သြဂုတ်လ ၃ ရက်၊ မြန်မာစံတော်ချိန် ည ၈ နာရီကနေ ၉:၃၀ နာရီခွဲ။
စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍအကြောင်း ဆွေးနွေးဖလှယ်သွားဖို့ လက်ဖက်ရည်၀ိုင်းက စီစဥ်ထားပါတယ်။ ဒီစကား၀ိုင်းကို လူငယ်အရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က တာ၀န်ယူတင်ဆက်မှာပါ။
မြန်မာဘာသာနဲ့ ဆွေးနွေးကြမှာပါ။
ပါ၀င်ဆွေးနွေးမယ့်သူများ။
၁။ ဆရာ၀န်တဦးဖြစ်တဲ့ မန္တလေး ဆန္ဒပြခေါင်းဆောင်။
၂။ အာဏာဖီဆန်ရေး စီဒီအမ်လှုပ်ရှားမှုမှာ ပါ၀င်ပြီး လက်နက်ကိုင်တော်လှန်ဖို့ ပြင်ဆင်နေတဲ့ ချင်းတိုင်းရင်းသူ ကျန်းမာရေး၀န်ထမ်းဟောင်း။
၃။ ရန်ကုန်က ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့တဲ့ Gen Z တက္ကသိုလ်ကျောင်းသား။
ဆွေးနွေးမယ့်လူတွေရဲ့ လုံခြုံရေးကြောင့် သူတို့နာမည်ကို ဒီမှာ ဖော်ပြမှာ မဟုတ်ပါဘူး။
Registration is required to attend this event. RSVP here: https://bit.ly/3iUnjcU