စာဖတ်ပရိသတ်များသို့
ကျွန်ုပ်တို့ စာတည်းအဖွဲ့ မှ လက်ရှိဆိုဒ်တွင် တိုးချဲ့ ထည့်သွင်းမည့် အစီစဥ်သစ်များကို ၀မ်းမြောက်စွာ ကြေညာလိုပါသည်။ International Development Research Center (IDRC) ၏ ရက်ရောမှုနှင့် ပံ့ပိုးမှုများကြောင့် အစီစဥ်သစ်များ တိုးချဲ့ ထည့်သွင်းနိုင်ခဲ့ပါသည်။ အချို့ အစီစဥ်သစ်များကို အနည်းဆုံး အောက်တိုဘာလအထိ ပုံမှန် ဆောင်ရွက်မည်ဖြစ်ပြီး အချို့ အစီစဥ်သစ်များကို ယာယီ စမ်းသပ်ဆောင်ရွက်မည်ဖြစ်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ စာတည်းအဖွဲ့ အနေဖြင့်အဆိုပါ အစီစဥ်သစ်များအားလုံးကို ရေရှည်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်နေပါသည်။
လက်ဖက်ရည်၀ိုင်း ကိုတည်ထောင်ခဲ့သည့် ၂၀၁၅ ခုနှစ်မှစ၍ ကျွန်ုပ်တို့ ဆိုဒ်တွင် မျှဝေခဲ့ကြသည့် ဆောင်းပါးရှင်ပေါင်းရာ ကျော်ကို အကူညီပေးရန် မြန်မာနှင့်ကမ္ဘာအနှံ့ မှ ဘာသာ ရပ်ဆိုင်ရာ ပညာရှင်များနှင့် လက်တွေ့အသုံးချနေသူများက
စေတနာ့၀န်ထမ်းအဖြစ် ကျွန်ုပ်တို့ စာတည်းအဖွဲ့ တွင် လုပ်ကိုင်အချိန်ပေးခဲ့ကြပါသည်။ ကျွန်ုပ်တို့၏ လက်ဖက်ရည်၀ိုင်းကို ဆက်လက် ကြီးထွားရန်၊ ဖော်ပြသည့် အကြောင်းရာများ ပိုမိုကောင်းမွန်ရန် မိမိတို့ကျွမ်းကျင်ရာဘက်မှ စဥ်ဆက်မပြတ် ကြိုးပမ်းကူညီခဲ့ကြသည့် စေတနာ့၀န်ထမ်း စာတည်းမှုး ၁၂ ဦးကို ကျေးဇူးအထူးတင်ရှိပါသည်။
ကျွန်ုပ်တို့၏စာတည်းဖော်ပြထုတ်ဝေမှုများကို မြန်မာပြည်တွင်းနှင့်ပြည်ပသို့ ခြေလှမ်းတိုးချဲ့ ရန်မှာ အမြဲတမ်း ရှိခဲ့သော ရည်ရွယ်ချက်တခု ဖြစ်ပါသည်။ လက်ဖက်ရည်၀ိုင်းကို ဆက်လက်ကြီးထွားစေလိုသည့် ကျွန်ုပ်တို့၏ ရည်မှန်းချက်များသည် စေတနာ့၀န်ထမ်း စာတည်းမှုးများအား ကျိုးကြောင်းမဆီလျော်သည့် ၀န်ထုတ်၀န်ပိုး တခုမပေးလိုသည့်အတွက် တွန့်ဆုတ်ခဲ့ ရသည်။
ယခုကဲ့သို့ ရန်ပုံငွေရရှိခြင်းက အဆိုပါအခြေနေကို အပြောင်းလဲဖြစ်စေခဲ့ပါသည်။ ကျွန်ုပ်တို့၏ အင်္ဂလိပ်ဘာသာအတွက် စာတည်းဖြတ်မှုလုပ်ငန်းစဥ်သည် စေတနာ့၀န်ထမ်းများ၏ ကူညီမှုပေါ်မူတည်နေဦးမည် ဖြစ်သော်လည်း နောင်ဖော်ပြမည့် အကြောင်းရာ အသစ်များ၊ ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်များအတွက် လိုအပ်မည့် နေရာရာထူး အနဲငယ်အတွက် ရန်ပုံငွေထားနိုင်ခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် လက်ဖက်ရည်၀ိုင်း၏ စာမူလက်ခံခြင်း၊ စာတည်းဖြတ်ခြင်း နှင့် ဖော်ပြ ထုတ်ဝေခြင်း လုပ်ငန်းများကို အများဆုံးစီမံခန့်ခွဲနေသည့် စာတည်းမှုး ၁၇ ဦးအပြင် နေရာအသစ် ၇ နေရာအတွက် ဖွဲ့ စည်းပြီး ဖြစ်ပါသည်။ အစီစဥ်သစ်များကို အရေးကြီးဆုံးနေရာ လေးခုတွင် တိုးချဲ့ ထည့်သွင်း ထားပါသည် ။
ကျွန်ုပ်တို့ ယခုကြိုးစားမှု၏ အသီးအပွင့်များကို လာမည့်လများတွင် စာဖတ်သူများနှင့် မျှဝေရမည့်အတွက် အထူး ဝမ်းမြောက်မိပါသည်။ ဆောင်းပါးစာမူများပို့ခဲ့သည့် စာဖတ် ပရိတ်သတ်များ၊ ကျွန်ုပ်တို့၏ ပို့စ်များတွင် အပြန်အလှန် ဆွေးနွေးမျှဝေခဲ့သည့် စာဖတ်ပရိသတ်များ၊ လွန်ခဲ့သည့် ၆ နှစ်အတွင်း ကျွန်ုပ်တို့၏ ဆိုဒ်တိုးတက်ပြောင်းလဲလာရန် အကြံပြုချက်များပေးခဲ့သည့် စာဖတ်ပရိသတ်များ စသဖြင့် အစဥ်တစိုက်ဖတ်ရှုခဲ့သည့် စာဖတ်ပရိသတ်များစွာကိုအထူးကျေးဇူးတင်ရှိပါသည်။
အရေးကြီးသည့်အပြန်အလှန်ဆွေးနွေးမှု ဒိုင်ယာလော့များ နှင့် အပြန်အလှန်မျှဝေမှုများ ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်လိုသည့် ကျွန်ုပ်တို့ ၏ ရည်ရွယ်ချက်သည် ဖေဖော်၀ါရီလ ၂၀၂၁ ခုနှစ် တပ်မတော်အာဏာသိမ်းခြင်းအပြီးတွင် ပိုမို အရေးတကြီးဖြစ် လာသည်။ ကျွန်ုပ်တို့ ဆိုဒ်တွင် ရေးသားမျှဝေမည့်သူများ၏ လုံခြုံရေးနှင့် ဘေးကင်းရေးမှာ ကျွန်ုပ်တို့ စိတ်အပူဆုံး ဖြစ်ပြီး အမည်မဖော်ပြဘဲမျှဝေနိုင်ရန်နှင့် လုံခြုံသည့်စာမူပေးပို့ရန် လမ်းကြောင်းများကို ကျွန်ုပ်တို့၏ထပ်မံဖြည့်သွင်းထားသောမူများ တွင် ထည့်သွင်းထားပါသည်။
ယခုလို အစီစဥ်သစ်များ တိုးချဲ့ ခြင်းက လက်ဖက်ရည်၀ိုင်း တည်ထောင်ရခြင်း၏ဦးတည်ချက် ကို ပြည့်၀စေရန် စွမ်းဆောင် မည့် ကျွန်ုပ်တို့၏ အရည်သွေးများကို တိုးတက်စေမည်ဟု ယုံကြည်ပါသည်။ ပညာရှင်နယ်ပယ်၊ တိုက်တွန်း အဆိုပြုမှု နယ်ပယ် သို့မဟုတ် ထိုထက်ပိုသော မည့်သည်နယ်ပယ်တွင်မဆို ကျွန်ုပ်တို့တဦးချင်း၏ စိတ်၀င်စားလေ့လာမှုများသည် ရည်ရွယ်ချက်တူ စိတ်တူကိုယ်တူ အဖော်များရှိသည့်အ၀န်းအ၀ိုင်းတခုတွင် ပါ၀င်ကာ အပြန်လှန် ဆွေးနွေးခြင်း၊ မျှဝေခြင်း များဖြင့်သာ တိုးတက်လာခဲ့သည်ဖြစ်ပါသည်။
ထိုအကူးပြောင်းကို ယခုစတင်နေပြီဖြစ်၍ သင်၏ မှတ်ချက်များ၊ အကြံပြုချက်များနှင့် မျှဝေလိုသည့်အကြောင်းရာများကို ကျွန်ုပ်တို့ ကြိုဆိုပါသည်။
လက်ဖက်ရည်၀ိုင်း စာတည်းအဖွဲ့
teacirclemyanmar@outlook.com | teacircleoxford@protonmail.com
(Featured image by Stefan Munder, from Flickr)
ဤဆောင်းပါးကို လဘက်ရည်ဝိုင်းဘာသာပြန်အဖွဲ့မှမြန်မာဘာသာသို့ပြန်ဆိုပါသည်။
Center for Southeast Asian Studies, Asian Institute 1 Devonshire Place Toronto, Ontario, M5S 3K7, Canada
©TeaCircle All Rights Reserved 2023