ဝက်ဘ်ဆိုက်ဒီဇိုင်းအသစ်ကို စမ်းသပ်အသုံးပြုနေပါသည်။ အမှားအယွင်းတစ်စုံတစ်ရာ တွေ့ရှိပါက ကျွန်ုပ်တို့ထံ အီးမေးလ် ဖြင့် အသိပေးနိုင်ပါသည်။

ကချင်ပြည်နယ်၊မိုးမောက်မြို့နယ်တွင် အသက်ဆက်ရှင်ရန်ကြိုးစားရုန်းကန်နေရသည့် လောလောလတ်လတ်နေရပ်စွန့်ခွာ အရပ်သားပြည်သူများ

User avatar placeholder
Published by teacirclemyanmar

အောက်တိုဘာ ၂၄, ၂၀၂၄

ယောင်ထန်း မှ ကချင်လွတ်မြောက်ရေးတပ်မတော် နှင့်မြန်မာစစ်တပ်များ အကြား မကြာသေးမီက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်အရပ်သားများတွေ့ကြုံရသော လတ်တလောရုန်းကန်လှုပ်ရှားမှုများကို မှတ်တမ်းတင်ပြထားပါသည်။

ပုံစာတမ်းများကို ဖန်ဂျာဘရန်မှ ဘာသာပြန်ပြီး၊ထပ်ဖြည့်သည့်စာသားများကို အဲမလီဖစ်ရှစ်ဘိန်းမှပံ့ပိုးပါသည်။

သြဂုတ်လ ၁၉ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် နှင့်မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့မှကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှလက်ကျန်စစ်ကောင်စီအခြေစိုက်စခန်းများကိုသိမ်းယူခဲ့သည်။ ထိုသို့အသာစီးရရန် တစ်လခန့်အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA ထိန်းချုပ်နယ်နယ်မြေကို ကချင်ပြည်နယ်၏ဒုတိယအကြီးဆုံးမြို့ဖြစ်သောဗန်းမော်နှင့်၁၀မိုင်ခန့်ပင်မလိုသည့်အကွာအဝေးအထိရောက်လာစေနိုင်ခဲ့သည်။

ထိုအချိန်မှစ၍စစ်ကောင်စီမှမိုးမောက်မြို့နယ်နှင့်အနီးပတ်ဝန်းကျင်ဒေသကိုလေကြောင်းနှင့်လက်နက်ကြီးများဖြင့်တိုက်ခိုက်ရာ လွတ်လပ်သောအာရှအသံသတင်းဌာနသတင်းများအရ၊ အိမ်ခြေ၁၀၀ကျော်ပျက်စီးပြီး လူပေါင်း ၃,၀၀၀ကျော်အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်ဟုဆိုသည်။

ယောင်ထန်း က နေရပ်စွန့်ခွာအိမ်ယာမဲ့သွားသူများ၏အတွ့အကြုံကိုမှတ်တမ်းတင်ရန် သြဂုတ်လကုန်ခါနီးတွင် ထိုသို့ထိခိုက်ပျက်စီးသည့်နေရာများကိုသွားရောက်ခဲ့ သည်။

စစ်ကောင်စီတိုက်ခိုက်မှုများကိုရှောင်ပြေးရင်း အမျိုးသမီးတစ်ဦးနှင့်သူမ၏မြေးများ သစ်တောထဲမှဝါးရုံတောအောက်တွင်ခိုလှုံရန်ရှာနေစဥ်။
စစ်ကောင်စီတိုက်ခိုက်မှုများကိုရှောင်ပြေးရင်း အမျိုးသမီးတစ်ဦးနှင့်သူမ၏မြေးများ သစ်တောထဲမှဝါးရုံတောအောက်တွင်ခိုလှုံရန်ရှာနေစဥ်။

မကြာသေးမီကဖြစ်သောပဋိပက္ခများမတိုင်မီကပင် မိုးမောက်မြို့ နယ်မှပြည်သူများသည်နှစ်ကြာရှည်ဖြစ်ပွားနေသည့်စစ်ပွဲများနှင့်မဖွံ့ဖြိုးမှုများကြားမှာရုန်းကန်နေခဲ့ရသည်။

KIA ဌာနချုပ်ရှိရာလိုင်ဇာ၏တောင်ဖက် တွင်ရှိသောထိုမြို့နယ်သည် ၁၇နှစ်အကြာ အပစ်အခတ်ရပ်စဲရေးပျက်ပြယ်သွားသည့် ၂၀၁၁ မှစ၍ စစ်တပ်နှင့် KIAအကြားတိုက်ပွဲများကိုခါးစည်းခံခဲ့ရပြီး ထောင်ချီသည့် လူများအိုးအိမ်စွန့်ခွာထွက်ပြေးစေခဲ့သည်။ကုလသမဂ္ဂမှတ်တမ်းများအရ၊ ၂၀၂၀ မှစ၍ ကချင်နှင့်မြောက်ပိုင်းရှမ်းပြည်တို့တွင်လူပေါင်း၁၀၀,၀၀၀ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရပြီးမိုးမောက်မြို့နယ်မှ ၂၅,၀၀၀ အပါအဝင်ဖြစ်သည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေခဲ့ပြီး၊ အထူးသဖြင့် ယခုနှစ် မတ်လမှစ၍KIA ထပ်မံထိုးစစ်ဆင်ချိန်ကတည်းကပင် ဇူလိုင်လအထိ ကချင်ပြည်နယ်၏မြို့နယ် ၁၈ခုအနက် ၁၁မြို့နယ်တွင် နောက်ထပ် အရပ်သားပေါင်း ၈၀,၀၀၀ ကျော်ခန့် နေရပ်စွန့်ခွာစေသည်။

မိုးမောက်မြို့နယ်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများ မတိုင်မီ ပြိုကျခဲ့သော တံတားတစ်စင်း ယခုအချိန်အထိပျက်ယွင်းနေဆဲ ဖြစ်ပါသည်။
ကချင်လွတ်မြောက်ရေးတပ်နှင့် မြန်မာစစ်တပ်တို့အကြားသြဂုတ်လအတွင်မိုးမောက်မြို့နယ်တွင်ဖြစ်ပွားသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် အရပ်သားများတော ထဲသို့ရှောင်ပြေးစဥ်။
အိုးအိမ်စွန့်ခွာထွက်ပြေးသူအများစုမှာအမျိုးသမီးများနှင့်ကလေးများဖြစ်သည်။ ဝါးနှင့်တာပေါ်လင်စများကိုအမိုးအကာများအဖြစ်ကာရံထားပြီး ခြင်ကြောင့်ဖြစ်သော ဖျားနာရောဂါများနှင့် ဝမ်းပျက်ဝမ်းလျောရောဂါများကို မိုးတွင်းကာလတလျှောက်ခံစားရသည်။

ယောက်ျားကလေးငယ်တစ်ဦး သြဂုတ်လ အတွင်း မိုးမောက်မြို့နယ် ယာယီတဲတစ်ခုအပြင်တွင်ရပ်နေစဥ်


သြဂုတ်လအတွင်းလေကြောင်းတိုက်ခိုက်ခံရသော မိုးမောက်မြို့နယ် မှ အဆောက်အဦတစ်ခု ။
မကြာသေးမီက ဖြစ်ပွားနေသည့်တိုက်ခိုက်မှုများကြောင့်နေရပ်စွန့်ခွာထွက်ပြေးရသည့်ကလေးငယ်များကို အမျိုးသမီးတစ်ဦး မှ စာသင်ပေးနေစဥ်။ ကလေးငယ်များ၏ပညာရေးမှာ ပဋိပက္ခကြောင့် လောလောဆယ် အနှောက်အယှက်အဖြစ်ခံရဆုံးဖြစ်သည် – ကိုဗစ်၁၉ကြောင့်ကျောင်းများတနှစ် ပိတ်ထားရပြီး၊ဆက်လက်၍ အာဏာသိမ်းမှုက စစ်တပ်ထုတ်ကုန်များဆန့်ကျင်ရေးနှင့်စစ်ကောင်စီကိုဝန်ဆောင်မှုမပေးရေး ဆိုသည့် ဝန်ထမ်းများ အမိန့်မနာခံရေးလှုပ်ရှားမှုတွင် ကျောင်းသားများနှင့်ဆရာများ ကို ဆန္ဒထုတ်ဖော်ရာ၌ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လှုပ်ရှားစေသည်။ ရပ်ရွာအသိုင်း အဝိုင်းအုပ်စုများတွင် မိမိတို့ဖာသာတနည်းတလမ်းဖြင့် စာသင်ကြားရန်စီစဥ်ကြသော်လည်း စစ်တပ်၏လေကြောင်းရန်အချိန်မရွေးကျရောက်လာမည် ကိုစိုးရိမ်နေရသည်။
မိုးမောက်တွင် စစ်တပ်၏တိုက်ခိုက်မှုကြောင့် ယခင် အစိုးရကျောင်းလည်းပျက်စီးခဲ့ရသည်။ လွတ်လပ်စွာအခွင့်အရေးများမှတ်တမ်းတင်သည့် အုပ်စုMyanmar Witness ၏ ယခုနှစ်ဇူလိုင်တွင်ထုတ်သည့်အစီရင်ခံစာအရ၊ မြန်မာနိုင်ငံတွင် ၂၀၂၁ အာဏာသိမ်းပြီးချိန်မှစ၍ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ် ၁၇၄ ခုကြောင့် ပညာရေးဆိုင်ရာနေရာ ဌာနများထိခိုက်ခဲ့ရသည်ဟုဆိုသည်။ ထိုဖြစ်ရပ်များတွင်အနည်းဆုံး ၉၀ မှာ စစ်တပ်တွင်တာဝန်ရှိသည်ဟုတွေ့ရသည်။

ယောင်ထန်းသည် ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်  နယ်စပ်နယ်နိမိတ်တွင်အခြေစိုက်သည့် မီဒီယာသတင်းထောက်ဖြစ်သည်။ သူ၏မီဒီယာရုံးခန်းကို Relief Action Network For IDPs & Refugees (RANIR)တွင်ထားရှိသည်။ သူ၏လုပ်ငန်းများမှာ ကချင်လူမျိုးတို့အပေါ်သက်ရောက်သည့် လူသားချင်းစာနာမှု၊လူမှု့ရေးနှင့်သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များကိုအထူးအလေးပေးသည်။

ဖန်ဂျာဘရန်သည်ကချင်ပြည်နယ်၊မြန်မာမှ လူမှုရေးဆိုင်ရာတရားမျှတမှုလှုပ်ရှားဆောင်ရွက်သူဖြစ်သည်။ လူ့အခွင့်အရေး၊လူမှုရေးဆိုင်ရာတရားမျှတမှု နှင့်ငြိမ်းချမ်းရေးတို့ကိုအားပေး၍အလွတ်တန်းသုတေသနပြုသူလည်းဖြစ်သည်။

အဲမ်မလီ ဖစ်ရှ်ဘိန်း သည် အလွတ်တန်းသတင်းထောက်နှင့်သုတေသီ ဖြစ်ပြီး၊ ဖော်ပြခြင်းမခံရသည့် မြန်မာနိုင်ငံဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သည့်ချဥ်းကပ်မှုဖြင့်အထူးပြုလေ့လာသူဖြစ်သည်။ 

Image placeholder

Tea Circle အား ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် အမြင်များနှင့်သုံးသပ်မှုများအား ထင်ဟပ်ဆွေးနွေးနိုင်သည့် နေရာတခုဖြစ်စေရန် ဖြစ်ပါသည်။ Tea Circle အနေဖြင့် ကမ္ဘာ့အနှံမှ ပေးပို့လာသော စာရေးသူများ၏ သုံးသပ်ချက်များ၊ သုတေသနများ၊ အတွေးအမြင်ဆောင်းပါးများ၊ စာအုပ်စာတမ်းဆိုင်ရာ သုံးသပ်ဆွေးနွေးချက်များ၊ multi-media အသုံးပြု၍ တင်ဆက်ခြင်းများနှင့် အခြားသော ရေးသားပေးပို့လာမှုအား ပုံနှိပ်ဖြန့်ဝေခဲ့ပါသည်။ Tea Circle သည် မြန်မာ့အရေးနှင့်ပတ်သက်၍ စိတ်အားထက်သန်သည့် စေတနာ့ဝန်ထမ်း စာတည်းဖြတ်သူများနှင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စာရေးသူများအတွက် ပိုမိုများပြားသည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။