ဝက်ဘ်ဆိုက်ဒီဇိုင်းအသစ်ကို စမ်းသပ်အသုံးပြုနေပါသည်။ အမှားအယွင်းတစ်စုံတစ်ရာ တွေ့ရှိပါက ကျွန်ုပ်တို့ထံ အီးမေးလ် ဖြင့် အသိပေးနိုင်ပါသည်။

တင်ပြရန်

ရည်ညွှန်း Tea Circle လဘက်ရည်ဝိုင်းသို့ ရေးသားပေးပို့တင်ပြ ခြင်းကိုအစဉ် ကြိုဆိုပါသည်။ မိမိစာမူသည် အခြားမည်သည့် နေရာတွင်မှ မဖော်ပြပဲ Tea Circle သည်သာပထမဦးဆုံးနှင့် တစ်ခုတည်းသော ထုတ်ဝေတင်ပြရန် နေရာဖြစ်သည် ဆိုသည့် အခြေအနေ ဆိုလျှင် Tea Circle လဘက်ရည်ဝိုင်း သည် အောက်ပါအချက်များနှင့်ပြည့်စုံပါက  မည်သည့် စာမူကို မဆိုဝမ်းမြောက်စွာလက်ခံစဉ်းစားပါသည်။ မြန်မာပြည်မှပေါ် ထွက်လာသည့် ထွန်းသစ်စ ပညာရှင်များ၏ လက်ရာများကို အထူးစိတ်ဝင်စားပါသည်။

လုံခြုံရေးဆိုင်ရာ အသိပေးချက်

မြန်မာနိုင်ငံအတွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ကျွန်ုပ်တို့၏ ပါဝင်ရေးသားသူများစွာတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနိုင်သည်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ပါသည်။ စာရေးသူများကို ကာကွယ်ရန်အတွက် Tea Circle သည် အမည်မဖော်ဘဲဖြစ်စေ၊ မိမိနှစ်သက်ရာ ကလောင်အမည်ဖြင့်ဖြစ်စေ ရေးသားထုတ်ဝေခြင်းကို အပြည့်အဝ အားပေးထောက်ခံပါသည်။

  • လုံခြုံစိတ်ချရသော ဆက်သွယ်မှုများ။ ကျွန်ုပ်တို့နှင့် ဆက်သွယ်ရာတွင် လုံခြုံစိတ်ချရသော ကိုယ်ပိုင် Proton အကောင့်ကို အသုံးပြု၍ teacirclemyanmar@proton.me သို့ တိုက်ရိုက်ဆက်သွယ်ရန် အထူးတိုက်တွန်းလိုပါသည်။
  • ဒီဂျစ်တယ်ခြေရာများ လျှော့ချရေး။ ဆက်သွယ်မှုများနှင့် ဖိုင်ပြင်ဆင်မှုအားလုံးအတွက် အရည်အသွေးမြင့် VPN တစ်ခုကို အသုံးပြုရန်နှင့် Incognito/Private browsing mode ကို အသုံးပြုရန် အကြံပြုအပ်ပါသည်။
  • Metadata ကာကွယ်မှုး။ Tea Circle သည် သင်၏ ကိုယ်ရေးအချက်အလက်၊ ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များ သို့မဟုတ် နောက်ခံအချက်အလက်များကို သင်၏ ရှင်းလင်းသော ခွင့်ပြုချက်မရှိဘဲ မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုမည်မဟုတ်ပါ။
  • စာမူတင်သွင်းသည့်စနစ် (Submission Portal)။ ဤလုံခြုံသော အွန်လိုင်းစနစ်သည် သင်၏ စာရေးသူအတ္ထုပ္ပတ္တိ၊ အမျိုးအစားခွဲခြားမှုနှင့် tags များကို အလိုအလျောက် စီစဉ်ပေးပါသည်။ ဤစနစ်တွင် စာဝှက်ကာကွယ်မှု (encryption) ပါရှိပြီး သင်၏ IP လိပ်စာကိုလည်း သိမ်းဆည်းထားခြင်းမရှိပါ။ သို့သော် အလွန်အရေးကြီးသော အချက်အလက်များကို ပေးပို့လိုပြီး အွန်လိုင်းဖောင်ကို အသုံးပြုရန် စိုးရိမ်ပါက ကျွန်ုပ်တို့၏ Proton အီးမေးလ်ဖြစ်သော teacirclemyanmar@proton.me သို့ အချက်အလက်များအားလုံးကို တိုက်ရိုက်ပေးပို့နိုင်ပါသည်။

ရေးသားပေးပို့တင်ပြခြင်းဆိုင်ရာမူဝါဒ

Tea Circle ကို အပြန်အလှန် ဆွေးနွေး ငြင်းခုံ နိုင်သည့် နေရာတစ်ခု ဖြစ်ရန်ရည်ရွယ်ပါသည်၊  ဝက်ဘ်ဆိုက်ပြင်ပတွင်လည်း ကျွန်ုပ်တို့၏ ပို့စ်များသည် စကားဝိုင်းတွင် ပြောဆိုစရာ အကြောင်းအရာ တစ်ခုဖြစ်ရန်လည်း မျှော်လင့်ပါသည်။ယခုဘလော့ဂ်ကို တိုရွန်တို တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေး ဗဟို ဌာန Centre for Southeast Asian Studies က လက်ခံပြုလုပ်ပေးသော်လည်း ပညာရှင်များနှင့်  ပညာရှင်မဟုတ်သူများ အတွက်ပါအထောက်အကူပေးနိုင်ရန်အာသီသရှိပါသည်။ ပို့စ်များတွင် သုတေသနပြုလုပ်ချက်ကိုအခြေခံသောပို့စ် သို့မဟုတ် မြေပြင်အကြောင်းအရာများကိုအခြေခံသော ပို့စ် နှင့် တစ်ဦးတစ်ယောက်ချင်း၏ထင်မြင်တွေးဆချက်များကိုရေးသားသည့်ပို့စ် ဟု ခွဲခြားနိုင်ရန်ကြိုးစားထားပါသည်။

အွန်လိုင်းကော်မန့်(မှတ်ချက်)များတွင်တွေ့ရလေ့ရှိသော ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်ခြင်း၊ မည်သူမှန်းမသိ အမုန်းစကားများ ဖြင့်ရေးသားခြင်း တို့ကိုရှောင်ရှားရန် အတွက် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ပေါ်တွင် ကော်မန့်ပေး ၍ မရနိုင်ပါ။ သို့သော်  ဖတ်ရှု့သူပရိသတ် မှ ဆောင်းပါးတခုခု အပေါ် (နှစ်သက်သည်ဖြစ်စေ၊မနှစ်သက်သည်ဖြစ်စေ၊ထိုသို့မဟုတ်ပဲ အလယ် အလတ်ဖြစ်စေ) ပြင်းပြသည့် တုန့်ပြန်ချက်တစ်ခုခုရှိခဲ့လျှင် ထိုတုန့်ပြန်ချက်ကို ပြန်လည်တင်ပြရန် ကျွန်ုပ်တို့မှ အားပေး တိုက်တွန်းပါသည်။ အမယ်စုံပါဝင်သည့် ပူးပေါင်း ပါဝင်တင်ပြချက်များကိုခွင့်ပြုခြင်း ဖြင့်မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့်အကြောင်းအရာမျိုးမျိုးကို ရှု့ထောင့်ပေါင်းစုံ မှ မျှဝေတင်ပြခြင်းကိုအားပေးရာရောက်မည်ဟုခိုင်ခိုင်မာမာ ယုံကြည်ပါသည်။

ဤနည်းလမ်းဖြင့် ချဉ်းကပ်ရာတွင် ကျွန်ုပ်တို့ဝက်ဘ်ဆိုက်ပေါ်တွင်ဖော်ပြထားသည့်အတိုင်း အယ်ဒီတာအဖွဲ့မှအဖွဲ့ဝင်များသဘောမတူသည့် အငြင်းပွားစရာ၊ သို့မဟုတ်လူကြိုက်နဲသည့်ရှု့ထောင့်မှရေးသားထားသောဆောင်းပါးများကိုပါထုတ်ဖော် တင်ပြရသည့်အခါမျိုးလည်းရှိပေလိမ့်မည်။ ကျွန်ုပ်တို့အယ်ဒီတာများမှလည်း လမ်းညွှန် မူဝါဒများကို အထူးဂရုပြု စဉ်းစား ပြီး၊ ဆဲရေးညစ်ညမ်း သော သို့မဟုတ်တစ်စုံတစ်ယောက် ကို စော်ကားသော ရေးသားမှုများ ကိုတင်ပြခြင်းမှ ရှောင်ကြဉ်နိုင် အောင်အထူးကြိုးစား ပါသော်လည်း ကျွန်ုပ်တို့တင်ပြသည့် စာပေများကို စာရှုသူပရိသတ် အချို့မှ မနှစ် သက်ခြင်းသို့မဟုတ်ကန့်ကွက်ခြင်းများ ရှိနိုင်သည်ကိုသိပါသည်။ ရေးသားတင်ပြချက်များကို ပို့စ်မတင်ပဲ ငြင်းဆန် နိုင်ခွင့်ကိုလည်းကျွန်ုပ်တို့ လက်ဝယ် ထိန်းသိမ်းထားပါသည်။

ယခုမူဝါဒကို ရှင်းပြပြီးနောက်၊ ဝက်ဘ်ဆိုက်ပေါ်တွင် ကျွန်ုပ်တို့၏ အကဲဖြတ်ခြင်းဆိုင်ရာစံများ နှင့် ၊ ထောင့်ပေါင်းစုံ မှ ရှု့မြင်ချက် ပါဝင်နေခြင်းကပင်လျှင် ငြင်းခုံစရာ၊ ဆွေးနွေးစရာ အလားအလာကောင်းများ ဖြစ်နေသည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်တို့တင်ထားသည့်ပို့စ်များကိုတုန့်ပြန်သော ဆက်လက်ရေးသားပေးပို့သည့်မည်သည့်စာမူလွှာများကို မဆို ကြိုဆိုလျက်၊ Tea Circle ၏သဘောထား ခံယူချက် ကို အရေးပါသည့် ထင်ဟတ်မှုမျိုးဖြင့်  အခြေပြု ရေးသားပေးပို့ချက်များကိုလည်း အလေးထား စဉ်းစားပါမည်။

မြန်မာဘာသာဖြင့်ရေးသားပေးပို့ခြင်း

လက်ရှိ လက်ရွေးစင် ပို့စ်များနှင့် နောက်ထပ်ပေးပို့သည့်ပို့စ်များ ကို  မြန်မာဘာသာပြန်ဆို ၍ ဝက်ဘ်ဆိုက်တွင် လက်ခံတင်ပြနိုင်ခြင်း အတွက် Tea Circle မှ ဝမ်းမြောက်မိပါသည်။ မြန်မာဘာသာပြန်ဆိုထားသော အကြောင်းအရာများကိုလောလောဆယ်တင်ဆက်နေသော်လည်း ယခုအချိန်တွင် မြန်မာဘာသာဖြင့်ရေးသားထားသည့် ဆောင်းပါးများလက်ခံရခြင်းမရှိသေးပါ။

လာမည့်လများအတွင်း အထူး မြန်မာဖိုရမ်တစ်ခု ကျင်းပရန်စီစဉ်နေပြီး ဆောင်းပါးများပေးပို့ပါရန် လူမှု့မီဒီယာနှင့်ဝက်ဘ်ဆိုက်တွင် ဖိတ်ခေါ်ကြေငြာသွားမည်ဖြစ်ပါသည်။ နောက်ဆုံးသတင်းများသိရှိရန်ကျေးဇူးပြု ၍ ပုံမှန်စစ်ဆေးပေးပါ။

အထက်ပါအကြောင်းအရာများနှင့်ပတ်သက် ၍ စုံစမ်းမေးမြန်းလိုပါက teacirclemyanmar@outlook.com သို့ ဆက်သွယ်နိုင်ပါသည်။

ရေးသားပေးပို့ချက် အမျိုးအစား

Tea Circle တွင် ပို့စ်အများစုမှာ စာလုံးရေ ၁၀၀၀ မှ ၂၀၀၀ အကြားရှိကြပြီး ထို့ထက်ပိုရှည်လျားသော သို့မဟုတ် ပိုတိုသော ရေးသားချက်များမှာ “မှတ်စု” (စာလုံးရေ ၅၀၀ မှ ၁၀၀၀ ကြား) သို့မဟုတ် “စာပန်းကုံး”(စာလုံးရေ ၂၀၀၀ကျော်)  ဖြစ်နိုင်ပါသည်။ စာမူပေးပို့သည့်အခါ၊ အောက်ပါအမျိုးအစားများအနက်မှ မည်သည့်အမျိုးအစားနှင့် သက်ဆိုင်သည်ကို အသိပေးပေးပါ။

  • နိုင်ငံရေး
  • မူဝါဒအနှစ်ချုပ်များ နှင့် သုတေသန အစီရင်ခံစာများ
  • အတွေးအမြင်
  • ပညာရေး
  • ကျန်းမာရေး
  • အနုပညာနှင့် စာပေ
  • တွေ့ဆုံမေးမြန်းမှုများ
  • ပေးစာများ/ပေးစာကဏ္ဍ

ပေးပို့ရန်အတွက် လမ်းညွှန်ချက်များ

Tea Circle သို့ပေးပို့သည့် စာမူ များ ကို format အနဲဆုံး word document ဖြင့် teacirclemyanmar@outlook.com သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။ ဆောင်းပါး/ စာမူတွင် စာရေးသူမှ မူပိုင်ခွင့်ရယူထားသော ရုပ်ပုံများ ၊ သို့မဟုတ် အသုံးပြုခွင့်ရှိသောရုပ်ပုံများနှင့်တကွ  မိမိ ကိုယ်ရေးအကျဉ်း နှင့် (စာလုံးရေ ၉ ၀ အောက်) ကလောင်အမည်ပါရမည်။

စာမူအတွက် ပေးလိုသော ခေါင်းစဉ်အမည်၊ ပေးပို့တင်ပြသည့် အကြောင်းအရာနှင့်ဆိုင်သော အဓိကစကားလုံးများလည်းပါရမည်။ ရုပ်ပုံဓါတ်ပုံများပေးပို့တင်ပြမည်ဆိုပါက word document  တွင်မထည့်ပါနှင့်။ ထိုသို့ထည့်မည့်အစား အရွယ်အစား အလျားအရှည်ဆုံးဘက်တွင် 1200 pixels ကို 72 dpi ဖြင့် သင်၏ ကနဦး အီးမေးလ်တွင်အရည်အသွေးမြင့် ပုံများ ပူးတွဲပို့ပေးပါ။

မည်သူမည်ဝါ အမည်မဖော်ပြသည့်ပို့စ်များ သို့မဟုတ် အခြားကလောင်အမည် (အမည်ဝှက်)သုံး ၍ဖော်ပြခြင်း

စစ်အာဏာသိမ်းမှု့ကြောင့် မြန်မာပြည်တွင်းမှာဖြစ်စေ ပြည်ပမှာဖြစ်စေ ကျွန်ုပ်တို့ကို စာမူများရေးသား ပေးပို့နေသူများ အတွက် လုံခြုံရေးသတိ ပိုမို တင်းကြပ်စေသည်။ မိမိတို့၏ စာမူဆောင်းပါးရှင် စာရေးသူများကို ကာကွယ်ရန်Tea Circle မှ မည်သူမည်ဝါ အမည်မဖော်ပြသည့်ပို့စ်များ သို့မဟုတ် အခြား ကလောင်အမည် နှင့် ပို့စ်များပေးပို့ရန် ကမ်းလှမ်း ထားပါ သည်။

မိမိ မည်သူဖြစ်သည်ကိုမသိစေရန် ကာကွယ်လိုပါက အောက်ဖော်ပြပါနည်းနှစ်မျိုး မှ တနည်း ဖြင့်ပေးပို့ တင်ပြနိုင်ပါသည်။

၁ ပရိုတွန်မေးလ်- မိမိ ပရိုတွန်မေးလ်အကောင့်မှ teacirclemyanmar@protonmail.me သို့အီးမေးလ်ပို့ရန် (မှတ်ချက်-ထိုနည်းသည် သင့်ဘက်မှလည်း Proton mail အကောင့်ကိုသုံးမှသာ အပြည့်အဝ လုံခြုံစိတ်ချ ရသည်။)

၂ VPN နှင့် Incognito mode – သည် Proton mail အကောင့် မဖွင့်နိုင်သည့် အခါ VPN နှင့် incognito mode (ရုပ်ဖျက်ထားသည့် မုဒ်) ကို သုံးပြီး Tea Circle နှင့်ဆက်သွယ်ရန် ကိစ္စအားလုံးတွင် သုံးရန်အကြံပြုပါသည်။

သင်၏ခွင့်ပြုချက်မရပဲ မည်သည့် ကိုယ်ရေးအချက်အလက် သို့မဟုတ် ဆက်သွယ်ရန် အချက်အလက်ကိုမှ မျှဝေမည်မဟုတ်ပါ။ ထပ်မံသိရှိလိုသည့်အချက်များရှိပါက ကျွန်ုပ်တို့ကို teacirclemyanmar@protonmail.meသို့မဟုတ် teacirclemyanmar@outlook.com သို့ဆက်သွယ် နိုင်ပါသည်။

ကိုးကားချက်၊ Hyperlink ၊ မှတ်ချက်များနှင့် အကောင်းဆုံး လုပ်ထုံးလုပ်နည်းများ

Hyperlinks များထည့်ခြင်းကိုအားပေးသော်လည်း ဘလော့ဂ် ပုံစံအထား အသိုအတွက် စာရေးသူများမှ ကိုးကားချက်များ နှင့် မှတ်ချက်များ ကိုကန့်သတ် ရန်တိုက်တွန်းပါသည်။ တိုက်ရိုက်ကိုးကားချက်များဖြစ်စေ သို့မဟုတ် အခြားတစ်ဦး၏ ဆွေးနွေးချက်ဖြစ်စေ၊  အခြားသူတစ်ဦးဦး ၏ရေးသားချက် ကို အတိအကျ ကိုးကားမည်ဆို ပါက စာရေးသူ၏ တာဝန် သာဖြစ်ပါသည်။ ဘလော့ဂ်ပို့စ် အတွက်ပင်ဖြစ်စေကာမူ မိမိကိုးကားချက်များတွင် သတိဖြင့် စေ့စပ်သေချာမှု့၊ဖောဖောသီသီ ကိုးကားချက်များပေးနိုင်မှုတို့က ကောင်းမွန်ပါသည်။ သံသယရှိလျှင်ကျွန်ုပ်တို့အယ်ဒီတာအဖွဲ့သို့ အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

ခိုးကူး ခြင်း နှင့် စာပေ ပညာသိက္ခာ

Tea Circle ကို ပေးပို့သော စာမူများကို အယ်ဒီတာနှစ်ဦးမှ စစ်ဆေးကြည့်ရှုပါသည်။ အခြားတစ်ဦး၏ ရေးသားထားချက်ကို တိုက်ရိုက်ကိုးကားသည်ဖြစ်စေ အခြားတစ်ဦး၏ဆွေးနွေးချက်ကို ယူသုံးသည့်ဖြစ်စေ ကိုးကားချက်ကိုအတိအကျတင်ပြရန်မှာသင်၏တာဝန်သာဖြစ်သည်။ ဘလော့ဂ် ပို့စ်များတွင်ပညာရပ်ဆိုင်ရာ ရေးသားချက်များ နှင့်နှိုင်းစာပါက တရားဝင်ကိုးကားချက်များ နဲပါးလေ့ရှိ သော်လည်း အခြားတစ်ဦးတစ်ယောက် ၏ရေးသားလုပ်ဆောင်မှု ကို ကိုးကားရာတွင် တိတိ ကျကျ လုံလောက်စွာကိုးကားရန် မျှော်လင့်ထားချက်မှာတူတူပင်ဖြစ်သည်။ ဘလော့ဂ်ပို့စ် အတွက်ပင်ဖြစ်စေကာမူ မိမိ ကိုးကားချက်များတွင် သတိဖြင့် စေ့စပ်သေချာမှု့၊ ကိုးကားချက် အမြောက်အများပေးနိုင်မှုတို့က ကောင်းမွန်ပါသည်။ သံသယရှိလျှင် ကျွန်ုပ်တို့အယ်ဒီတာအဖွဲ့သို့ အချိန်မရွေးဆက်သွယ်နိုင်ပါသည်။

အကယ်၍ Tea Circle တွင် တင်ပြခဲ့သော ဆောင်းပါးသည် အခြားတခုမှ ခိုးယူထားသည်ဟု သံသယ ရှိပါက ကျွန်ုပ်တို့ကို teacirclemyanmar@outlook.com တွင်ဆက်သွယ်နိုင်ပါသည်။ ထိုပြစ်ချက်နှင့် ပတ်သက်ပြီး ပို့စ်အားချက်ခြင်းပြန်လည်သုံးသပ် ခြင်း၊ အချိန်မှီ ဆုံးဖြတ်ချက်ချနိုင်ရန်နှင့် လိုအပ်လျှင် ဆောင်းပါးကိုယာယီ ဖြုတ်ထားရန်၊ ချက်ခြင်းတွေ့ဆုံ မေးမြန်းရန်ကတိ ပြုပါသည်။

ဖြစ်နိုင်ချေရှိသောတုန့်ပြန်ခြင်းများမှာ စာရေးသူကို ပို့စ်အားချက်ခြင်းပြန်လည်ပြင်ဆင် ခိုင်းခြင်း၊ပို့စ်ကိုလုံးဝအပြီးဖယ်ရှားလိုက်ခြင်း၊သို့မဟုတ် ကျူးလွန်သည့်ပြစ်မှု အတိမ်အနက် ပေါ်မူတည်ပြီး အခြားအရေးယူဆောင်ရွက်ခြင်းများပါဝင်သည်။ ကျွန်ုပ်တို့မူဝါဒ ကိုဖောက်ဖျက်ကျူးလွန်သောမည်သည့် ပို့စ်ကိုမဆိုဖြုတ်ချပိုင်ခွင့်ရှိသည်။ Tea Circle သည် နောက်ဆုံး အတည်ပြု ဆုံးဖြတ်ပြီး ထုတ်ဝေသည့်ဆောင်းပါးများ အပေါ်  အယ်ဒီတာတို့၏လွတ်လတ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိပြီးထိုပို့စ် တစ်ခုကိုဆက်ပြီးလက်ခံတင်ပြရန်လည်း ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

ခိုးကူးခြင်းနှင့် ပတ်သက်ပြီး  ကျွန်ပ် တို့သည် စာပေ ပညာသိက္ခာမြင့်မားမှုကို လိုက်နာ သကဲ့သို့ Tea Circle သည် အငယ် တန်းပညာရှင်များနှင့် ဂျာနယ်စံနှုန်း သို့မဟုတ် စာပေ စံနှုန်းများ နှင့်ရင်းနှီးကျွမ်းဝင်မှုမရှိသည့် စာပေရေးသားပေးပို့ သူများ ထံမှ စာမူများ ပေးပို့ရန် ဖိတ်ခေါ် အားပေးသည့်ဘလော့ဂ်ဖြစ်ကြောင်း အသိအမှတ်ပြုပါသည်။ မြန်မာ အပေါ်အထူး အာရုံစိုက် ထင်မြင်ချက်ပေးကြသော မတူကွဲပြားသည့် အသိုက်အဝန်းပေါင်းစုံကိုဖွဲ့စည်းသည့်အခါကျွန်ပ်တို့၏ ချဉ်းကပ်မှု့ နည်းမှာ ပြစ်ဒဏ်ခတ်ခြင်းထက် သင်ကြားပြသရာ၊ ကုစားရာရောက်ပါသည်။ ဆိုလိုသည်မှာ ကျူးလွန်သည့်အပြစ် သဘော သဘာဝ ပေါ်မူတည်လျက် စာရေးသူကို သူ၏အမှားကိုနားလည်အောင်ဆောင်ရွက် ပေးသည့်နည်းလမ်းကို ရွေးချယ်မှာ ဖြစ်ပြီး အများတကာမှ ကဲ့ရဲ့ ရှုံ့ချသည်ထက်ပို့စ်ကို ပြန်လည်သုံးသပ်ပြင်ဆင် ရန်ပူးပေါင်းကူညီပေးမှာဖြစ်ပါသည်။

စာမူတင်သွင်းသည့်စနစ်

အယ်ဒီတာအဖွဲ့၏ စိစစ်မှုခံယူရန်အတွက် အောက်ဖော်ပြပါ ကျွန်ုပ်တို့၏ လုံခြုံသော ဒစ်ဂျစ်တယ် စာမူတင်သွင်းသည့်စနစ်ကို အသုံးပြုရပါမည်။ ဖောင်ကို မဖြည့်စွက်မီ အောက်ပါအချက်အလက်များ အဆင်သင့်ရှိစေရန် သေချာစေပါ –

  • စာကြောင်း (၃) ကြောင်းပါဝင်သည့် မိမိ၏ အတ္ထုပ္ပတ္တိ
  • စာလုံးရေ (၉၀) ဝင်ဆန့်သည့် ပင်မစာမျက်နှာအတွက် ဆောင်ပုဒ် (Tagline)
  • ရှင်းလင်းသော Keyword များ

နောက်ဆက်တွဲ မီဒီယာများကို တင်သွင်းလိုပါက Word ဖိုင်အတွင်း၌ ရုပ်ပုံများကို ထည့်သွင်းခြင်း (Embed) မပြုလုပ်ပါနှင့်။ ဖောင်စနစ်မှတစ်ဆင့် အရည်အသွေးမြင့် ရုပ်ပုံဖိုင်များ (.jpg သို့မဟုတ် .png) အဖြစ် သီးခြားခွဲ၍ တင်ပေးပါ။

Submissions Form