ယောင်ထန်း မှ ကချင်လွတ်မြောက်ရေးတပ်မတော် နှင့်မြန်မာစစ်တပ်များ အကြား မကြာသေးမီက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်အရပ်သားများတွေ့ကြုံရသော လတ်တလောရုန်းကန်လှုပ်ရှားမှုများကို မှတ်တမ်းတင်ပြထားပါသည်။
ပုံစာတမ်းများကို ဖန်ဂျာဘရန်မှ ဘာသာပြန်ပြီး၊ထပ်ဖြည့်သည့်စာသားများကို အဲမလီဖစ်ရှစ်ဘိန်းမှပံ့ပိုးပါသည်။
သြဂုတ်လ ၁၉ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် နှင့်မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့မှကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှလက်ကျန်စစ်ကောင်စီအခြေစိုက်စခန်းများကိုသိမ်းယူခဲ့သည်။ ထိုသို့အသာစီးရရန် တစ်လခန့်အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA ထိန်းချုပ်နယ်နယ်မြေကို ကချင်ပြည်နယ်၏ဒုတိယအကြီးဆုံးမြို့ဖြစ်သောဗန်းမော်နှင့်၁၀မိုင်ခန့်ပင်မလိုသည့်အကွာအဝေးအထိရောက်လာစေနိုင်ခဲ့သည်။
ထိုအချိန်မှစ၍စစ်ကောင်စီမှမိုးမောက်မြို့နယ်နှင့်အနီးပတ်ဝန်းကျင်ဒေသကိုလေကြောင်းနှင့်လက်နက်ကြီးများဖြင့်တိုက်ခိုက်ရာ လွတ်လပ်သောအာရှအသံသတင်းဌာနသတင်းများအရ၊ အိမ်ခြေ၁၀၀ကျော်ပျက်စီးပြီး လူပေါင်း ၃,၀၀၀ကျော်အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်ဟုဆိုသည်။
ယောင်ထန်း က နေရပ်စွန့်ခွာအိမ်ယာမဲ့သွားသူများ၏အတွ့အကြုံကိုမှတ်တမ်းတင်ရန် သြဂုတ်လကုန်ခါနီးတွင် ထိုသို့ထိခိုက်ပျက်စီးသည့်နေရာများကိုသွားရောက်ခဲ့ သည်။
မကြာသေးမီကဖြစ်သောပဋိပက္ခများမတိုင်မီကပင် မိုးမောက်မြို့ နယ်မှပြည်သူများသည်နှစ်ကြာရှည်ဖြစ်ပွားနေသည့်စစ်ပွဲများနှင့်မဖွံ့ဖြိုးမှုများကြားမှာရုန်းကန်နေခဲ့ရသည်။
KIA ဌာနချုပ်ရှိရာလိုင်ဇာ၏တောင်ဖက် တွင်ရှိသောထိုမြို့နယ်သည် ၁၇နှစ်အကြာ အပစ်အခတ်ရပ်စဲရေးပျက်ပြယ်သွားသည့် ၂၀၁၁ မှစ၍ စစ်တပ်နှင့် KIAအကြားတိုက်ပွဲများကိုခါးစည်းခံခဲ့ရပြီး ထောင်ချီသည့် လူများအိုးအိမ်စွန့်ခွာထွက်ပြေးစေခဲ့သည်။ကုလသမဂ္ဂမှတ်တမ်းများအရ၊ ၂၀၂၀ မှစ၍ ကချင်နှင့်မြောက်ပိုင်းရှမ်းပြည်တို့တွင်လူပေါင်း၁၀၀,၀၀၀ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရပြီးမိုးမောက်မြို့နယ်မှ ၂၅,၀၀၀ အပါအဝင်ဖြစ်သည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေခဲ့ပြီး၊ အထူးသဖြင့် ယခုနှစ် မတ်လမှစ၍KIA ထပ်မံထိုးစစ်ဆင်ချိန်ကတည်းကပင် ဇူလိုင်လအထိ ကချင်ပြည်နယ်၏မြို့နယ် ၁၈ခုအနက် ၁၁မြို့နယ်တွင် နောက်ထပ် အရပ်သားပေါင်း ၈၀,၀၀၀ ကျော်ခန့် နေရပ်စွန့်ခွာစေသည်။
ယောင်ထန်းသည် ကချင်ပြည်နယ်နှင့်ချင်းပြည်နယ် နယ်စပ်နယ်နိမိတ်တွင်အခြေစိုက်သည့် မီဒီယာသတင်းထောက်ဖြစ်သည်။ သူ၏မီဒီယာရုံးခန်းကို Relief Action Network For IDPs & Refugees (RANIR)တွင်ထားရှိသည်။ သူ၏လုပ်ငန်းများမှာ ကချင်လူမျိုးတို့အပေါ်သက်ရောက်သည့် လူသားချင်းစာနာမှု၊လူမှု့ရေးနှင့်သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များကိုအထူးအလေးပေးသည်။
ဖန်ဂျာဘရန်သည်ကချင်ပြည်နယ်၊မြန်မာမှ လူမှုရေးဆိုင်ရာတရားမျှတမှုလှုပ်ရှားဆောင်ရွက်သူဖြစ်သည်။ လူ့အခွင့်အရေး၊လူမှုရေးဆိုင်ရာတရားမျှတမှု နှင့်ငြိမ်းချမ်းရေးတို့ကိုအားပေး၍အလွတ်တန်းသုတေသနပြုသူလည်းဖြစ်သည်။
အဲမ်မလီ ဖစ်ရှ်ဘိန်း သည် အလွတ်တန်းသတင်းထောက်နှင့်သုတေသီ ဖြစ်ပြီး၊ ဖော်ပြခြင်းမခံရသည့် မြန်မာနိုင်ငံဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သည့်ချဥ်းကပ်မှုဖြင့်အထူးပြုလေ့လာသူဖြစ်သည်။
Center for Southeast Asian Studies, Asian Institute 1 Devonshire Place Toronto, Ontario, M5S 3K7, Canada
©TeaCircle All Rights Reserved 2023