အစီရင်ခံစာ တစ်ခုတွင် ပြသခဲ့သည်မှာ တည်ငြိမ်ရေးနှင့် ပတ်သတ်လာလျှင် မတည်ငြိမ်မှုတွေသာ ဖြစ်ပေါ်နေလျက်ရှိပြီး တရုတ်နိုင်ငံအတွက် ဆိုကျိုးသက်ရောက်မှုများသာ ရှိသည်ဟု ပြသခဲ့သည်။ တရုတ်သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေး ပြဿနာများကို ဝင်ရောက်စွက်ဖက်ခြင်း ပြုမည်မဟုတ်ဟူသော ဥပဒေသကို ပြောကြားသည်။ တိုက်ရိုက်မဟုတ်သော်လည်း မြန်မာသည် တရုတ်၏ ဩဇာလွှမ်းမိုးမှု အဝန်းအဝိုင်း အတွင်း တွင်သာ မြဲမြံစွာ ရှိနေခဲ့သည်။ ‘ဩဇာလွှမ်းမိုးမှု အဝန်းအဝိုင်း’ သတ်မှတ် မှုကို လစ်ဘရယ်အပြည်ပြည်ဆိုင်ရာဆန်မှုကို ယုံကြည်သူများမှ ဖျားနာနေသော အသုံးနှုန်းဟု တခါက ယူဆခဲ့ကြသည်။ သို့သော်လည်း ၎င်း ဩဇာလွှမ်းမိုးမှု အဝန်းအဝိုင်းသည် အမှန်တကယ်နှင့် သန်သန်မာမာရှိနေပြီး  တရုတ်နိုင်ငံ၏ မူးယစ် ဆေးဝါးထိန်းချုပ်ရေး မူဝါဒ နှင့် မြန်မာနှင့် အရှေ့ပိုင်း အိမ်နီးချင်းနိုင်ငံများမှ တရုတ်ထိ စီးပွားရေးအရနှင့် အခြေခံ အဆောက် အုံ လမ်းပန်းဆက်သွယ်ရေးအရ ချိတ်ဆက်မည့် ရပ်ဝန်းပိုးလမ်းမစီမံကိန်း အထိ ပါဝင်သည်။ တရုတ်နှင့် ဆက်နွယ်မှုသည် ယဥ်ကျေးမှု အရ အထူးသဖြင့် ယူနမ်ပြည်တွင် တည်ရှိနေပြီး သားဖြစ်သည်။

    တရုတ်သည် အိန္ဒိယမှ စိုးရိမ်ရစေသည့် (အောက်တွင် ကြည့်ပါ)  မြန်မာ့ ဩဇာကြီး စီးပွားရေးလုပ်ဖောက်ကိုင်ဖက် ဖြစ်ပြီး မြန်မာ့ စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အုံ၊ ဖွံ့ဖြိုးရေး နှင့် သဘာဝ ရင်းမြစ် ထုတ်လုပ်ရေး များတွင် အမြောက်အများ မြှုပ်နှံထားပြီး နောက်ဆုံးအာဏာပိုင်အစိုးရနှင့် ယခင်အစိုးရလက်ထက်တွင်ပါ မြန်မာနိုင်ငံအတွက် အလွန်လိုအပ် နေသော စီးပွားရေး ရင်းမြစ်တစ်ခုဖြစ်သည်။ သို့သော်လည်း မြန်မာသည် နှစ်နိုင်ငံကြားဆက်ဆံရေးတွင် အတိုင်းတာတစ်ခုအထိ အာဏာလုပ်ပိုင်ခွင့်ရှိသည်။ အဓိက တရုတ်၏ ရင်းနှီးမြုပ်နှံမှုများတွင် မက်လက္ကာရေလက်ကြားကို ဖြတ်၍ သင်္ဘောများနှင့် လောင်စာ သယ်ယူပို့ဆောင်မှုအပေါ် တရုတ်၏မှီခိုနေရမှုကို လျှော့ချရန်၊ ကျောက်ဖြူနှင့် ယူနန်ကို ပိုက်လိုင်းဖြင့် ဆက်သွယ်မည့် ကျောက်ဖြူရေနံဆိပ်ကမ်း၊ လျှပ်စစ်ဓါတ်အား စက်ရုံ၊ အထူးစီးပွားရေးဇုံ (EEZ)၊ ဧရာဝတီရှိ မီးလင်းချိုင့် သဘာဝဓါတ်‌ငွေ့ ဓါတ်အားပေးစက်ရုံ နှင့် အခြား များစွာ ပါဝင်သည်။ ၎င်းမှာ နိုင်ငံခြား ဆက်ဆံရေးပေါ် ပြည်တွင်း ရွေးကောက်ပွဲများမှ ကြည့်သည့် အစိုးရတစ်ရပ်၊ ‘လွတ်လပ်သောစျေးကွက်’ မှအားသာချက်များကို လိုလားပြီး အစိုးရ ထိန်းချုပ်သော စီးပွားရေးလုပ်ငန်းများ၏ အလုပ်ဖြစ်မှုကို အလိုအလျောက် လျှော့တွက်သောသူများ အပါအဝင် အများက တွေးကြည့်၍ပင်မရသည့် နယ်ချဲ့အတွေးခေါ် ပမာဏမျိုးဖြစ်သည်။

    အဆိုပါ ဆက်ဆံရေးမှာ အမြဲတမ်းချောမွေ့သည်တော့မဟုတ်ပါ။ မြန်မာနှင့်တရုတ်၏ ဆက်ဆံရေးသည် ယူနန်မှ ထွက်ပြေးလာပြီး ၁၉၄၀ ခုနှစ်များတွင် ရှမ်းပြည်တွင် ဖွဲ့စည်းကာ တနေ့တွင် CIA  ၏ အကူညီဖြင့် ပြန်လည်ကျုးကျော် နိုင်မည်ဟု ယုံစားနေသော တရုတ်အမျိုးသားအစွန်းရောက် ကူမင်တန် (GMD) တပ်ဖွဲ့များကို ဖိနှိပ်ဖြိုခွင်းရန် ပူးပေါင်း ဆောင်ရွက်ခြင်း မှစခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရှင်းလင်းခံရသူများမှာ တရုတ်ကွန်မြူနစ်များအတွက် သီအိုရီအရ ခြိမ်းခြောက် မှု တစ်ခု ဖြစ်သည်ဆိုသည်မှာ ချဲ့ကား ခြင်းသာဖြစ်သည်။  ရှမ်းပြည်နယ်ရှိ GMD အကျွင်းကြန်များမှာ စစ်တပ်နှင့် မတူဘဲ အဖွဲ့စည်းတစ်ခုလုံးမှာ အကျင့်ပျက် ချစား မှုများနှင့် ပြည့်နှက်နေပြီး ငွေကြေးရရှိရန်သာ စိတ်ဝင်စားသည်။ အဆိုပါ အချိန်က တရုတ် မြန်မာ ပူးပေါင်းဆောင်ရွက်ရေးမှာ ပုံမှန်မဟုတ်သော ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည်။  ၁၉၆၀ နောက်ပိုင်း တွင် အာဏာရှင်နေဝင်းမှ မြောက်မြားစွာသော တရုတ်လူမျိုးများကို မောင်းထုတ်ပြီးသည့်နောက်တွင် တရုတ်သည် ရန်ကုန် မြောက်ပိုင်း ပခူးရိုးမရှိ ဗမာကွန်မြူနစ် (CPB) ကို ထောက်ပို့မှု မြှင့်တင်ခဲ့သည်။ တချိန်တည်းတွင် CPB ကိုထောက်ပံ့နေသော် တရုတ်နီအစောင့် ဗော်လန်တီယာ များမှ  ၁၉၆၈ ခုနှစ်တွင် ရှမ်းပြည်မြောက်ပိုင်းကို ကျူးကျော်နေခဲ့သည်။  ၁၉၇၀ နောက်ပိုင်း မော် ဆုံးပြီး တရုတ်ပြည်၏ အမြင့်ဆုံးခေါင်းဆောင်အဖြစ် တိန့်ရှောင့်ဖိန် ထွက်ပေါ်လာပြီးနောက်တွင် ပြန်လည်ပေါင်းစည်း ရေး စတင်ခဲ့သည်။ တိန် သုတ်သင်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အဖွဲ့ခွဲတစ်ခုဖြစ်သည့်  ‘လေးဦးဂိုဏ်း’ အတွက် CPB မှ ပေါ်တင် ထောက်ပံ့မှုက ဗကပပေါ် တိန်၏ ထောက်ပံ့မှု ကျဆင်း စေခဲ့သည်။ စစ်တပ်၏ ‘တရုတ် ဖက်တွယ်မှု’ ကို ၂၀၂၄ တွင် ဖယ်ရှားမှုက တရုတ်၏ ရင်းနှီးမြုပ်နှံမှုများနှင့် အခွင့်လမ်းများကို ရပ်မသွားစေခဲ့သော်လည်း ၂၀၁၁ တွင် မြစ်ဆုံ စီမံကိန်း လမ်းချော်သွားခဲ့မှုက တရုတ်မြန်မာ ဆက်ဆံရေးတွင် နောက်ထပ် ထစ်ငေါ့ မှု ဖြစ်ခဲ့သည်။ အာဏာသိမ်းပြီး နောက်တွင် တရုတ်သည် မြန်မာပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ရန်ကြိုးစားမှုများကို  ပိတ်ကာ ခဲ့သည်သာမက မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြုပ်နှံမှုများကို ပိုမိုတိုးခဲ့ပြီး ဖြစ်သည်။

    လတ်တလော ထိုးစစ်များမစမီကပင် တရုတ်သည် စစ်တပ်၊ ၎င်းတို့ဖြုတ်ချခဲ့သော အရပ်သားအစိုးရနှင့်  အာဏာမသိမ်းမီ ငြိမ်းချမ်းရေးဖြစ်စဥ်မှ လုံးလုံးလျားလျား ပယ်ထုတ်ခံရသော တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ဖြစ်သည့် FPNCC မှ EAOs များနှင့် ပတ်သက်၍ အရှုံးမရှိအောင် သတိထား၍ ဆက်ဆံခဲ့သည်။ အဆိုပါ EAO များနှင့် တရုတ်၏ ကြားဝင် ညှိနှိုင်းမှုက အင်အား အလွန်အကျွံသုံးစွဲပြီးဖြစ်သော စစ်တပ်ကို အခြားနေရာများတွင် အင်အားအလွန်ကျွံသုံးစွဲနိုင်ရန် ခွင့်ပြု မည့် အပစ်ခတ်ရပ်စဲ ရေးသို့ ဦးတည်စေခဲ့သည်။ FPNCC နှင့် ထိတွေ့ဆက်ဆံလိုသည့် အနောက်နိုင်ငံအင်အားကြီး ပါဝါ များကိုလည်း အနောက်တိုင်းသား “ပဋိပက္ခ” နှင့် “ငြိမ်းချမ်းရေးတည်ဆောက်ခြင်း” ပညာရှင်များကိုလည်း ပထုတ်၍ NCA လက်မှတ်ရေးထိုးထားသော KNU နှင့် NMSP ကဲ့သို့သော အဖွဲ့များနှင့် ကျေနပ်ရန် ရပ်တန့်နိုင်ခဲ့သည်။ နောက်ဆုံးထိုးစစ် ပြီးသည်အထိ တရုတ်နှင့် FPNCC ၏ ဆက်ဆံရေးမှာ ဆက်လက်ရှိနေခဲ့သည်။ အမှန်ပင် ညီနောင်မဟာမိတ် သုံးဖွဲ့ သည် တရုတ်အား ၎င်းတို့၏ အမှန်တကယ် ရည်ရွယ်ချက်များကို ကြိုတင်အသိပေးခဲ့ဟန် ရှိသည်။ တရုတ်၏ စစ်တပ်နှင့် မဟာမိတ် များအားလုံးကို ညင်ညင်သာသာ ဆက်လက်ချဥ်းကပ်မှုက ၎င်းတို့ဖော်ပြထားသည့် ကြားဝင်မစွက်ဖက်ရေး မူဝါဒကို ထင်ဟပ် သော်လည်း စစ်တပ်၏ ရှမ်းပြည်ရှိ တရုတ်လူမျိုးရာဇဝတ်ဂိုဏ်းများကို နေထိုင်ကျက်စားခွင့်ပေးထားသည့်အပေါ် စိတ်ကုန် လာခြင်းကိုလည်း ထင်ဟပ်သည်။ အောက်တိုဘာ ၂၇ ထိုးစစ်၏ ရလဒ်အဖြစ် အဆိုပါ ရာဇဝတ်သားများဖမ်းဆီးရမိ၍ တရုတ်ပြည်သို့ ပြန်လည်ပို့ဆောင်နိုင်စေခဲ့သည်။ ဆန့်ကျင်ဘက်သက်သေများသာရှိသော်လည်း စစ်တပ်၏ ၎င်းတို့က တိုက်ပွဲ တွင် အားသာသည် ဟူသော ပြင်မရသည့် ယုံကြည်ချက်ကြောင့် မကြာမီတွင် အားအင်ကုန်ခမ်း၍ သေးငယ် ပျောက်ကွယ် သွားဖွယ် ရှိသည့် စစ်ပွဲတွင် ပါဝင်နေသူများ အကြား တရုတ်သည် ယာယီအပစ်ခတ်ရပ်စဲရေးကို ညှိနှိုင်းစေ့စပ် ပေးခဲ့သည်။

    NUG နှင့် အနောက်အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေး ရှိသည့်အပေါ် မကျေနပ်မှုများကို တရုတ်သည် အတိအလင်း ဖော်ပြခဲ့ သော်လည်း ရံဖန်ရံခါ ဖုံးကွယ်မှုများကို ဆောင်ရွက်ခဲ့သည်။ အပြလုပ်ရပ်များသာ ဖြစ်နိုင်သည်။ NUG သည် ၎င်းဘက်မှ တရုတ်နှင့် ပတ်သက်သော တရုတ်ပြည်၏ ‘တရုတ်တနိုင်ငံတည်း (One China)’ မူဝါဒ ကို ထောက်ခံကြောင်း ပါဝင်သော မူဝါဒစာတမ်း တစ်စောင် ကို ထုတ်ဝေခဲ့သည်။ NUG သာ စစ်တပ်နှင့်ယှဥ်ပြိုင်ရာတွင် အနိုင်ရသူအဖြစ် ထွက်ပေါ် လာပါက တရုတ်သည် ယာယီဘေးရောက်သွားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားနိုင်ငံ ပြည်တွင်းရေးတွင် ဝင်မစွက်ဖက်ရ ဟူသော အဆိုများရှိသော်လည်း လက်ရှိစစ်တပ်နှင့် ဆက်ဆံမှုများမှာ ၎င်း၏အောင်မြင်မှု အကျိုးအတွက် ပုံအောထားခြင်းသာ ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ဘေးရောက်မှုမှာ ယာယီသာ ဖြစ်လိမ့်မည်။ တရုတ်တွင် စီးပွားရေး၊ နိုင်ငံရေးနှင့် အခြား စသည့် အခွင့်အာဏာ များစွာ ရှိနေသည်။

    ရရှား

    စစ်တပ်သည် တရုတ်ကိုပဲ ယုံကြည် ပုံအောမထားဘဲ ရရှားနှင့် မျှဝေထားသည်။ စစ်အေးကမ္ဘာအတွင်း မြန်မာသည် ဆိုဗီယက် ယူနီယမ်နှင့် အလွန်နီးစပ်မှုရှိသည်။ USSR သည် ၁၉၅၈ ခုနှစ် နစ်ခီးတ ခရူးရှ်ဖ် (Nikita Khrushchev) အလည် လာရောက်ခဲ့ပြီး နောက်တွင် အင်းလျားလိတ်ခ် ဟိုတယ်ကို တည်ဆောက်ပေးခဲ့သည်။ ရရှားသည် အဆိုပါ သဘောထားမျိုး ဆက်လက် ရှိနေသေးသည်။ စစ်တပ်က လက်နက်များကို လိုအပ်ပြီး ရရှားမှာ ငွေကြေးလိုအပ်သည့် အတွက် အဆင်ပြေချော မွေ့သော ဆက်ဆံရေး တစ်ခုရှိနေသည်။ ရရှားသည် လက်ရှိတွင် စစ်တပ်၏ အကြီးဆုံး လက်နက်‌‌တင်ပို့သူ ဖြစ်ပြီး လက်နက် တွင် အမြှောက်များနှင့် ဖိုက်တာ ဂျက်များ ပါဝင်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုက ခရီးသွားလည်ပတ်မှု၊ ရောင်းဝယ်ဖောက်ကားမှုနှင့် နှင့် နူကလိယ စွမ်းအင် အထိပါ ပါဝင်သည်။ စစ်တပ်အား ပိတ်ဆို့ရန် UNSC ၏ ကြိုးပမ်းမှုကို လည်း ရရှားမှ ဟန့်တားထားသည်။ မြန်မာပြည်တွင် နူကလိယ စွမ်းအင် ဖွံ့ဖြိုးတိုးတက်လာရန် ရရှား၏ပံ့ပိုးမှုမှာ စိတ်ဝင် စားဖွယ်ဖြစ်သည်။ စစ်တပ်မှ ထို ဖွံ့ဖြိုးတိုးတက်လာမှုမှာ ငြိမ်းချမ်းသည်ဟု ဆိုထားသည်။ သို့သော် လစ်ဗျားရှိ ကဒါဖီ အဖြစ်ကို ကင်ဂျုံအမ် က လေ့လာခဲ့သကဲ့သို့ပင် မင်းအောင်လှိုင်မှာ ကင် နှင့် ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ ဥပမာနောက်ကို လိုက်နေခြင်းဖြစ်သည်။ အလုံးစုံ ပျက်သုန်းရေး လက်နက်များသည်သာလျှင့် အနောက်နိုင်ငံများ ယုံကြည်သည့် လက်နက်ကွင်း ဂါထာ ဖြစ်သည်။

    အိန္ဒိယ

    စစ်တပ်နှင့် ၂၀၂၁ ခုနှစ် အာဏာ သိမ်းမှုနှင့် ပတ်သက်၍ အိန္ဒိယ၏ ရပ်တည်ချက်မှာ ‘အပြောနှင့်အလုပ်ကြားက အက်ကွဲမှု’ ဟု ဖော်ပြရန်သင့်တော်ပေသည်။ ဒီမိုကရေစီအားထိန်းသိမ်းမည်ဟု သံတမာန်စကားလုံး ချိုချို များနှင့် အာဏာရှင်အား အလွန်အမြင် ကျဥ်းမြောင်းသော စစ်ရေး နိုင်ငံရေး စီးပွားရေး ထောက်ခံမှုများ ပြုလုပ်နေသည့်အပြင် အခြားခုခံတော်လှန်‌ နေသော ဇာတ်ကောင်များ၏ အရေးကြီးသော အခန်းကဏ္ဍကို နားလည်ရန် တုံ့ဆိုင်းနေသည်။

    မြန်မာပြည်အား မည်သူအုပ်ချုပ်သည်ဖြစ်စေ ကောင်းမွန်သော ဆက်ဆံရေးရှိရန် အိန္ဒိယသည် ကြိုးစားနေပြီး အကြောင်း ရင်းမှာ က) တရုတ် နှင့် ခ) မြန်မာနှင့် ရှည်လျားထိစပ်နေသော နယ်စပ်တလျောက် သူပုန်များကိုချေမှုန်းရန် အပါအဝင် အရှေ့မြောက် အိန္ဒိယရှိ လုံခြုံရေး ဖြစ်သည်။ နယ်စပ်လုံခြုံရေးဆိုလျှင် အရှေ့မြောက်အိန္ဒိယ၏ အာရူးနာချဲ ပရာဒတ်ရှ် အား တိဘက်၏ အစိတ်ပိုင်းအဖြစ် မှတ်ယူနေသော တရုတ်ပါဝင်နေသည်။ အိန္ဒိယ၏ လက်ရှိ မူဝါဒသည် အနဲဆုံး ၁၉၈၈ ခုနှစ် များတွင် အခြေခံသည်။ တရုတ်ကဲ့သို့ပင် အိန္ဒိယသည် ၎င်း၏ဆက်ဆံရေးအား တည်ငြိမ်မှုရှိရန် လိုအပ်သည်၊ ကြားဝင် မစွက်ဖက်ဟူသော စည်းမျဥ်းများဖြင့်အကြောင်းပြသည်။ ဒီမိုကရေစီအပြောင်းလဲ ကာလတိုအတွင်းတွင် လုံခြုံရေး၊ စွမ်းအင် နှင့် ဆက်သွယ်ရေး အပါအဝင် ဒေသအတွင်း မဟာဗျူဟာမြောက် အကျိုးစီးပွားများကို မြှင့်တင်ရန် ရည်ရွယ် ချက်ဖြင့် စစ်တပ်နှင့် အရပ်သားအစိုးရအကြား ၎င်း၏ ဆက်ဆံရေးကို မျှတအောင် ထိန်းသိမ်းခဲ့သည်။ ယခုအခါ အိန္ဒိယသည် ဒီမိုကရေစီ အကူးပြောင်းကာလ မတိုင်မီက ၎င်း၏ ရပ်တည်ချက်သို့ ပြန်ပြောင်းလဲခဲ့ပြီး အိန္ဒိယ ပိုင်နက်ထဲ ဗုံးများကျ ရောက် ကွဲခဲ့ သည့်တိုင် စိုးရိမ်စရာမရှိသဖွယ် နှင့် အိန္ဒိယတပ်များ ထိန်းချုပ်သည့် ဧရိယာအတွင်းသို့ ထွက်ပြေးလွတ်မြောက် လာသည့် စစ်သားများကိုပင် မြန်မာဘက်သို့ ဘေးကင်းစွာ ပြန်ပို့ပေးခဲ့သည်အထိ လက်ရှိ အာဏာပိုင်များနှင့် ကောင်းမွန်သော ဆက်ဆံရေးများကို တည်ဆောက်ထားသည်။

    မြန်မာသည် အရှေ့တောင်အာရှနှင့် အိန္ဒိယ၏ ဆက်နွယ်မှုကို ခိုင်မာစေပြီး ၎င်း၏ အနေအထားကို ဒေသအတွင်းအင်အားကြီး ပါဝါ တစ်ခုအဖြစ် အားကောင်းလာစေရန် ရည်ရွယ်သည့် အိန္ဒိယ၏ ‘အရှေ့တိုင်း အက်ဥပဒေ’  မူဝါဒအတွက် အလွန်အရေး ပါသော မိတ်ဖက်ဖြစ်သည်။ မြန်မာသည် အိန္ဒိယ၏ စွမ်းအင်လုံခြုံရေးအတွက် အဓိက သော့ချက်ဟု ယူဆထားပြီး  စစ်တွေနှင့် အရှေ့မြောက် အိန္ဒိယ သို့ ဆက်နွယ်သည့် ကုလားတန် မိုဒယ်များစွာပါ ကူးပြောင်းသွားလာရေး စီမံကိန်း နှင့် တရုတ်၏ BRI  ကို တုန့်ပြန်သည့် အနေဖြင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံပါဝင်သော အဝေးပြေးလမ်းမ စီမံကိန်း အပါ အဝင် များစွာ သော စီမံကိန်းများကို ဖော်ဆောင်နေသည်။ စစ်တပ်၏ အိန္ဒိယပေါ် သဘောထားမှာ ပို၍ အရောင်းဝယ် ဆန်သည်။ အိန္ဒိယန်း နာဂ၊ မီသဲ၊ မီဇို နှင့် အခြား သူပုန်များက မြန်မာနိုင်ငံအား အခြေစိုက်ရာအဖြစ် အသုံးပြုခြင်းကို အခြားနည်းလမ်းဖြင့် ကြည့်သည်။ စစ်တပ်က အဆိုပါ နိုင်ငံခြားသားသူပုန်များ ရှိနေခြင်းက အိန္ဒိယအာဏာပိုင်များနှင့် ညှိနှိုင်းရာတွင် အလျှော့တင်း တောင်းဆိုနိုင်သည့် အသုံးဝင်သည့် အရာများ အဖြစ် မြင်သည်။ ကာကွယ်မှုရသည့် အခွင့်ရေးအတွက် သူပုန်များက ဝန်ဆောင်ကြေးပေးဆောင် သကဲ့သို့  ဒေသခံ စစ်တပ်ထံမှလည်း လက်နက်နှင့် အထောက်ပံ့များကို ဝယ်ယူသည်[15]

    အခြားအိမ်နီးချင်းနိုင်ငံများမှာ သိပ်အရေးမပါလှသော်လည်း အရေးပါနေဆဲဖြစ်သည်။ ထိုင်းသည် ကိုလိုနီနယ်ချဲ့ များထွက် ခွါပြီးကတည်းမှ မြန်မာနိုင်ငံမှ အာဏာရှိသူများနှင့် လက်တွေ့ကျသော ဆက်ဆံရေးကို တည်ဆောက်ထားသည်။ ဘင်္လားဒေ့ရှ် သည် မောင်းထုတ်ခံရသည့် ရိုဟင်ဂျာများ ၏ ဝန်ထုတ်ဝန်ပိုးနှင့် ၎င်းတို့အား ပြန်ပို့ရန် နှောင့်နှေးကြန့်ကြာမှု များရှိသော်လည်း အလားတူ လက်တွေ့ကျသော ဆက်ဆံရေးရှိသည်။ အဝေးပြည်မှ စိတ်ကူးယဥ်ဆန်သည့် နိုင်ငံခြားရေးရာ မူဝါဒများ ထက်စာလျှင် နီးစပ်ရာအိမ်နီးချင်း နိုင်ငံများက ပိုပြီး အလေးနက်ထားရသည်။

    ရေတိုကာလ ခန့်မှန်းချက်များ

    ဒီတိုက်ပွဲက သုံးနှစ် ကျော် ဆက်လက်ဖြစ်ပွားနေခဲ့မယ်၊ ဗမာတွေက ဦးဆောင်နေခဲ့မယ်၊ အချို့ EAO တွေ ဟာ နောက်ဆုံးမှာ အဓိပ္ပါယ်ရှိရှိ အချင်းချင်းနဲ့ သာမကဘဲ PDF တွေနဲ့ပါ လက်တွဲ တိုက်ပွဲဝင်ခဲ့မယ်၊ အဲ့တာတွေ အားလုံးကို ကြုံရတဲ့ စစ်တပ်ဟာ သေးငယ်မှုန်ဝါးလာလိမ့်မယ်လို့ ဘယ်သူသိခဲ့မလဲ?

    ပထမဆုံးကျွန်တော်တို့ လေ့လာမှတ်သားခဲ့ရတာသည် စစ်တပ်သည် ထိရောက်မှုမရှိဆုံး စစ်ပွဲဖန်တီးသည့် အစုအဖွဲ့ တစ်ခု သာ ဖြစ်သည်။ ၎င်းတို့သည် အာဏာရှင်နှင့် အာဏာရှင်အလားတူများ၏ အကန့်သတ်ဖြစ်နေသော ကိရိယာသေတ္တာထဲမှ ဆွဲ ယူထားသကဲ့သို့  စစ်မှုထမ်းစေခြင်းကလွဲ၍ အကြံဥာဏ်စိတ်ကူးသစ် များ ရှိပုံမရပေ။ ထို့အတူပင် သိပ်မကြာခင် ပြိုလဲနိုင်ခြေ မရှိသော်လည်း ၎င်းတို့သည် အားနဲ၍ ဆက်လက်အထိနာ နေမည်ဖြစ်သည်။ တပ်မှစွန့်ခွါထွက်ပြေးမှုများ၊ အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းများနှင့် တိုက်ခိုက်ရန် ဆန္ဒမရှိခြင်းများ ကို ပိုမိုမြင်တွေ့ရဖွယ်ရှိသည်။ နိုင်ငံခြားသား တိုက်ခိုက်ရေး သမား များ ဥပမာ ရရှား စစ်တပ် ကဲ့သို့ စစ်တပ်အတွက် နိုင်ငံခြားပံ့ပိုးမှုများကို မြင်ရကောင်းမြင်ရနိုင်မည်။ အဆိုပါ နိုင်ငံခြားပံ့ပိုး မှုများ ရရှိရန်ပင်လျှင် ပထမဦးစွာ စစ်တပ်သည် ၎င်းတို့၏ အတ္တကို ခဝါချရန်လိုအပ်သည်၊ ဒုတိယအားဖြင့် တရုတ်၏ အတည်ပြုမှု ရရန်လိုသည်။ အဆိုပါ နိုင်ငံခြားသားများအား ‘အကြံပေး’ ဟု အမည်တပ်ကောင်းတပ်မည်ဖြစ်ပြီး ခုခံ တော်လှန် သူများအနေဖြင့် ၎င်းတို့ကို သတ်ရသည်မှာ ပျော်ရွှင်မှုအနည်းငယ် ရမည် မဟုတ်ပေ။

    ပို၍ပင်သေးငယ်လာသော အဝန်းဝိုင်းတွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုမှာ တိုးလာမည်ဖြစ်သည်။ စစ်တပ်သည် ၁၉၆၀ နှစ်များတွင် ယခုအချိန်ထိလူဦးရေ ကျဲပါးသော ဒေသဖြစ်သည့် ပဲခူးရိုးမတွင် သုံးခဲ့သော ရန်သူချေမှုန်းဗျူဟာဖြစ်သည့် ‘ဖြတ်လေးဖြတ်’ ဗျူဟာ ပြန်သုံးလာနိုင်သည်။ ဖြတ်လေးဖြတ် သည် အစားအသောက်၊ ရန်ပုံငွေ၊ သတင်းအချက်လက်နှင့် လူအင်အား မရရှိရန် ရည်ရွယ်ပြီး ဖမ်းဆီးချုပ်နှောင်ရာနေရာများ၊ လူများကို နေရာပြောင်းရွှေ့ခြင်း နှင့် သတ်ဖြတ်ခြင်းများ ထုနှင့်ထည်နှင့် ပါဝင်သည်။ ၎င်းမှာ ယခုပင်ဖြစ်ပျက်နေပြီး အထူးသဖြင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို လုံခြုံ စေရန်နှင့် စစ်ကိုင်းနှင့် မကွေးကဲ့သို့သော ဗမာ ပြည်မကြီးမှ ၎င်းတို့မထိန်းချုပ်နိုင်သော ဧရိယာများတွင် လူနေထိုင်မှု ဦးရေလျှော့ချရန် အတွက် ပိုစနစ်တကျလုပ်ဆောင်လာသော လှုပ်ရှားမှုများကို မြင်ရနိုင်သည်။

    ကြီးထွားလာသည့် ငွေကြေးဆုံးရှုံးမှုများအပြင် ပျက်စီးမှုနှုန်းနှင့်  သိပ်ယုံကြည်စိတ်ချရဖွယ်မရှိသော ပြည်သူ့စစ်များပေါ် တိုးပွားအလေးထားမှုများအရ စစ်တပ်သည် အထူးသဖြင့် ရခိုင်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကယားနှင့် ချင်းပြည်နယ်ရှိ ကျန်သော နယ်မြေများကို လက်နက်ချ အရှုံးပေးခြင်းဖြင့် နယ်မြေများပို၍ ဆုံးရှုံးလာနိုင်သည်ဟု ကျွန်တော်တို့မျှော်လင့် နိုင်သည်။ ဖြတ်လေးဖြတ် ထိထိရောက်ရောက်မလုပ်ဆောင်နိုင်သော ဗမာ ဒေသများတွင်အလားတူ ဖြစ်လာနိုင်ပြီး ၎င်းတို့သည် မြေပြန့် သို့ ပြန်လည်ဆုတ်ခွါသွားမည်ဖြစ်ပြီး EAO များနှင့် PDF အချို့ သိမ်းပိုက်နယ်မြေများမှာ တိုးလာမည်ဖြစ်သည်။ ဝန်ထမ်း များ အားနဲချိနဲ့လာမှုက လေကြောင်းကို ပိုမို မှီခိုအားကိုးမှု ဖြစ်လာစေပြီး စစ်တပ်သည် လေယာဥ်များရရန်၊ လိုအပ်သည့် အစိတ်ပိုင်းများနှင့် သင်တန်းများရရင် ပိုမို မှီခိုလာရမည်ဖြစ်သည်။ မဟာမိတ်ညီနောင်သုံးဖွဲ့နှင့် အာဏာရှင်နှင့် အပစ်ရပ် လက်မှတ်ထိုးထားသည့် FPNCC ၏ အခြားအဖွဲ့ဝင်များသည်လည်း ၎င်းတို့၏ ပိုင်နက်နယ်မြေကို ချဲ့ထွင်လာပြီး အခိုင်မာ တည်ဆောက်လိမ့်မည်။ လွတ်လပ်အမှီခိုကင်းလိုသည့် BGF များနှင့် ရာဇဝတ်ဂိုဏ်းများသည်လည်း အလားတူပင် ဆောင်ရွက်လိမ့်မည်။ မြန်မာသည် ကာကွယ်စောင့်ရှောက်နိုင်ခြင်း ပို၍မရှိသည့် အခြေနေ တရပ် ဖြစ်လာမည်။ နောက်ဆုံးတွင် ခြောက်ခမ်းလာသော စစ်တပ်သည် ခြောက်ခမ်းနေသော ဗမာအဝန်းဝိုင်းကို သာ အုပ်ချုပ်နေပြီး ရန်သူ ပတ်ပတ်လည်ဝိုင်းနေသည်ကို ကျွန်တော်တို့ မြင်တွေ့ရလိမ့်မည်။ တရုတ်နှင့် ရရှားအပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းသည် လည်း တိုင်းပြည်အသစ်များ ပေါ်လာမည်ကို မလိုလားဘဲ မြန်မာနိုင်ငံ၏ အနာဂတ်သည်လည်း မလွှဲမရှောင်သာ ဖက်ဒရယ် စနစ် ဖြစ်ပေလိမ့်မည်။

    စစ်တပ်ပြိုကျမည်လားဟူသော စိတ်ကူးဘက်သို့ ပြန်လှည့်လိုပါသည် ။ ဝေးကွာလွန်းသော ဖြစ်နိုင်ခြေဆိုတိုင်း မဖြစ်နိုင်ဟု လျှော့တွက်၍ မရပါ။ စစ်တပ်ကဲ့သို့သော အင်စတီကျူးရှင်းတစ်ခု အဆင့်နိမ့်ကျလျော့ရဲလာသည်မှာ ကြည့်လျှင် ရုတ်တရက် အရှိန်တင်သွားနိုင်သည့် နှေးကွေးမှုနှုန်းမျိုးဟုထင်ရသည်။ တပ်အရာရှိ အလုံအလောက်က ထိုအတိုင်းယုံကြည်ခဲ့လျှင် ၎င်းတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ ဆုံးဖြတ်ချက်များက ပေါင်းစည်း၍ အလုပ်ဖြစ်လာလိမ့်မည်။ ၁၉၈၉ ခုနှစ် ရိုမေနီးယားနိုင်ငံ တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်ပျက်က အဆိုပါဖြစ်စဥ်မျိုးကို ပြသသည်။ တခါက ရိုမေးနီးယန်းများကို ခြေမွထားသော ပြောင်းဖူး ကဲ့သို့ပဲ တသက်လုံးဆူပွက်နေနိုင်ပြီး ဘယ်တော့မှ ထပေါက်ထွက်မည် မဟုတ်ဟု နိုင်ငံရေးပညာရှင်များက ဆိုခဲ့သည်။ သို့သော် ၎င်းတို့သည် တင်မီရွှာရာ (Timisoara) အာဏာရှင်အား ရုပ်သံတွင် တိုက်ရိုက်လွှင့်နေချိန်တွင် မကျေနပ်ကြောင်းပြ ကန့်ကွက် ဆန့်ကျင်ရန် ခွန်အားရှိခဲ့သည်။ ထိုအခိုက်အတန့်တွင် အာဏာရှင်အစိုးရမှာ အဆုံးတိုင်ခဲ့သည် အဘယ်ကြောင့် ဆိုသော် အာဏာပိုင်များ၏ စိတ်ထဲတွင် ၎င်းက အဆုံးသတ်သွားခဲ့ပြီဖြစ်၍ ဖြစ်သည်။ အာဏာပိုင်များ သည် ကျောင်ရှက်စကို (Ceausescu) နှင့် သူ၏ အမျိုးသမီးကို ပစ်သတ်အဆုံးစီရင်ခဲ့သလို  ဒီမိုကရေစီအတိုက်ခံများဟု ၎င်းတို့ ကိုယ်ကို သတ်မှတ် ကာ အချင်းချင်း အာဏာလု သတ်ဖြတ်ခဲ့သည်။ စစ်တပ်၏ ပေါက်ကွဲမှုသည် ပို၍ပင် သွေးထွက်သံယို ဖြစ်လိမ့်မည် ဖြစ်ပြီး ၂၀၁၉ တွင် ပလက်ဝမြို့ ၌ ကျွန်တော်နှင့်ဆုံခဲ့သော မကျေမချမ်း မျက်နှာနှင့် ဗိုလ်ချုပ် သည်လည်း ပစ်သည့်ဘက် သို့မဟုတ် အပစ်ခံရမည့်ဘက်တွင် ရှိနေပေလိမ့်မည်။

    ကျွန်တော်တို့ပြောနိုင်တာ တစ်ခုမှာ မြန်မာများသည် ဆက်လက် ဝေဒနာခံစားနေရဦးမည်ဖြစ်သည်။

    ဘော်ဘီ အန်ဒါဆင် သည် ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီက မြန်မာနိုင်ငံကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဌာန၏ အကြံပေး တစ်ဦးဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ချင်း၊ ကရင်၊ မွန်၊ ရခိုင် ၊ ရှမ်းနှင့် အခြား ဒေသများသို့ နှံ့ နှံ့ စပ်စပ်သွားလာ အလုပ်လုပ်ခဲ့သည်။ သူသည် လက်ရှိတွင် ချင်းမိုင် တက္ကသိုလ် ပြည်သူ့ရေးရာ မူဝါဒ ကျောင်းတွင် သုတေသီ တစ်ဦးအဖြစ် တောင်ပေါ်နေလူမျိုးစုများအပေါ် ဘိန်းအမြစ်ဖြတ်ဖယ်ရှားခြင်း နှင့် ဘိန်းအစားထိုး ဖွံ့ဖြိုးရေး စီမံကိန်းများ၏ ကာလရှည် ကြာ သက်ရောက်မှုကို လေ့လာလျက်ရှိသည်။

    (Social media: X and Instagram)

    Notes
    [1] ချွင်းချက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး အား ဗမာမဟုတ်သည့် တော်လှန်အဖွဲ့စည်းများထဲတွင် ပုံမှန်မဟုတ်သည့် ဗမာတစ်ခုဖြစ်သောကြောင့် EAO အဖြစ်အမြဲထည့်သွင်းဖော်ပြခဲ့ကြသည်။ အတိတ်အနေဖြင့်ကြည့်လျှင် ၎င်းသည် PDF တစ်ခုဖြစ်သည်။
    [2] ယခုမရှိတော့သည့် မြန်မာငြိမ်းချမ်းရေးစင်တာ အရ အာဏာမသိမ်းမီက ရှိခဲ့သည့် တိုက်ပွဲဝင်အဖွဲ့များ ။
    [3 ယခုခန့်မှန်းအရေအတွက်တွင် ကရင် EAO များ အားလုံးပါဝင်သည်။ Estimate from Hein, Ye Myo. 2022. One Year On: The Momentum Of Myanmar’s Armed Rebellion. Wilson Center/Tagaung Institute of Political Studies, https://www.wilsoncenter.org/publication/one-year-momentum-myanmars-armed-rebellion  
    [4] ကော်သူးလေ တပ်မတော်နှင့် မတူပါ။
    [5] အဆိုပါခန့်မှန်းချက်အား ရှမ်းပြည်တောင်ပိုင်းမှ အမည်မဖော်လိုသူ ဒေသခံ သုံးသပ်ပညာရှင်တစ်ဦးမှ ပေးခဲ့သည်။
    [6]ယခုအရေအတွက်သည် များကောင်းများနေနိုင်သည်။ RCSS ကို တိုက်ခိုက်သည့် TNLA/UWSA ထိုးစစ်များက သေဆုံးမှုနှင့် ထွက်ပြေးစွန့်ခွာမှုများဖြင့် အရေတွက် အဆင့်လျော့လောက်ပြီး ဖြစ်သည်။
    [7] Hein 2022. ယခုခန့်မှန်းချက်တွင် KIA လက်အောက်ရှိ PDF များပါ ပါဝင်သည်။
    [8] Estimate from David Mathieson, September 2023.
    [9] Ibid.
    [10] Ibid.
    [11] Estimate from https://thediplomat.com/2023/09/the-post-coup-rise-of-myanmars-taang-national-liberation-army/
    [12] Hein 2022.
    [13] Estimate from https://www.rfa.org/english/news/myanmar/anniversary-08172021184416.html
    [14] အဆိုပါအရေအတွက်သည် မြန်မာပြည်တွင်ရှိသည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ Khaplang ကိုရည်ညွှန်းသည်။ အိန္ဒိယနယ်စပ် ဘက်အခြမ်းတွင်ရှိသော ပိုကြီးသည့် နာဂ သူပုန်များ မပါပါ။
    [15] ချင်းပြည်မြောက်ပိုင်းနှင့် စစ်ကိုင်းရှိ အရာရှိများက စာရေးသူအား ပြောပြခဲ့သည်။ 

    Related Articles
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • Stay in the loop.

    Subscribe with your email to receive the latest updates from Tea Circle.
    This field is required.