ဝက်ဘ်ဆိုက်ဒီဇိုင်းအသစ်ကို စမ်းသပ်အသုံးပြုနေပါသည်။ အမှားအယွင်းတစ်စုံတစ်ရာ တွေ့ရှိပါက ကျွန်ုပ်တို့ထံ အီးမေးလ် ဖြင့် အသိပေးနိုင်ပါသည်။

Tea Circle Event: ငါတို့အနာဂတ် ငါတို့ပြန်ပေး

User avatar placeholder
Published by teacirclemyanmar

ဇူလိုင် ၃၀, ၂၀၂၁


“The Coup Won’t Eradicate Our Future” | ငါတို့အနာဂတ် ငါတို့ပြန်ပေး

သြဂုတ်လ ၃ ရက်၊ မြန်မာစံတော်ချိန် ည ၈ နာရီကနေ ၉:၃၀ နာရီခွဲ။

စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍအကြောင်း ဆွေးနွေးဖလှယ်သွားဖို့ လက်ဖက်ရည်၀ိုင်းက စီစဥ်ထားပါတယ်။ ဒီစကား၀ိုင်းကို လူငယ်အရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က တာ၀န်ယူတင်ဆက်မှာပါ။

မြန်မာဘာသာနဲ့ ဆွေးနွေးကြမှာပါ။

ပါ၀င်ဆွေးနွေးမယ့်သူများ။

၁။ ဆရာ၀န်တဦးဖြစ်တဲ့ မန္တလေး ဆန္ဒပြခေါင်းဆောင်။

၂။ အာဏာဖီဆန်ရေး စီဒီအမ်လှုပ်ရှားမှုမှာ ပါ၀င်ပြီး လက်နက်ကိုင်တော်လှန်ဖို့ ပြင်ဆင်နေတဲ့ ချင်းတိုင်းရင်းသူ ကျန်းမာရေး၀န်ထမ်းဟောင်း။

၃။ ရန်ကုန်က ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့တဲ့ Gen Z တက္ကသိုလ်ကျောင်းသား။

မှတ်ချက်

ဆွေးနွေးမယ့်လူတွေရဲ့ လုံခြုံရေးကြောင့် သူတို့နာမည်ကို ဒီမှာ ဖော်ပြမှာ မဟုတ်ပါဘူး။

Registration is required to attend this event. RSVP here: https://bit.ly/3iUnjcU

Image placeholder

Tea Circle အား ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် အမြင်များနှင့်သုံးသပ်မှုများအား ထင်ဟပ်ဆွေးနွေးနိုင်သည့် နေရာတခုဖြစ်စေရန် ဖြစ်ပါသည်။ Tea Circle အနေဖြင့် ကမ္ဘာ့အနှံမှ ပေးပို့လာသော စာရေးသူများ၏ သုံးသပ်ချက်များ၊ သုတေသနများ၊ အတွေးအမြင်ဆောင်းပါးများ၊ စာအုပ်စာတမ်းဆိုင်ရာ သုံးသပ်ဆွေးနွေးချက်များ၊ multi-media အသုံးပြု၍ တင်ဆက်ခြင်းများနှင့် အခြားသော ရေးသားပေးပို့လာမှုအား ပုံနှိပ်ဖြန့်ဝေခဲ့ပါသည်။ Tea Circle သည် မြန်မာ့အရေးနှင့်ပတ်သက်၍ စိတ်အားထက်သန်သည့် စေတနာ့ဝန်ထမ်း စာတည်းဖြတ်သူများနှင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စာရေးသူများအတွက် ပိုမိုများပြားသည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။